Share on Facebook

လူတိုင်းက သူတို့ရဲ့ privacy နဲ့ security ထိန်းချုပ်မှုအကြောင်းတွေကို အပြည့်အ၀နားလည်ထားဖို့တော့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့ ဒီနေ့ဒီခေတ်အချိန်အခါအရပေါ့။ iPhone နဲ့ iPad သုံးစွဲသူတွေကတော့ Android သုံးစွဲသူ၊ developers ၊ websites တွေထက် ပိုမိုအေးချမ်းတယ်ဆိုပေမယ့် Apple ကတော့ သင့်သုံးစွဲနေတဲ့ပစ္စည်းကနေပြီးတော့ သင့်ရဲ့သတင်းအချက်အလက်တွေကို စုဆောင်းထားဆဲ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေအကြောင်းကို ပိုမိုသိရှိနားလည်ဖို့ဆိုရင်တော့ ကျွန်တော်တို့မှာ option တွေ အများကြီး တင်ပြထားတာရှိပါတယ်။

ကွန်ပျူတာလောကက settings အကောင်းစားလေးတွေကို iPhone နဲ့ iPad ပေါ်မှာ ပြောင်းလဲနိုင်ပါတယ်။ iOS ပေါ်က privacy ထိန်းချုပ်မှုတွေကို လွယ်ကူတဲ့နည်းလမ်း ၁၅မျိုးနဲ့  ကျွန်တော်တို့ တင်ပြထားပါတယ်။

Find My iPhone


iPhone သုံးစွဲသူတိုင်းဟာ Find My iPhone feature ကို သင့်ရဲ့ဖုန်းပျောက်သွားမှာစိုးရတဲ့အတွက်ကြောင့် ဖွင့်ထားသင့်ပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် Settings ကို သွားပါ။ iCloud ထဲကို ၀င်ပြီးတော့ Find My iPhone ကို ဖွင့်လိုက်ပါ။ သင့်အနေနဲ့ Send Last Location ကိုလည်း ဖွင့်ထားဖို့လိုပါတယ်။ ဒါမှသာ သင့်ရဲ့ iPhone သို့မဟုတ် iPad ဘယ်နေရာမှာ ပျောက်ခဲ့သလဲဆိုတာကို သိအောင် လုပ်နိုင်မှာပါ။ တကယ်လို့ သင်ပျောက်သွားပြီဆိုရင် iCloud.com ကိုသွား ဒါမှမဟုတ် အခြားဖုန်းမှာရှိတဲ့ Find my iPhone app ကို ဖွင့်ပြီး သင့်ရဲ့ Apple ID နဲ့ log in ၀င်ပြီးတော့ နေရာရှာခြင်း၊ lock ချခြင်းများ ပြုလုပ်လိုက်ပါ။

Messages နဲ့ Mail အတွက် Lock Screen Notifications


တကယ်လို့ သင့်ရဲ့ မက်ဆေ့ခ်ျနဲ့ အီးမေးလ်တွေမှာ အသိခံလို့မဖြစ်တဲ့ သတင်းအချက်အလက်တွေ ပါဝင်နေတယ်ဆိုရင် သင့်ရဲ့ notifications ကို မပြဖို့ လုပ်ဆောင်ရတော့မှာပါ။ Settings ကိုသွား Notifications ဆီရောက် ပြီးရင်တော့ Messages သို့မဟုတ် Mail (နှစ်ခုလုံးလည်း) ရွေးလိုက်ပါ။ အောက်ခြေနားမှာ Show Previews ကို ဖွင့်၊ပိတ်လုပ်နိုင်ပါတယ်။ အပိုဆုအနေနဲ့ iOS 10.2 မှာတော့ unlock လုပ်ထားချိန်မှာ previews ပြနိုင်မယ့် option အသစ် ပါဝင်လာပါတယ်။ ဒါကြောင့် သင့်ရဲ့ notifications တွေကို Unlock လုပ်ပြီးချိန်မှာမှသာ မြင်ရမှာပါ။

