Share on Facebook

Google ဟာ သူ့ရဲ့ဝန်ထမ်းတွေကို သူတို့ရဲ့ကိုယ်ပိုင်စီးပွားရေးအတွေးအမြင်များနဲ့ အလုပ်လုပ်ခွင့်ပြုထားတဲ့ Area 120 startup combinator ကို မနှစ်က ဖွင့်လှစ်ခဲ့ပါတယ်။ အခုဆိုတော့ အဲဒီကနေပြီးတော့ ပထမဆုံးထုတ်ကုန်တစ်ခုဖြစ်တဲ့ Uptime ဆိုတာ တရားဝင်ထွက်ပေါ်လာခဲ့ပါပြီ။ Uptime ဆိုတာကတော့ group video messaging app တစ်ခုဖြစ်ပြီး သင့်သူငယ်ချင်းတွေနဲ့အတူ YouTube videos တွေကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

သူကတော့ သုံးစွဲရ အတော်လေးရိုးရှင်းပါတယ်။ ပထမဆုံး သင့်ရဲ့ Google account နဲ့ sign up လုပ်ဖို့ လိုအပ်ပြီး အဲဒီနောက်မှာတော့ ဒီ app ကလေးဟာ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို ရှင်းပြပေးထားတဲ့ သင်ခန်းစာအတိုလေးကို ကြည့်နိုင်အောင် စီစဉ်ထားပေးပါတယ်။ ပြီးတာနဲ့ သင်ဟာ သင့်သူငယ်ချင်းတွေနဲ့အတူ ချိတ်ဆက်နိုင်မှာဖြစ်ပြီး ဗွီဒီယိုတွေကို အတူတကွ စတင်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

YouTube ပေါ်က clip တစ်ခုကို ကြည့်နေရင်း သင့်ရဲ့ profile picture လေးက progress bar တစ်လျှောက်ရွေ့လျားနေမှာဖြစ်ပြီးတော့ သင်နဲ့အတူ အဲဒီဗွီဒီယိုကိုကြည့်နေတဲ့ သူငယ်ချင်းတွေရဲ့ profile picture ကိုလည်း မြင်ရမှာပါ။ သင့်အတွက် reaction emoji သို့မဟုတ် comment တွေရေးသားနိုင်မယ့် option တွေလည်း ရှိပါသေးတယ်။ ဒါဟာ လူတိုင်းအတွက် ပျော်ရွှင်မှုကိုပေးစွမ်းနိုင်တဲ့ ခံစားမှုတစ်ရပ်ဖြစ်ပါတယ်ဒ

ဒီ app ရဲ့ အကြံလေးကတော့ အတော့ကို စိတ်ဝင်စားစရာကောင်းပါတယ်။ သင့်ကို တစ်ခန်းထဲမှာ အတူတူရှိမနေတဲ့ သင့်သူငယ်ချင်းတွေနဲ့အတူ ဗွီဒီယိုတွေ မျှဝေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီ app က iOS အတွက်သာ ရနိုင်ဦးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ မျှော်လင့်ထားလို့ရနိုင်ပါသေးတယ်။ Google ဟာ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ပြောကြားခဲ့ခြင်းတော့ မရှိပါဘူး။ Uptime ကို iOS ပေါ်မှာ အောင်မြင်မှုရရှိခဲ့မယ်ဆိုရင်တော့ အခြားသော platform တွေမှာလည်း သုံးနိုင်အောင် ပြုလုပ်ပေးလိမ့်မယ်လို့တော့ ယူဆရပါတယ်။

iPhone/Pad များအတွက် Uptime app အားရယူရန်

Comments

comments

Share on Facebook