Share on Facebook

Xiaomi ဖုန်းကိုင်ဆောင်သူများအတွက် Redmi Note 3 MTK ဖုန်းအတွက်မည်သည့် Version မဆို

အမြစ်တူးနိုင်မယ့် နည်းလမ်းလေးတင်ပေးလိုက်ပါတယ်

လိုအပ်တာတွေ အနေနဲ့ တော့ မိမိတို့ ပြုလုပ်မယ့် Version ရဲ့ Original Boot image လိုအပ်ပါမယ်

Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play

ကျွန်တော်ကတော့ အခုလက်ရှိနောက်ဆုံးထွက်ထားတဲ့ 8.1.3.0 ရဲ့ Original Boot image လေးထည့်ပေးထားပါတယ်

Redmi Note 3 MTK Root File ( Download Link )

Password – nyinyipaing

 

ဒေါင်းလို့ ရလာတဲ့ဖိုင်ထဲက Crack Boot ကိုအရင်ဆုံးအသုံးပြုရပါမယ် အရင်ဆုံးဖုန်းကို အမြစ်မတူးခင်

မိမိတို့  ကွန်ပြူတာနဲ့  ချိတ်ပြီး USB Debugging On ပြီး King Root တို့  iRoot တို့ သိအောင်အရင်လုပ်ပေးပါ

အရေးကြီးပါတယ် ပြီးရင်တော့ အထဲမှာပါတဲ့ Sp Flashtool ကနေ Crack ထဲက Scatter ကိုရွေးပြီးရေးလိုက်ပါ

Preloader ကို အမှန်ခြစ်ဖြုတ်ပေးပြီး ဖုန်းကို ပါဝါပိတ် Volume Down ခလုတ်နှိပ်ကာရေးလိုက်ပါ

ပြီးရင် ကြိုးပြန်ဖြုတ်ပြီး ပါဝါဖွင့်လိုက်ပါ ကျွန်တော်တို့ ဖုန်းဟာ Logo မှာတင်ရပ်နေပါလိမ့်မယ်

အဲ့အချိန်မှာ ကျွန်တော်တို့ က ခုနက adb သိအောင်လုပ်ထားတဲ့အတွက် king root တို့  iroot တို့ မှာ သိနေပါလိမ့်မယ်

အမြစ်တူးလိုက်ပါ  ..အောင်မြင်စွာအမြစ်တူးလို့ ပြီးသွားတာကိုမြင်တွေ့ ရပါလိမ့်မယ် ။

ပြီးရင်တော့ ပါဝါပြန်ပိတ်ပြီး Miui Version 8.1.3.0 သုံးသူတွေကတော့ ကျွန်တော်ပေးထားတဲ့ Folder ထဲက

Original Boot လေးကိုပြန်ရေးပေးလိုက်ပါ ။ တခြား ဗားရှင်းသုံးသူတွေကတော့ မိမိတို့ သုံးတဲ့ Version အလိုက် Original Boot image

ကို ပြန်ရေးပေးလိုက်ပါ

အားလုံးအဆင်ပြေကြပါစေဗျာ……

 

Share on Facebook
SHARE
Previous articleGalaxy S7 Edge (SM-G935F ) 7.0 Stock Rom
Next articleClash Royale Update v1.8.1
နည်းပညာဆိုတာ ဝေမျှဖို့ အတွက်ထားထားတာပါ ကိုယ်တစ်ဦးတည်း သုံးနေလည်း အချိန်တန်ရင် သူများ သိသွားမှာပါပဲ .... တတ်နိုင်သမျှ ဝေမျှပေးကြပါ