သင့်ရဲ့ Passcode  အတွက် စာသားနဲ့ နံပါတ်တွေသုံးပါ


သင့်ရဲ့ဖုန်းကို unlock လုပ်ပြီးတာနဲ့ သင့်ရဲ့ လုံခြုံရေးတွေ ဖြတ်လိုက်သလိုဖြစ်သွားပါပြီ။ သင့်ရဲ့ လေးလုံး သို့မဟုတ် ခြောက်လုံး passcode တွေနဲ့တင် ကျေနပ်မနေပါနဲ့တော့။ သင့်အနေနဲ့ စာသား၊ နံပါတ်နဲ့ ကာရိုက်တာတွေကို သင်နှစ်သက်သလို ဖန်တီးနိုင်ပါတယ်။ Settings ထဲကိုသွား၊ Touch ID & Passcode ကို ၀င်လိုက်ပါ။ Change Passcode ကို ရွေးလိုက်ပါ။ (ပထမဆုံး သင့်ရဲ့ လက်ရှိတစ်ခုကို ၀င်ထားဖို့ လိုပါတယ်) အဲဒီနောက်မှာတော့ Passcode Options ကို နှိပ်ပြီး Custom Alphanumeric Code အသစ်ကို ရွေးပေးလိုက်ပါ။ အဲဒီဟာက ပိုမိုရှုပ်ထွေးခက်ခဲဖို့ လိုပါတယ်။

Passcode ထိုးဖောက်ဝင်ရောက်ဖို့ ၁၀ကြိမ် ကြိုးစားပြီးရင်တော့ အချက်အလက်တွေကို ဖျက်ပစ်လိုက်ပါ


iOS မှာ Touch ID & Passcode ထဲမှာ built-in security setting ရှိပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်က သင့်ရဲ့ ဖုန်းကို မမှန်ကန်တဲ့ passcode နဲ့ ဆယ်ကြိမ်ကြိုးစားရင် iPhone မှ အချက်အလက်တွေကို ဖျက်ပစ်မှာပါ။ မစိုးရိမ်ပါနဲ့။ သင့်အတွက် back up ကို iCloud ပေါ်မှာ တင်ပေးမှာမို့ သင့်အနေနဲ့ နောင်တစ်ချိန် ပြန်ပြီး ထုတ်သုံးနိုင်မှာပါ။ Settings page ရဲ့ အောက်ထိဆွဲချပြီးတော့ Erase Data ကို ဖွင့်ပေးလိုက်ပါ။

Lock Screen Access

ကျွန်တော့မှာ Touch ID & Passcode ထဲကို သင်ဝင်နေတဲ့အချိန်မှာ နောက်ထပ် လုပ်စေချင်တာလေး တစ်ခုရှိပါသေးတယ်။ lock လုပ်ထားတဲ့အချိန်မှာ Allow Access ထဲမှာ feature အများကြီး ပါဝင်ပြီး ဖွင့်၊ပိတ်လုပ်နိုင်ပါတယ်။ အဲဒါတွေကတော့ Today View ၊ Notifications View ၊ Siri ၊ Reply wit Message ၊ Home Control (စမတ်ဟုမ်းတွေအတွက်) နဲ့ Wallet တို့ ဖြစ်ပါတယ်။ တကယ်လို့ ပိတ်ထားမယ်ဆိုရင်တော့ သင့်အနေနဲ့ အဲဒီ feature တွေကို သင့်ရဲ့ iPhone သို့မဟုတ် iPad ကို unlock မလုပ်မချင်း သုံးလို့ရမှာ မဟုတ်ပါဘူး။

Notes Lock


iOS 10 နဲ့အတူ သင်ဟာ note တစ်ခုချင်းကို lock ချနိုင်ပါပြီ။ ဘယ်လို note ကိုမဆို အပေါ်နားက Share icon လေးကို နှိပ်ပြီးတော့ Lock Note ကို ရွေးပေးလိုက်ပါ။ note အားလုံးအတွက် lock လုပ်ဖို့အတွက် password တစ်ခုကို သတ်မှတ်ပြီး အဲဒီ password ကို ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ နောက်တစ်ခါ ဖတ်ချင်ရင် password နဲ့ ၀င်ရတော့မှာပါ။

