Share on Facebook
ဇူလိုင်လ ၁၇ ရက်နေ့ (၁၇.၇.၂၀၁၇) တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။

လွန်ခဲ့တဲ့ ၁၀ နှစ် ဇန်နဝါရီလ ၉ ရက်နေ့ ဆန်ဖရန်စစ္စကိုမြို့မှာကျင်းပခဲ့တဲ့ Macworld ပွဲမှာ Steve Jobs က ပထမဦးဆုံးသော iPhone ကို မိတ်ဆက်ခဲ့ပြီး ဒီနေ့ဟာတော့ iPhone ထုတ်လုပ်တာ ၁၀ နှစ်ပြည့်သွားတဲ့အထိမ်းအမှတ်နေ့ပါပဲ။ Apple ရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ တကယ်ကိုအမှတ်အရဆုံးနေ့တစ်နေ့ဆိုရင်လည်း မမှားပါဘူး။ Jobs ဟာ မျက်နှာပြင်ကျယ် touch screen iPod ၊ မိုဘိုင်းလ်ဖုန်းတစ်လုံး၊ အင်တာနက်သုံးလို့ရတဲ့ပစ္စည်းတစ်ခု ဒီလုပ်ဆောင်ချက်မတူတဲ့ ပစ္စည်းသုံးမျိုးကိုပေါင်းစပ်ပြီး တစ်ခုတည်းမှာတင်သုံးလို့ရမယ့် iPhone ဆိုတဲ့ ဖုန်းတစ်လုံးကိုမိတ်ဆက်ခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။

Apple ဟာ iPhone ကို မိတ်ဆက်ပြီးခြောက်လအကြာမှာ စတင်ရောင်းချခဲ့ပြီး ဆယ်စုနှစ်တစ်ခုနီးနီးကြာပြီးတဲ့အခါမှာတော့ iPhone အလုံးရေပေါင်း ၁ဘီလီယံကျော်ကို တစ်ကမ္ဘာလုံးက customer တွေဆီကို ရောင်းချနိုင်ခဲ့ပါပြီ။ iPhone ရောင်းအားဟာ ၂၀၁၆ မတိုင်ခင်ထိ နှစ်စဉ်မြင့်တက်နေခဲ့ပေမယ့် နောက်မှာတော့ ရောင်းအားတွေကျလာခဲ့ပြီး Apple ရဲ့ အကျနှစ်ကိုရောက်လာခဲ့ပါတယ်။ ဘယ်လိုပဲနေနေ နောက်ဆုံးကွာတားမှာ ဝင်ငွေအားလုံးရဲ့ ၆၀% ဟာ iPhone ကနေရခဲ့တာဖြစ်ပြီး Apple ရဲ့အအောင်မြင်ဆုံးပစ္စည်းတစ်ခုအဖြစ်လည်း ဆက်လက်ရပ်တည်နေပါတယ်။

iPhone ဟာ ဝယ်ယူအားပေးသူတွေအတွက် အရေးပါတဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပြီးတော့ အခုခေတ်မှာဆိုရင် ဆက်သွယ်ဖို့ အပန်းဖြေဖို့ အလုပ်လုပ်ဖို့နဲ့ အသက်ရှင်နေထိုင်ဖို့လို့ဆိုရလောက်အောင်ကို အရေးပါလာခဲ့ပြီဖြစ်ပါတယ်။ iPhone ဟာ ပထမဆုံးဆယ်စုနှစ်အတွင်းမှာတင် စံတင်ရလောက်တဲ့ မိုဘိုင်း computing ကို လုပ်ဆောင်နိုင်ခဲ့ပြီး ဒါဟာ အခုမှအစပဲရှိပါသေးတယ်။ အကောင်းဆုံးဆိုတာတွေ လာဖို့ရှိနေပါသေးတယ်လို့ Apple ရဲ့ စီအီးအို Tim Cook က ပြောကြားခဲ့ပါတယ်။

မိုဘိုင်းလောကကိုစောစောဝင်ရောက်ခဲ့ပြီး အခုဈေးကွက်မှာပျောက်ကွယ်သွားတဲ့ ကုမ္ပဏီ၂ခုဖြစ်တဲ့ Nokia နဲ့ BlackBerry တို့က လွှမ်းမိုးခဲ့တာကြောင့် Apple ရဲ့ မိုဘိုင်းလုပ်ငန်းဟာ အစွန်းမှာပဲရောက်နေခဲ့ပါတယ်။ အဲဒီကုမ္ပဏီတွေရဲ့ဖုန်းတွေဟာ keyboard တွေနဲ့ပဲဖြစ်နေသေးတာကြောင့် hardware ပိုင်းမှာလည်း ဒိတ်အောက်နေပြီး သုံးရတာလည်းမလွယ်ကူသလို ကိုင်ရတာလည်းစမတ်မကျဘူးလို့ Jobs က ဟာသအနေနဲ့ပြောခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ ဥပမာ touch screen လိုမျိုး feature အသစ်တွေနဲ့ဖုန်းတစ်လုံးကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ Apple ဟာ တစ်နှစ်ပြီးတစ်နှစ် feature အသစ်တွေကို ထပ်ထပ်ထည့်ရင်းနဲ့ iPhone ကို အဆင့်မြင့်အောင် လုပ်ဆောင်ခဲ့ပါတယ်။

