Share on Facebook

Samsung Galaxy S8 ၊ S8 Plus တို့နဲ့ပတ်သတ်ပြီး နောက်ဆုံးရသတင်းကတော့ S8,S8+ စမတ်ဖုန်းတွေမှာပါမယ့် ကင်မရာဟာ ultra slo-mo 1000fps ရိုက်ကူးနိုင်စွမ်းရှိမယ်လို့ သိရပါတယ်။ Xperia XZs နဲ့ Xperia XZ Premium တို့မှာ IMX400 သုံးပြီးအားဖြည့်ထားတဲ့ Motion Eye camera လိုမျိုးပါပဲ။ (ဒါကတော့ သူတို့ရဲ့နမူနာဖြစ်ပါတယ်)။ ဒါပေမယ့်လည်း Samsung ကတော့ Galaxy S8 ရဲ့ ကင်မရာအတွက် Sony sensor ကိုအသုံးပြုမှာမဟုတ်ဘဲ စိတ်ကြိုက်တစ်ခုကို သုံးသွားနိုင်ပါတယ်။

ဟုတ်ပါတယ်။ တရားနည်းကျကျယူဆရရင်တော့ Samsung အနေနဲ့ Galaxy S8 ရဲ့ ကင်မရာကို ထပ်ဆောင်း DRAM memory ကို ကင်မရာရဲ့ sensor နဲ့ image signal processor လမ်းကြောင်းအကြားမှာ ထည့်သွင်းနိုင်ပါတယ်။ အဲဒီ module လေးဟာ extreme slo-mo ဗွီဒီယိုရိုက်ကူးဖို့အတွက်ဆိုရင်တော့ sensor ဖမ်းယူရမယ့် အချက်အလက်တွေများပြားတာကြောင့် လိုကိုလိုအပ်ပါတယ်။ ဒါမှလည်း ISP ဆီမရောက်ခင်မှာ သိမ်းဆည်းထားပြီးတော့ နောက်လာမယ့် အချက်အလက်တွေနဲ့လည်း အသုံးပြုနိုင်စရာ နေရာလေးတစ်ခု ဖြစ်လာမှာပါ။’

အရှေ့ကင်မရာအပြင် Galaxy S8 အတွက် selfie snapper ကတာ့ autofocus နဲ့ အဆင့်မြှင့်တင်ထားနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီတစ်ခေါက်မှာတော့ 8MP ကို မျှော်လင့်ထားနိုင်ပြီး အရှေ့ဘက်မှာတစ်ခုတည်းမဟုတ်ဘဲ 3.7MP ပါဝင်တဲ့ iris ကို scan လုပ်ဖို့အတွက်လည်း ထည့်သွင်းထားနိုင်ပါသေးတယ်။

Galaxy S8 နဲ့ S8 Plus အတွက် ထွက်ပေါ်နေတဲ့ သတင်းတွေကတော့ အများကြီး ဖြစ်ပါတယ်။ မတ်လ ၂၉မှာ ကြေညာမယ့် အဲဒီဖုန်းနှစ်လုံးအတွက် ကောလဟာလတွေက မှန်မလားဆိုတာကတော့ အဲဒီအချိန်ကျမှပဲ ကြည့်ရတော့မှာပါ။

 

 

 

Comments

comments

Share on Facebook