Two-Factor Authentication

သင့်ရဲ့ Apple ID အတွက် two-factor authentication ကို လုပ်ဆောင်နိုင်ပါပြီ။ ဒါကြောင့် ဖုန်းအသစ်မှာပဲဖြစ်ဖြစ် log in ၀င်ချိန်တိုင်းမှာ Apple ဟာ နောက်ထပ် လုံခြုံရေးအတွက် နောက်ထပ်အဆင့်တစ်ခု လိုအပ်လာခဲ့ပါတယ်။ အဲဒီအဆင့်ကတော့ verification code ကို သင့်ဆီပို့ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ နောက်တစ်ကြိမ် ထပ်ရိုက်ပေးဖို့ လိုပါတယ်။ အဲဒါကိုတော့  Apple ရဲ့ website ကနေပြီးတော့ ဖွင့်နိုင်ပါတယ်။ Sign in လုပ်ပြီးတော့ Get Started ကို နှိပ်လိုက်ရုံပါပဲ။

Auto-Delete Messages


တကယ်လို့ သင့်အနေနဲ့ မက်ဆေ့ခ်ျအဟောင်းတွေကို မသိမ်းချင်ရင်တော့ အလိုအလျောက်ဖျက်ပစ်ပေးမှာကတော့ iOS ပါပဲ။ Settings ကိုဖွင့်ပြီးတော့ Message ကိုရွေးလိုက်ပါ။ Keep Messages ကို နှိပ်ပြီးတော့ 1 Year သို့မဟုတ် 30 Days ဆိုတာ ရွေးပေးလိုက်ပါ။ သတ်မှတ်ရက်ထက်ကျော်လွန်သွားတဲ့ မက်ဆေ့ခ်ျအဟောင်းတွေကို ဖုန်းကနေပြီးတော့ ဖျက်ပေးမှာပါ။

Safari Private Browsing


Safari ထဲက Private browsing mode က သင့်ရဲ့ history လုပ်သမျှကို ထိန်းသိမ်းထားခြင်းမရှိဘဲ သုံးလို့ရစေမှာပါ။ Safari ကို ဖွင့်ပြီးတော့ အောက်နားက Tabs icon လေးကို နှိပ်လိုက်ပါ။ နောက်တော့ Private ကိုရွေးပေးလိုက်ပါ။ (Note: လက်ရှိဖွင့်ထားတဲ့ tab တွေအားလုံး ပိတ်သွားမှာပါ။) သင့်အနေနဲ့ Private mode ကို ရောက်နေပြီဆိုတာကို UI ရင့်လာခြင်းနဲ့အတူ သိနိုင်ပါတယ်။

Safari ထဲက Limit Ad Tracking


သင့်ရဲ့ iPhone နဲ့ iPad usage အကြောင်းကို ကြော်ငြာသူတွေက ပိုသိနေမှာကို စိုးရိမ်တယ်ဆိုရင် သင့်ရဲ့ privacy ကို ကာကွယ်ဖို့အတွက် ပစ်မှတ်ထားတဲ့ ကြော်ငြာတွေကို ရှောင်နိုင်ပါတယ်။ ကြော်ငြာတွေဟာ သင့်အတွက် စိတ်ပူစရာမလိုတော့ပါဘူး။ အဲဒီအတွက် လိုက်ရှာရမှာကတော့ Settings ထဲမှာပါ။ Privacy ကိုရွေးချယ်ပြီး အောက်ခြေနားက Advertising ကို ရွေးလိုက်ပါ။ Limit Ad Tracking ကိုရွေးချယ်ပေးလိုက်ပါ။

