Share on Facebook
ဇူလိုင်လ ၁၇ ရက်နေ့ (၁၇.၇.၂၀၁၇) တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။

သင်က ကျွန်တော်နဲ့သာတူမယ်ဆိုရင်တော့ system cleaner apps အတော်များများကို ဖုန်းထဲမှာ install လုပ်ထားပါလိမ့်မယ်။ တချို့ကိုတော့ သင်မကြာခဏသုံးဖြစ်ပြီး အတော်များများကိုတော့ မသုံးဖြစ်လောက်ပါဘူး။ ဒါပေမယ့်လည်း သုံးနေတဲ့အချိန်မှာလည်း ရှင်းပေးတာကနည်းနည်း ကြော်ငြာတွေကို ကျော်နေရတာကများများ ဖြစ်တတ်ပါတယ်။ အများစုက အဲဒါပါပဲ။ ကျွန်တော့အမြင်ပြောရမယ်ဆိုရင်တော့ ကြော်ငြာသက်သက်သာ ဖြစ်ပါတယ်။
နည်းနည်းလောက်ကြာလာရင်တော့ သုံးစွဲသူအတွက် ဘာမှအကျိုးမရှိတာကို သိလာရပါတယ်။ တကယ်တော့ ကျွန်တော်တို့ကို အသုံးချပြီး သူတို့က ငွေရှာနေကြတာပါ။ ဒါပေမယ့်လည်း တကယ့်ကို အကျိုးရှိစေတဲ့ app တွေလည်း ရှိပါတယ်။ ပြီးတော့ ကြော်ငြာတွေလည်း မရှိသလောက်ဖြစ်တဲ့အတွက် ခေါင်းကိုက်စရာမလိုတော့ပါဘူး။
တွေ့လေ့ရှိတဲ့ features တွေကို ပြောရမယ်ဆိုရင်တော့
၁။ Cools the CPU: ပါဝါအရမ်းစားတဲ့ app တွေကို ပိတ်ပေးတဲ့အတွက် ဖုန်းနှေးခြင်းနဲ့ အပူလွန်ကဲခြင်းတွေကို ကာကွယ်နိုင်ပါတယ်။
၂။ Frees up RAM: တွေ့ရအများဆုံးနဲ့ အသုံးဝင်ဆုံးလို့ ဆိုရပါမယ်။ RAM ပေါ်က recent app တွေကို ရှင်းပေးတဲ့အတွက် ရနိုင်တဲ့ RAM ပမာဏကို မြင့်လာစေပါတယ်။
၃။ system cache နဲ့ အခြားအသုံးမ၀င်တဲ့ဖိုင်တွေကို ရှင်းပေးခြင်းကြောင့် space တွေ များလာစေပါတယ်။ ဒါကြောင့် ဖုန်းရဲ့ ရရှိနိုင်တဲ့ space ကို များပြားလာစေပါတယ်။
၎။ viruses နဲ့ malware တွေကို စစ်ဆေးပေးခြင်း။ system cleaner apps အားလုံးဟာ မတူညီကြပါဘူး။ ဒီတစ်ခုကိုတော့ အကုန်လုံးမှာ လုပ်ပေးချင်မှ လုပ်ပေးနိုင်ပါလိမ့်မယ်။ မှန်မှန်ကန်ကန်လုပ်ပေးတယ်ဆိုတာလည်း အတော့ကိုရှားပါတယ်။ Android ဆိုတာကလည်း virus နဲ့ ပတ်သတ်လို့ ခေါင်းကိုက်စရာသိပ်မလိုဘူးဆိုတော့။ လုပ်ပေးတယ်ဆိုရင်လည်း နည်းနည်းလောက်သာစစ်ပေးတဲ့အတွက် စိတ်မချရပါဘူး။
၅။ app တွေအကြား မျှသုံးနေတဲ့ bandwidth တွေကို ရှင်းပေးခြင်း။ ဒါဟာ အင်တာနက်လိုင်းကို မြန်ဆန်လာစေပါတယ်။ ၀က်ဘ်ပေ့ခ်ျတွေဖွင့်ရင်လည်း ပိုမိုမြန်ဆန်လာစေပါတယ်။
Android အတွက် System Cleaner Apps တွေက တကယ်ရော အလုပ်လုပ်ပေးရဲ့လားဆိုတဲ့ မေးခွန်းကိုဖြေရမယ်ဆိုရင်တော့ သင့်ဖုန်းကဘာလိုသလဲဆိုတာရယ်၊ app အပေါ်ရယ်မူတည်ပြီးတော့ ဖြေရမှာပါ။ ကျွန်တော့အကြိုက် app တွေဆိုရင်တော့ ram ၊ cache ၊ battery နဲ့ processor တွေကို ရှင်းပေးနိုင်ပါတယ်။ သူဟာ 1MB သာ နေရာယူပြီး လုပ်ဆောင်ချက်ကတော့ မြင့်မားပါတယ်။

Assistant for Android – 1MB

နောက်တစ်ခုကတော့ ES File Explorer. ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ES Task Manager ဖြစ်ပါတယ်။ သူတို့နှစ်ခုပေါင်းလိုက်ခြင်းအားဖြင့် ဖိုင်တွေကို ကြည့်နိုင်မယ်၊ cache ကိုရှင်းမယ်၊ ပြီးတော့ နေရာကိုအများဆုံးယူထားတာက ဘယ်သူတွေပါဆိုပြီးတော့ ပြပေးပါတယ်။

ES Task Manager (Task Killer )
Comodo ကတော့ လုံခြုံရေးအတွက် စိတ်ချရပါတယ်။ သူဟာ အသိများတဲ့ virus တွေကို ဖယ်ရှားပေးပါတယ်။
pop-up တွေ banner ads တွေကနေ ရှောင်ချင်တယ်ဆိုရင်တော့ Malwarebytes က အသင့်တော်ဆုံးပါ။

Comodo Mobile Security

သူဟာ ဘယ် app ကတော့ အမှိုက်ပုံးထဲကို ရောက်သင့်သလဲဆိုတာကို ပြပေးပါတယ်။

Malwarebytes Anti-Malware
မှတ်ထားရမှာကတော့ အဲဒီ app တွေဟာ သင့်ဖုန်းမှုာ ရှင်းလင်းရေးလုပ်ချင်တယ်ဆိုရင် ကောင်းပါတယ်။ သင်မျှော်လင့်ထားသလောက် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့။
Aung Phyo Oo (Myanmar Mobile App)

Share on Facebook