Share on Facebook

နောက်ဆုံးထွက်ရှိထားတဲ့ iOS 10 ကို သင့် iPhone မှာတင်ထားတယ်ဆိုရင်တော့ ဖုန်းကို မှန်ဘီလူးတစ်ခုလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မျက်လုံးနဲ့ကြည့်ဖို့သေးငယ်လွန်းတဲ့ အရာတွေကို မှန်ဘီလူးနဲ့ကောင်းကောင်းတွေ့မြင်ဖို့ အသုံးပြုနိုင်ပါတယ်။ ထိုမှန်ဘီလူးအဖြစ်အသုံးပြုနိုင်ဖို့ လုပ်ဆောင်ရမှာက အရမ်းကိုလွယ်ကူပါတယ်။ လုပ်ဆောင်ရမည့် နည်းအဆင့်ဆင့်ကတော့

(၁) Settings app ကိုဝင်ပြီး General → Accessibility → Magnifier အဆင့်ဆင့်ဝင်ပါ။

(၂) Magnifier ထဲသို့ရောက်ပါက Toggle ကို On ပါ။

မှန်ဘီလူးကို အသုံးပြုမယ်ဆိုလျှင်တော့ Auto-Brightness ကိုပါ On ထားစေချင်ပါတယ်။ သို့မှသာ မှန်ဘီလူးကို အသုံးပြုလျှင်အလင်းကောင်းကောင်းရရှိမှာဖြစ်ပါတယ်။

မှန်ဘီလူးကိုဘယ်လိုသုံးမလဲဆိုတာဖော်ပြပေးပါမယ်။ သင့်ဖုန်း၏ Home Button ကို (၃) ချက်နှိပ်လိုက်လျှင် မှန်ဘီလူးကိုသုံးမှာလား၊ အမြင်ချဲ့မည့် Zoom ကိုသုံးမှာလားဆိုသည့် pop-up လေးပေါ်လာမှာဖြစ်ပါတယ်။ Magnifier ကိုရွေးချယ်ပါက မှန်ဘီလူးကို စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

သူဟာ ရုတ်တရက်ကြည့်လိုက်လျှင်တော့ ကင်မရာထဲကိုရောက်သွားတယ်လို့ ထင်ရပါတယ်။ သို့သော် မတူညီဘဲ ကွဲပြားခြားနားတာမြင်တွေ့နိုင်ပါတယ်။

မှန်ဘီလူးဟာ Zoom ဆွဲကြည့်ရှုနိုင်မည့် Slider Bar လည်းပါဝင်ပြီး သင်ကြည့်ချင်တဲ့အပိုင်းကို ကြည်ကြည်လင်လင်အသေးစိတ်ဖော်ပြနိုင်မှာလည်းဖြစ်ပါတယ်။

Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play

ညာဖက်ထောင့်မှာဆိုရင်လည်း သင်လိုချင်တဲ့အရောင်အသွေးကို ချိန်ညှိနိုင်မည့် filter လည်းပါဝင်ပါတယ်။

သင်ကြည့်ချင်တဲ့အရောင်ပေါ်မူတည်ပြီး အောက်ပါအမျိုးအစားများအတိုင်းရွေးချယ်နိုင်ပါတယ်။

* None
* White/Blue
* Yellow/Blue
* Grayscale
* Yellow/Black
* Red/Black

Exposure နှင့် saturation တို့ကိုလည်း သင့်စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ Button များပါဝင်ပါတယ်။ စမ်းသပ်ကြည့်ကြပါဦး ။ အားလုံးပဲအဆင်ပြေကြပါစေ။

Thet Myat Noe Wei (Myanmar Mobile App)

Share on Facebook