Share on Facebook

OPPO က ယခုမတ်လ ၂၃ရက်တွင် ရန်ကုန်မြို့ရှိ Novotel Hotel ၌၄င်းတို့၏ Dual Selfie Camera နည်းပညာသုံး F3 Plus စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ပေးသွားမည်ဖြစ်သည်။ ယခုမိတ်ဆက်ပွဲတွင် OPPO အနေဖြင့် လူငယ်ဒီဇိုင်နာ Ahlatt Lumyang နှင့် လက်တွဲပူးပေါင်းကာ ထူးခြားသည့်အစီအစဉ်များကိုထည့် သွင်းလုပ်ဆောင် သွားမည်ဖြစ်သည်။ အသစ်မိတ်ဆက်ပေးမည့် F3 Plus မှာ F3 Series ထုတ်ကုန်များထဲမှ Dual Selfie Camera နည်းပညာအသုံးပြုထားသော OPPO ၏ပထမဆုံးထုတ်ကုန်ဖြစ်လာမည် ဖြစ်ပြီး 16MP နှင့် 8MP အရည်အသွေးရှိသော Selfie ကင်မရာ၂လုံးကို ပေါင်းစပ်ပေးထားခြင်းကြောင့် ကြည်လင်ပြတ်သားအနုစိပ်ကျသော ပုံရိပ်များကို ဖမ်းယူရရှိနိုင်စေ မည်ဖြစ်သည်။

OPPO အနေဖြင့် F3 Plus စမတ်ဖုန်းကို မြန်မာနိုင်ငံအပါအ၀င် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့တွင် တစ်ပြိုင်တည်းမိတ်ဆက်ပေးသွားမည်ဖြစ်သည်။ ယခုအခါတွင် F3 Plus ပုံရိပ်များကို အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်၊ ဖိလစ် ပိုင်နှင့် အမေရိကန်၊ နယူယော့ခ်ရှိ Times Square တို့တွင် တွေ့ရှိရမည်ဖြစ်သည်။

OPPO ၏ဒု-ဥက္ကဋ္ဌနှင့် နိုင်ငံတကာမိုဘိုင်းလုပ်ငန်း၏မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Sky Li က “OPPO မှာဆိုရင် ထုတ်ကုန်တီ ထွင်ဆန်းသစ်မှုတွေဟာ ကျွန်တော်တို့လုပ်ဆောင်တဲ့အရာရာတိုင်းကို တွန်းအားပေးမောင်းနှင်နေတာပါ။ ဒါဟာ ကျွန်တော် တို့ရဲ့အဓိကကုန်အမှတ်တံဆိပ်တန်ဖိုးပဲဖြစ်ပါတယ်။ F3 Series ထုတ်ကုန်တွေဟာ Selfie နည်းပညာကို နောက်ထပ်အဆင့် တစ်ခုဆီခေါ်ဆောင်ပေးသွားမှာဖြစ်သလို မိုဘိုင်းလောကအတွက် ခေတ်ရေစီးကြောင်းအသစ်တွေကို ချမှတ်ပေးလိုက်တာ လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ယုံကြည်ထားတာက F3 Series ဟာကြီးမားတဲ့အောင်မြင်မှုတွေပေးစွမ်းမှာဖြစ်သလို တခြားသောသူတွေလိုက်ပါလုပ်ဆောင်ကြမယ့် စံတစ်ရပ်ကိုပါချမှတ်ပေးလိုက်တာပဲဖြစ်ပါတယ်” ဟု ပြောဆိုသွားသည်။

ဈေးကွက် ၂၈ခုတွင် နေရာယူထားပြီဖြစ်သော OPPO အနေဖြင့် IDC (International Data Corporation) ကနောက်ဆုံး ထုတ်ပြန်ထားသည့်အစီရင်ခံစာများအရ ဈေးကွက်ဝေစု ၁၃ဒဿမ၂ရာခိုင်နှုန်းဖြင့် ဖွံ့ဖြိုးဆဲအရှေ့တောင်အာရှဈေးကွက် တွင် အဆင့်-၂နေရာနှင့် ၂၀၁၆ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် အဆင့်-၄နေရာတို့ရပ်တည်လျက်ရှိသည်။ ထို့အပြင် အိန္ဒိယ ဈေးကွက်တွင်လည်း ဈေးကွက်သုတေသနကုမ္ပဏီ Gfk ကထုတ်ပြန်ထားသည့်အချက်အလက်များအရ OPPO အနေဖြင့် ဒီဇင်ဘာ၊ ၂၀၁၅ တုန်းက ၄င်းတို့၏ offline ဈေးကွက်ဝေစု ၁ဒဿမ၂ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၀ဒဿမ၉ရာခိုင်နှုန်းအ ထိ ပိုမိုတိုးမြင့်လာခဲ့သည်။ ယခုကဲ့သို့တိုးတက်အောင်မြင်လာရခြင်းမှာ OPPO ၏ Selfie ဘုရင် စမတ်ဖုန်း Series များဖြစ် သော F1, F1 Plus နှင့် F1s တို့၏ရောင်းအားများကောင်းမွန်ခဲ့ခြင်း၏ရလဒ်များကြောင့်ဖြစ်သည်။

Comments

comments

Share on Facebook