Share on Facebook

5G wireless standard ဟာ ဟစ်အဖြစ်ဆုံး ရေစီးကြောင်းတစ်ခုဖြစ်လာချိန်မှာတော့ ကျွန်တော်တို့ရဲ့ 4K ဇာတ်ကားတွေ၊ ဂိမ်း၊ ဆော့ဖ်ဝဲလ်နဲ့ အခြားသောဖိုင်အကြီးကြီးတွေအတွက် ဒေါင်းလုတ်ဆွဲဖို့ သုံးရတဲ့အချိန်တွေဟာလည်း လျော့ကျသွားနိုင်ပါတယ်။

5G ဟာ ယနေ့ခေတ်မှာအသုံးပြုနေကြတဲ့ wireless mobile network ဖြစ်တဲ့ 4G LTE ရဲ့ ဆင့်ကဲပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။ သူဟာ ထင်မထားနိုင်လောက်အောင် မြန်ဆန်မှုကိုပေးနိုင်တဲ့အတွက်ကြောင့် home internet ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ mobile networks အပြင် အခြားနေရာတွေမှာလည်း အသုံးပြုလို့ရနိုင်မှာ ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ Mobile World Congress မှာ Samsung ဟာ သူ့ရဲ့ 5G Home Routers တွေကို ပြသခဲ့ပါတယ်။ သူတို့မှာ 4 gigabits-per-second (Gbps) အမြန်နှုန်းထိ ရှိတယ်လို့ PCMag ရဲ့ တင်ပြချက်အရ သိရပါတယ်။ ဒါကြောင့် 50GB ဂိမ်းကို နှစ်မိနစ်အတွင်း သို့မဟုတ် 100GB 4K ဇာတ်ကားကို လေးမိနစ်အတွင်းမှာ ဒေါင်းလုတ်ဆွဲပြီးစေမှာပါ။

Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play

ဘယ်လောက်မြန်သလဲဆိုတာကို ပြောပြဖို့အတွက် ၂၀၁၆ တုန်းက ယူအက်စ်ရဲ့ ပျှမ်းမျှ internet speed ဟာ 55 megabits-per-second ဖြစ်ပြီး 6.5 megabytes-per-second လို့ မှတ်ယူနိုင်ပါတယ်။

PCMag ရဲ့ Sascha Segan ထောက်ပြခဲ့တာကတော့ Samsung ရဲ့ router ဟာ သရုပ်ပြတဲ့အချိန်မှာ မှန်ကန်ကောင်းမှန်နိုင်ပါတယ်။ ပြောချင်တာက အဲဒီအမြန်နှုန်းတွေဟာ ဖြစ်နိုင်တဲ့ အပြည့်စုံဆုံးအခြေအနေတစ်ခု ဖြစ်နိုင်ပါတယ်။ ဆိုလိုချင်တာက အဲဒီအချိန်မှာ 5G router တွေဟာ 5G radio cell နဲ့ မဟားတရားနီးကပ်နေပြီး ကြားထဲကအနှောင့်အယှက်တွေ မရှိတဲ့အချိန်မျိုးပါ။

Performance ရဲ့ ၅၀%ဆိုရင်တောင်မှာ အိမ်တွင်းမှာ 2Gbps အမြန်နှုန်းကို အသုံးပြုနိုင်မှာပါ။ ၂၅% ဖြစ်တဲ့ 1Gbps ဆိုရင်တောင် ယူအက်စ်ရဲ့ပျှမ်းမျှနဲ့ ယှဉ်လိုက်ရင်တောင် သာလွန်နေပါသေးတယ်။

