Share on Facebook

Apple က ဒီနှစ်မှာ iPhone 8 ကို ကြေညာတုန်းက ကျွန်တော်တို့ဟာ ဒီဇိုင်းပိုင်းနဲ့ ပတ်သတ်ပြီး ကြည့်ရတာ ရင်းနှီးနေတယ်လို့ ထင်မိကြပါတယ်။ Apple  ဟာ iPhone 8 မှာ stainless steel ဖရိန်တွေပြုလုပ်နိုင်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ DigiTimes  က အင်္ဂါနေ့တုန်းက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် Apple  နဲ့ အခြားလုပ်ငန်းတွေကပါ သုံးနေတဲ့ အလူမီနီယံကိုယ်ထည်ဒီဇိုင်းကနေ ခွဲထွက်သွားတာဖြစ်ပါတယ်။

Apple  ဟာ အဲဒီ stainless steel ကို glass panels နှစ်ခုအကြားမှာ ညှပ်ဖို့ စီစဉ်နေတယ်လို့ DigiTimes က ဆိုပါတယ်။ ဒါဟာ ကျွန်တော်တို့မြင်ခဲ့ဖူးတဲ့ iPhone 4 နဲ့ ဆင်တူပါတယ်။ သူ့မှာတုန်းကလည်း stainless steel ကို အသုံးပြုထားပြီး အရှေ့နဲ့အနောက်မှာ glass ပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ Apple ဟာ ပိုမိုကြံ့ခိုင်တဲ့ panel တွေကို လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play

“လက်ရှိကိုယ်ထည်ဒီဇိုင်းထက် ယခုဒီဇိုင်းဟာဆိုရင် ကုန်ကျစရိတ် ၃၀-၅၀ရာခိုင်နှုန်း သက်သာပါတယ်၊ ပြီးတော့ ထုတ်ကုန်အရည်အသွေးကိုလည်း ထိန်ထားနိုင်ပါတယ်” လို့ DigiTimes ကို သတင်းပေးသူတစ်ယောက်က ပြောပြခဲ့ပါတယ်။ iPhone 8 ထုတ်လုပ်မှုအတွက် Wistron ဟာ Pegatron ၊ Foxconn တို့နဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။

iPhone 8 မှာ ဒီဇိုင်းအသစ်ကို လိုလားနေကြတယ်

အစောပိုင်းကောလဟာလတွေအရ Apple ဟာ လက်ရှိဒီဇိုင်းဖြစ်တဲ့ iPhone 6 ကတည်းက သုံးလာတဲ့ ဒီဇိုင်းကို ပြောင်းမယ်လို့ ကြားနေရပါတယ်။ glass design ဟာလည်း Apple ကို အလူမီနီယမ်နဲ့တုန်းက အဆင်မပြေခဲ့တဲ့ ကြိုးမဲ့အားသွင်းစနစ်ကို တပ်ဆင်စေနိုင်မှာပါ။ စက်တင်ဘာကို ရောက်လာရင်တော့ ထပ်ပြီးသိရဦးမှာပါ။

Aung Phyo Oo (Myanmar Mobile App)

Share on Facebook