Share on Facebook
ဇူလိုင်လ ၁၇ ရက်နေ့ (၁၇.၇.၂၀၁၇) တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။

Android Wear 2.0 ဟာ စမတ်နာရီ ထုတ်လုပ်သူတွေကို လန့်နိုးသွားစေခဲ့ပုံ ပေါ်ပါတယ်။ အခုဆိုရင်တော့ အရည်အသွေးမြင့်မားတဲ့ brand တစ်ခုကတော့ Google ရဲ့ စမတ်နာရီအဖွဲ့အတွက် ရောက်ရှိလို့ လာပါပြီ။ သူတို့အမည်ပေးထားသလို Summit ကတော့ အရမ်းကို ခမ်းနားတာမျိုးမဟုတ်ပေမယ့် Bosch ၊ Siemens ၊ Telefunken ၊ Porsche တို့ရေးသားသလို ရှေးခေတ် ဂျာမန် gear တွေနဲ့ တူပါတယ်။ ထာဝရ ကြံ့ခိုင်မှုကို ပေးစွမ်းနိုင်ပုံ ပေါ်ပါတယ်။

Summit မှာ 46mm စတီး သို့မဟုတ် တိုက်တေနီယမ် case 12.5mm အထူ ပါဝင်ပါတယ်။ ၁.၃၉လက်မ ရှိတဲ့ စက်ဝိုင်းပုံ AMOLED display (400 x 400 resolution) ကတော့ အမြင်အာရုံကို ဖမ်းစားနိုင်ပြီး အတွင်းမှာပါဝင်တာတွေကတော့ 512MB RAM ၊ 4GB storage ၊ 300mAh ဘတ်ထရီ ၊ Bluetooth/Wi-Fi နဲ့ Qualcomm SoC တို့ ဖြစ်ပါတယ်။ အဲဒီနာရီဟာ is IP68 water and dust-resistant ရရှိထားပြီး နှလုံးခုန်နှုန်းကို စောင့်ကြည့်ပေးမယ့် စနစ်လည်း ပါဝင်ပါတယ်။ သူ့မှာတော့ GPS နဲ့ NFC မပါဝင်ပါဘူး။ ဒါကြောင့် location tracking နဲ့ မိုလ်ဘိုင်းငွေပေးချေမှုလိုမျိုးအတွက် အသုံးမပြုနိုင်ပါဘူး။ genuine Montblanc ကို ၀တ်ဆင်နိုင်ပါသေးတယ်။ ဒါကတော့ နည်းပညာထက် တံဆိပ်ဘက်ကိုပဲ ငွေတွေရောက်သွားမှာ ဖြစ်လို့ ကျွန်တော်တို့ကတော့ အားမပေးပါဘူး။

ဘက်ဂျက်ကို ပြောရမယ်ဆိုရင်တော့ Montblanc Summit ဟာ ဒေါ်လာ၈၉၀ ကျသင့်မှာဖြစ်ပြီးတော့ မေလမှာ ဖြန့်ချိဖို့ လုပ်ထားပါတယ်။ Montblank ရဲ့ official web store ဖြစ်တဲ့ Mr. Porter မှာ အသေးစိတ်ကိုကြည့်ရှူလိုက်ပါ။

Share on Facebook
SHARE
Previous articleTubemate Lastet Application
Next articleတကျော့ပြန်ဆန်းသစ်လာတဲ့ Xperia L1
သက်နိုင်စိုး သည် "Myanmar Mobile App" Website ၏ Founder ဖြစ်ပြီး Myanmar Mobile App တွင် မိုဘိုင်းဖုန်းနှင့်နည်းပညာဆိုင်ရာဆောင်းပါးများကိုရေးသားလျက်ရှိသည်။ Thet Naing Soe (http://www.facebook.com/thetnaing.mmas)