Share on Facebook
ဇူလိုင်လ ၁၇ ရက်နေ့ (၁၇.၇.၂၀၁၇) တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။

New York Times ရဲ့ Confirm or Deny အင်တာဗျူးမှာ နည်းပညာပိုင်းရင်းနှီးမြုပ်နှံတဲ့ ဘီလျံနာတစ်ယောက်ဖြစ်သူ Peter Thiel မှ Apple ရဲ့ ခေတ်ကုန်သွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

Apple ရဲ့ ခေတ်ကုန်သွားပြီလားဆိုတဲ့မေးခွန်းကို Thiel က အတည်ပြုကြောင်းဖြေကြားခဲ့ပါတယ်။ စမတ်ဖုန်းတစ်လုံးဟာ ဘာနဲတူတယ် ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်။ Apple ရဲ့နယ်ပယ်မှာ ဆန်းသစ်တီထွင်မှုတွေထပ်မရှိလာနိုင်တော့ပေမယ့် ဒါဟာလည်း Tim Cook ရဲ့ အမှားမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

Thiel ကတော့ Apple ဟာ နောက်ထပ်တခြားဆန်းသစ်တဲ့ပစ္စည်းတစ်မျိုးမထုတ်လုပ်လာနိုင်တော့ကြောင်း သုံးသပ်ခဲ့ပါတယ်။မကြာသေးခင်က Backchannel SVP Phil Schiller နဲ့ အင်တာဗျူးပြုလုပ်တုန်းကလည်း လူတွေဟာ iPhone ဘက်ကို လှည့်ကြည့်ဖို့ မျှော်လင့်မိကြောင်း ပြောခဲ့ပါတယ်။

လူတွေက Apple က ဘယ်လောက်လုပ်လာတယ်ဆိုတာကို နားမလည်ကြကြောင်း၊ တခြားသောအရာတွေကို လှည့်လည်ရှာဖွေနေတာကြောင့် တကယ်ရှိသင့်တဲ့အရာတွေနဲ့ လွဲချော်နေကြကြောင်းဆိုခဲ့ပါတယ်။ ဒီနေရာမှာ လူတိုင်းကတော့ ကိုယ့်အတွေးနဲ့ကိုယ်ရှိကြမှာဖြစ်ပေမယ့် ကျွန်တော်တို့ဟာ ဂိမ်းတစ်ခုရဲ့ ပထမဆုံးအပိုင်းက ပထမဆုံးမိနစ်မှာပဲရှိနေသေးတယ်ဆိုတာကို နားလည်ရမှာပါ။ ကျွန်တော့်အနေနဲ့ကတော့ Apple ဟာ အရင်ကလည်း ဆန်းသစ်တီထွင်မှုတွေကို နှစ်ပေါင်းများစွာလုပ်ဆောင်ခဲ့တာကြောင့် အခုထွက်လာမယ့် ပစ္စည်းလေးဟာလည်း အရမ်းကိုကောင်းမယ်ထင်ပါတယ်လို့ Phil Schiller ကပြောကြားခဲ့ပါတယ်။

ဒါဆိုရင် Apple ရဲ့နောက်ဆုံးထွက်မယ့် အကောင်းဆုံးဆိုတဲ့ပစ္စည်းလေးဟာ iPhone လို့ထင်ပါသလား? Apple ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဒီနှစ်အကုန်မှာ ပစ္စည်းအသစ်တစ်ခုထွက်မယ်လို့ သတင်းထွက်လာပေမယ့် Apple ရဲ့ ရောင်းအားတွေက ကျနေဆဲပါပဲ။ ဒီလိုမျိုးဆို Apple ကို ဖျက်သိမ်းရမှာလား ဒါမှမဟုတ် တခြား လုပ်ငန်းအသစ်တစ်ခုထောင်ရမှာလား?
Nwe Oo Thant (MMAS)

Share on Facebook