*၂၀၀၈ခုနှစ်။ ။App Store နဲ့ 3G network ပေးနိုင်
*၂၀၀၉ခုနှစ်။ ။ ဗီဒီယို record လုပ်နိုင်ပြီး Personal Hotspot သုံးနိုင်
*၂၀၁၀ခုနှစ်။ ။ Retina Display
*၂၀၁၁ခုနှစ်။ ။Siri and iCloud
*၂၀၁၂ခုနှစ်။ ။ ၄လက်မ screen, lightning connector and LTE
*၂၀၁၃ခုနှစ်။ ။Touch ID
*၂၀၁၄ခုနှစ်။ ။၎.၇ လက်မ screen နှင့် ၅.၅လက်မ screen ထွက်ရှိ
*၂၀၁၅ခုနှစ်။ ။3D Touch, Live Photos နှင့် 4K video recording
*၂၀၁၆ခုနှစ်။ ။iPhone 7 Plus တွင် ရေစိုခံနိုင်ပြီး dual-lens ကင်မရာဖြစ်လာ

အံ့သြစရာကောင်းတာတစ်ခုကတော့ ပထမဆုံးထုတ်လုပ်လိုက်တဲ့ iPhone ကစလို့ အခုနောက်ဆုံး iPhone 7 Plus ထိထွက်ခဲ့တဲ့တစ်လျှောက်မှာ တခြားသော စမတ်ဖုန်းတွေထက်ကို ပိုကောင်းတဲ့အကောင်းဆုံးအဖြစ် လက်ခံထားကြပါတယ်။ ကျွန်တော်တို့အများစုအတွက်တော့ iPhone ဟာ ဘဝရဲ့အရေးပါတဲ့ပစ္စည်းတစ်ခုဖြစ်ပြီး တော်တော်လည်းသဘောကျပါတယ်လို့ Apple ရဲ့ ကမ္ဘာဈေးကွက် ဒုဥက္ကဌဖြစ်တဲ့ Philip Schiller ကပြောကြားသွားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ဟာ iPhone အတွက် အကြီးမားဆုံးနှစ်တစ်နှစ်ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ နောက်ထွက်မယ့် မော်ဒယ်လ်ထဲမှာမှ အနည်းဆုံးတစ်ခုကတော့ ဖန်ကိုယ်ထည်အပြည့်ဖြစ်ပြီး မျက်နှာပြင်ခုံး OLED display ဖြစ်မယ်လို့ သတင်းတွေကလည်း ခန့်မှန်းထားကြပါတယ်။ ဖုန်းအသစ်ဟာ ဘေးဘောင်အကွပ်တွေမပါဝင်တော့ဘဲ မျက်နှာပြင်တစ်ခုလုံး display ဒီဇိုင်းဖြစ်ပြီး home button လဲ မပါဝင်နိုင်လောက်ပါဘူး။ ဒါပေမယ့် Touch ID ကို display အောက်မှာတိုက်ရိုက်မြုပ်ထားမှာဖြစ်တယ်လို့ပြောကြတာကတော့ Apple တင်ခဲ့တဲ့ မူပိုင်ခွင့်ကြောင့်ရယ်နဲ့ နည်းပညာပိုင်းအားဖြင့်လည်း ဖြစ်နိုင်ချေရှိတာကြောင့်ပဲဖြစ်ပါတယ်။ တခြားထွက်ထားတဲ့သတင်းကတော့ နောက်ထွက်မယ့် ဖုန်းဟာ ကြိုးမဲ့အားသွင်းစနစ်ဖြစ်ပြီး မျက်နှာ ဒါမှမဟုတ် မျက်လုံး iris recognition ဖြစ်နိုင်တဲ့အပြင် 3D effect နဲ့ ဓာတ်ပုံရိုက်နိုင်တဲ့ ဒေါင်လိုက်ပုံစံ dual-lens ကင်မရာဖြစ်မယ်လို့လည်း သတင်းတွေထွက်ထားပါသေးတယ်။
Nwe Oo Thant (MMAS)

Share on Facebook