Share on Facebook

Microsoft က tablet လောကထဲကို နောက်မှဝင်ရောက်လာပေမဲ့ U.S Tablet လောကရဲ့ အဓိကဆုကြီးတစ်ခုဖြစ်တဲ့ J.D.Power ဆုကို ရရှိသွားပါပြီ။

Tablet တွေရဲ့ ၇ နှစ်တာ ယှဉ်ပြိုင်မှုပွဲမှာ Apple ရဲ့ iPad က ၆ နှစ်တိုင်တိုင် J.D.Power tablet award ကို ရရှိထားပါတယ်။ ယခုနှစ်မှာတော့ Microsoft က 1000 ဆ မှာ 855 နဲ့ apple ရဲ့ ရလဒ် 849 ကို apple ကို ကျော်ပြီး J.D.Power ဆုကို ရရှိသွားတယ်လို့ J.D.Powerက သောကြာနေ့ (Announced on Friday) က ကြေညာထားပါတယ်။

Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play

Microsoft ရဲ့ tablet ဟာ တခြား laptopတွေထက် သုံးရတာကောင်းမွန် အဆင်ပြေပြီး အခုထိလည်း function ပိုင်းအရ ခေတ်မှီနေဆဲပါဘဲ။ အဲ့ဒီအချက်တွေကြောင့် Microsoft က ဆွဲဆောင်မှုရှိပြီး အောင်မြင်မှုရတာဖြစ်တယ်လို့ J.D.Power ရဲ့ vice president က ပြောကြားခဲ့ပါတယ်။

Apple ကို ကသိကအောင့်ဖြစ်အောင်လုပ်သွားတဲ့ Surface styling and design

လူသုံးများတဲ့ Microsoft tablet က $129 ပေးရပြီး surface pen, လိုင်းဆွဲအားကောင်းတဲ့ အင်တာနက် connection , လိုအပ်တဲ့ accessoriesတွေ , input/output option နဲ့ internal storage တွေပါရှိပါတယ်။ Operating system ဖြစ်တဲ့ Windows 10 အတွက်ကတော့ သတင်းကောင်းပါဘဲ။ ဘာကြောင့်လဲဆိုတော့ pre-installed software တွေပါ ထွက်ရှိတဲ့ ကြောင့်ဖြစ်ပါတယ်။

အဲ့တာတွေပါရှိလာတာက Apple ကို ဖိနှိပ်နိုင်တဲ့ ပြီးပြည့်စုံတဲ့ အချက်တွေဖြစ်ပြီး Microsoft အတွက် ပိုပြီး ခိုင်မာလာတာတွေဖြစ်တယ်လို့ Moor insights & strategy ကို လေ့လာနေတဲ့ President နဲ့ principal က ပြောကြားခဲ့ပါတယ်။

Microsoft ကို အာရုံစိုက်နေပေမဲ့လည်း Apple & iPad ကိုလည်း အမြဲစောင့်ကြည့်နေတာပါ။ Apple ဟာလည်း Microsoft ပြီးရင် ရလဒ်အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်ကတော့ Apple က microsoft ကို ကျော်လွန်ပြီး ရောင်းအားအကောင်းဆုံးဆု (best overall satisfaction) ကို ရရှိထားတာပါ။

လွန်ခဲ့တဲ့ နှစ်တွေက companyဟာ iPad ရောင်းအားထက်ကျော်အောင် ရောင်းတာနဲ့ ပက်သက်ပြီး ပြသနာတွေတွေ့ ခဲ့ရပါတယ်။ နောက်ပြီး Appleက upgraders တွေနဲ့ education marketကို ဆွဲဆောင်ဖို့ iPad 9.7-inch ကို အသစ်ထုတ်ခဲ့ပါတယ်။

 

Tablet တွေထဲမှာ Microsoft ရဲ့ tablet ကတော့ ထူးခြားနေတယ်လို့လည်းဆိုထားပါတယ်။ company က Tablet တွေနဲ့ပက်သက်ပြီး အောင်မြင်ပေမဲ့ Mobile ARM CPU (Windows RT) နဲ့ပက်သက်ပြီးတော့ လက်လျော့ထားပါတယ်။

မျက်နှာပြင်နဲ့ သဟဇာတ ဖြစ်နေတာကတော့ full-sized ကီးဘုတ် / windows desktop/ store apps / USB အသုံးအဆောင်တွေ(eg. mice)/ external displays တွေဘဲဖြစ်ပါတယ်။ ဒါ့ကြောင့် Surface ရဲ့ Styling ပိုင်းနဲ့ ဒီဇိုင်းပိုင်းက ကောင်းလွန်းနေတောကြောင့် Apple ကို ကသိကအောင့်ဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။

 

အဲ့တာကြောင့်  Microsoft ရဲ့ CEO Satya Nadella က Microsoft ရဲ့ ရုံးခန်းတစ်နေရာရာက ပြုံးနေကောင်းပြုံးနေလိမ့်မယ်။ ဒါပေမယ့် ဒီအကြောင်းနဲ့ပက်သက်ပြီး ဘယ်လိုသဘောရလဲလို့ မေးခဲ့မယ်ဆိုရင် Microsoft ရဲ့ ပြောရေးဆိုခွင့် ရှိသူက “သုံးစွဲသူတွေ သူတို့အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်အောင် ဘယ် setting ပိုင်းကိုဆိုမဆို အလွယ်သုံးနိုင်အောင် အခြေခံနည်း ရိုးရိုးရှင်းရှင်းတွေနဲ့ဘဲ ပြုလုပ်ထားတယ်လို့” ဘဲ ဖြေကြားလိမ့်မယ်လို့ ဆိုပါတယ်။

Share on Facebook