Turn Off Location Tracking


Privacy settings ထဲက Location Services  ကိုနှိပ်၊ အောက်ခြေနားက System Services ကို နှိပ်လိုက်ပါ။ ကျွန်တော်တို့ဟာ location tracking ကို ပိတ်တော့မှာပါ။ Location-Based ဖြစ်တဲ့ အဲဒီ toggle တွေအားလုံး သို့မဟုတ် သင်နှစ်သက်ရာတွေကို အဲဒီမှာ ပိတ်နိုင်ပါတယ်။ အောက်ခြေနားက Frequent Locations ကိုလည်း သုံးနိုင်ပါသေးတယ်။ အဲဒါကို ပိတ်လိုက်တယ်ဆိုရင်တော့ သင်အများဆုံးလည်ပတ်တဲ့နေရာတွေကို Apple ရဲ့ ထောက်လှမ်းမှုတွေကို ကာကွယ်ထားနိုင်ပါတယ်။

Share My Location


သင့်ရဲ့ Settings အောက်က Location Services ထဲမှာ နောက်ဆုံးတစ်ခု လုပ်ရမှာကတော့ သင့်ရဲ့သူငယ်ချင်းတွေနဲ့ မိသားစုတွေရဲ့ location ကို မျှဝေဖို့ ပိတ်လိုက်ဖို့ပါပဲ။ ဒါကတော့ Find My Friends app သုံးတဲ့အခါ အဆင်ပြေစေဖို့ သုံးရတာပါ။ Settings ထဲမှာ သင့်အတွက် Share My Location ရှိသေးတာမို့ အဲဒီကိုလည်း ပိတ်လိုက်ပါ။

VPN သုံးပါ

VPNs တွေဟာ သင့်ရဲ့ identity ကို အမျိုးမျိုးသော IP address တွေကို အသုံးပြုတဲ့အခါ ဖွက်ထားပေးဖို့ ကူညီပေးမှာပါ။ App Store မှာ အခမဲ့ရနိုင်တာတွေ အများကြီးပါ။ Betternet ကလည်း ကျော်ကြားတဲ့အထဲက တစ်ခုပါ။ ဒေါင်းလုတ်လုပ်ပြီးတာနဲ့ set up လုပ်လိုက်ပါ။ VPN toggle ကို Setting ထဲကနေ enable ၊ disable လုပ်နိုင်ပါတယ်။

Auto-Lock Settings


Default အရဆိုရင် iPhone နဲ့ iPad မှာ တစ်မိနစ်အကြာအထိ ထိတွေ့သုံးစွဲမှုမရှိဘူးဆို အလိုအလျောက် lock ကျပါတယ်။ ဒါဟာ screen ပိတ်သွားပြီးတော့ နောက်တစ်ခါပြန်ဝင်ဖို့အတွက် Touch ID သို့မဟုတ် passcode လိုအပ်မှာပါ။ သင့်ရဲ့ဖုန်းနားမှာ သင်မရှိတဲ့အချိန်ကို စောင့်ဆိုင်းနေသူတွေရဲ့ရန်မှ ကာကယ်ဖို့ ဒါကို စက္ကန့်သုံးဆယ်အဖြစ်ကို ပြောင်းလိုက်ပါ။အဲဒီလိုလုပ်ဖို့အတွက် Display & Brightness settings ထဲက ၀င်ရမှာပါ။ Auto-Lock ကို ရွေးပြီး အချိန်ကို ပြန်သတ်မှတ်လိုက်ပါ။

Restrictions


တကယ်လို့ သင့်ရဲ့ကလေးကို ဖုန်းကိုင်ခိုင်းတတ်တယ်ဆိုရင် ကလေးကို တချို့ feature တွေ မသုံးစေချင်တာမျိုး ရှိမှာပါ။ Restrictions က သင့်ကို option တွေ များစွာ ပေးနိုင်ပါတယ်။ စစချင်း Settings ဖွင့်၊ General ၊ Restrictions ကို သွားပါ။ အဲဒီမှာ restrictions enable လုပ်ထားတာကို မြင်နိုင်ပါတယ်။ အဲဒီမှာ iTunes Store နဲ့ in-app purchases တို့လိုတချို့ app တွေကို ပိတ်ထားနိုင်ပါတယ်။ သင့်ရဲ့စိတ်ကြိုက် ၀င်မွှေလိုက်ပါ။

Aung Phyo Oo (Myanmar Mobile App)

 

Comments

comments

Share on Facebook