Share on Facebook

အခြားသူတွေကို မမြင်စေချင်တဲ့ ဓာတ်ပုံတွေကို iOS 10 တင်ထားတဲ့ iPhone/pad တွေမှာ ဖွက်ထားနိုင်ပါပြီ။ နည်းအဆင့်ဆင့်ကတော့

(၁) Photos ထဲကိုဝင်ပါ။

(၂) သင်ဖွက်ချင်တဲ့ပုံတွေကို Select လုပ်ပါ။

Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play

(၃) Share Button ကိုနှိပ်ပါ။

(၄) ပေါ်လာတဲ့ Button များထဲမှ Hide ကိုရွေးချယ်ပါ။

(၅) သင်ရွေးချယ်ထားတဲ့ ပုံများဟာ Hide ဖြစ်သွားပြီဖြစ်ပါတယ်။

ထိုပုံများဟာ Hidden ခေါင်းစဉ်ဖြင့် Albums များထဲကိုရောက်သွားမှာဖြစ်ပါတယ်။

ဖွက်ထားတဲ့ပုံတွေ ပြန်ယူမယ်ဆိုရင်တော့

(၁) Photos ကိုဝင်ပါ။

(၂) Albums ကိုနှိပ်ပါ။

(၃) Hidden ဆိုသည့် Album ကိုရွေးချယ်ပါ။

(၄) ညာဖက်ထောင့်မှ Select ကိုနှိပ်ပါ။

(၅) သင်ပြန်ယူချင်တဲ့ ပုံများကိုရွေးချယ်ပြီး Share ကိုနှိပ်ပါ။

(၆) ပေါ်လာတဲ့ Button များထဲမှ Unhide ကိုရွေးချယ်ပါ။

 

Thet Myat Noe Wei (Myanmar Mobile App)

Share on Facebook