Share on Facebook

တကယ့်ထိပ်တန်းကုမ္ပဏီကြီးတွေဖန်တီးခဲ့သလို Nokia ကလည်း လတ်တလောရေပန်းစားနေတဲ့ digital assistant ကိုဖန်တီးဖို့လုပ်ဆောင်နေပါတယ်။ ဒီနေ့ Nokia ဟာ ဥရောပမှာ “Viki” ဆိုတဲ့အမည်ကို ကုန်ပစ္စည်းအမှတ်တံဆိပ်နာမည်တင်သွင်းဖို့လုပ်ဆောင်ခဲပါတယ်။ ဒီနာမည်ကို မိုဘိုင်းလ်နဲ့ web ကို အခြေခံထားပြီး အသံသုံးပြီးတော့ အပြန်အလှန်လုပ်ဆောင်နိုင်တဲ့ interface မှာ ဒီဂျစ်တယ်အသိပညာတွေနဲ့ ဒေတာတွေကို စုစည်းပေါင်းစပ်ထားမယ့် assistant တစ်ခုအတွက်သုံးမယ်လို့ သိရပါတယ်။

Nokia ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကတော့ နာမည်တင်သွင်းဖို့ကိစ္စလုပ်နေတာတော့မှန်ပေမယ့် ဒီနာမည်ကို Nokia ရဲ့ ပစ္စည်းတွေဒါမှမဟုတ် ဝန်ဆောင်မှုတွေအတွက်လားဆိုတာနဲ့ ဘယ်အချိန်ဘယ်လိုသုံးမလဲဆိုတာကို မသိရသေးကြောင်း Engadget ရဲ့ အမေးကိုဖြေကြားသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း Nokia ကသာ ဒီဂျစ်တယ်သိဥာဏ်တုတစ်ခုကိုဖန်တီးနေတာမှန်ခဲ့ရင် Apple ရဲ့ Siri , Amazon ရဲ့ Alexa , Microsoft ရဲ့ Cortana နဲ့ မကြာသေးခင်ကထွက်ရှိခဲ့တဲ့ Google Assistant အပါအဝင် တခြားသောထွက်ရှိပြီးသား AI တွေနဲ့ ပေါင်းစပ်မှာဖြစ်ပါတယ်။

Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play

ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်လောက်ကလည်း Nokia brand ရဲ့ ပထမဦးဆုံး Android အခြေခံစမတ်ဖုန်းဖြစ်တဲ့ Nokia 6 ကို ၂၀၁၇ အစောပိုင်းလောက်မှာ တရုတ်နိုင်ငံမှာထွက်ရှိမယ်လို့ HMD Global က ဖော်ပြခဲ့ပါတယ်။ Nokia ရဲ့ AI assistant ပဲဖြစ်ဖြစ် တခြားသော မိုဘိုင်းလ်ဆော့ဖ်ဝဲတွေပဲဖြစ်ဖြစ်ထုတ်ဖို့ Nokia က HMD နဲ့ brand သဘောတူညီမှုယူထားရင်တော့ တခြားပြောစရာသိပ်မရှိပါဘူး။ နောက်တစ်ခုက “Viki” ဟာ စမတ်ဖုန်းဒါမှမဟုတ် tablet တွေမှာ ပါဝင်လာနိုင်တယ်ဆိုတာပါပဲ။
Nwe Oo Thant (MMAS)

Share on Facebook