Gigabit အင်တာနက်အမြန်နှုန်းတွေဟာ အသစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ရောက်ရှိလာဖို့ ခက်ခဲနိုင်ပါတယ်။ ယူအက်စ်ရဲ့ အချို့သောအပိုင်းတွေမှာ Gigabit အင်တာနက်ကို ပေးနိုင်တဲ့ ISPs တွေတော့ ရှိပါတယ်။ ဒါပေမယ့်လည်း အခြေခံအဆောက်အအုံတွေကြောင့် ဈေးကလည်း မြင့်မားပါတယ်။ လမ်းတွေကိုတူး၊ ဖိုင်ဘာကြိုးတွေမြှုပ်၊ သင့်ရဲ့အိမ်အထိ ချိတ်ဆက်ပေး၊ ဒီလိုတွေလုပ်ရပါတယ်။

wireless 5G millimeter ရိုက်ခတ်မှုရဲ့ အကောင်းဆုံးအပိုင်းကတော့ ISPs တွေအနေနဲ့ အကုန်အကျများတဲ့ အခြေခံအဆောက်အအုံတွေကို ဆောက်စရာမလိုတော့ဘဲ မြန်ဆန်လှတဲ့ အင်တာနက်ကို ဖြန့်ဖြူးနိုင်တော့မှာပါ။ သင့်ရဲ့အင်တာနက်ဝန်ဆောင်မှုကလည်း လေထဲကနေပြီးတော့ ရောက်ရှိလာမှာပါ။ သင့်ရဲ့မိုဘိုင်းလ်မှာ အသုံးပြုနေသလိုမျိုးပေါ့။

ဘယ်လိုများ အလုပ်လုပ်မှာလဲ

Samsung ရဲ့ 5G Home Router ကတော့ သင့်ရဲ့အိမ်ပြတင်းပေါက်မှာ တပ်ဆင်ထားတဲ့ အင်တာနာကို အသုံးပြုသွားမှာပါ။ အဲဒီအင်တာနာကို သင့်ရဲ့ အိမ်အတွင်းက WiFi router  နဲ့ ချိတ်ဆက်ထားပါတယ်။ အဲဒီအင်တာနာဟာ millimeter wave cell towers ကနေထုတ်လွှင့်ပေးလိုက်တဲ့ signale တွေကို ဖမ်းယူပေးမှာပါ။

အဲဒီနည်းပညာကို လက်ရှိ ဘော့စတွန်မှာ စမ်းသပ်ဆဲဖြစ်တဲ့ Starry ထံမှလည်း တကယ်လက်တွေ့ မြင်နိုင်ပါတယ်။

ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ

အခုအချိန်မှာတော့ ၀ယ်ယူလို့မရနိုင်သေးပါဘူး။ နည်းပညာကတော့ ရှိနေပါပြီ။ ဒီဗတာ့ ဘယ်အချိန်မှာများ 5G millimeter wave နည်းပညာက ရောက်လာမလဲဆိုတာက အရေးပါနေပါတယ်။

5G ပေးနိုင်မယ့် ISPs တွေကို ကျွန်တော်တို့ စောင့်နေကြပါတယ်။ ဒီအချိန်မှာ Verizon ကလည်း ယူအက်စ်ရဲ့အချို့နေရာတွေမှာ 5G ကို စမ်းသပ်နေပါတယ်။ အားလုံးပြောနေကြတာကတော့ 5G ကို ၂၀၂၀ မှာ ရနိုင်မယ်လို့ ပြောနေကြပါတယ်။

ဒီဆက်စပ်ပစ္စည်းတွေဟာ ဘယ်လောက်ကုန်ကျမလဲဆိုတာကို အတိအကျပြောထားခြင်း မရှိသေးပါဘူး။ ပြီးတော့ အင်တာနက်ဖိုးအတွက်လည်း မသိရသေးပါဘူး။ 500Mbps plan ကို Verizon Fios ကနေ အခုအချိန်မှာဝယ်မယ်ဆိုရင်တော့ တစ်လကို ၂၇၅ဒေါ်လာ ကျသင့်မှာပါ။

ကျွန်တော်တို့ အခုအချိန်မှာ လုပ်နိုင်တာတစ်ခုကတော့ Gigabit 5G Internet က ဈေးချိုပါစေလို့ပဲ မျှော်လင့်နေရမှာပါ။

Aung Phyo Oo (Myanmar Mobile App)

Share on Facebook