Share on Facebook
ဇွန်လ ၁၂ ရက်နေ့ (၁၂.၆.၂၀၁၇) တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။

iOS Device ကိုင်ဆောင်သူတွေအနေနဲ့ Restart ပြု လုပ်နည်းလို့ ရေးသားပေးလိုက်လို့

user တွေအနေနဲ့ ရယ်စရာဖြစ်သွားမလား အံ့သြစရာဖြစ်သွားမလားဆိုတာကိုတော့ ကျတော်

မတွေးတက်ပါဘူး။ Restart ပြု လုပ်နည်းလေးဟာ လွယ်ကူပေမဲ့ သိတဲ့သူတွေရှိသလို

မသိသူတွေလဲ ရှိနိုင်ပါတယ်။ ဒါကြောင့် ကျတော်ရေးသားပေးလိုက်ရခြင်းဖြစ်ပါတယ်။

 

iOS Device တွေမှာ Android တွေလို Power key ကိုဖိထားလိုက်လို့ တင်လာတဲ့

Noti မှာ Restart ဆိုတာမပါပါဘူး။ ဒါကတော့ user တွေသိပြီးသားပါ။

 

Restart ပြု လုပ်ခြင်းက ဘယ်နေရာအတွက်အသုံးဝင်ပါလဲ ???

တကယ်တော့ iOS Device တွေမှာ Restart ပြု လုပ်ခြင်းဟာ စက်ဟန်းနေတဲ့အချိန်မှာတော့

အသုံးဝင်ဆုံး ဖြစ်ပါတယ်။ Restart ပြု လုပ်ခြင်းကိုမသိသေးတဲ့ user တွေအနေနဲ့ သုံးနေရင်း

နဲ့ စက်ဟန်းပြီး ဘာမှရွှေုလို့မရတော့ရင် Restart ပြု လုပ်ဖို့က မသိတဲ့အတွက် ဒီတိုင်းထိုင်

ကြည့်နေပြီး Battery ကုန်မှပြန်ဖွင့်ကာ အသုံးပြု ကြတာတွေ့ရပါတယ်။ ဒါမှမဟုတ်ရင်

Service ဆိုင်တွေကိုသွားပြီး ဖြေရှင်းရပါတယ်။ ဒါကြောင့် အဆင်ပြေစေရန်

ရေးသားလိုက်တာပါ။

 

*** iOS Device များ Restart ပြုလုပ်နည်း ***

 

iPhone 6 Generation တွေထိ – Home + Power

Home Key နဲ့ Power Key ကိုတွဲနှိပ်ပေးလိုက်ပါ။ Screen မှိန်သွားပြီး Apple Logo

လေးတင်လာတဲ့ပထိဖိထားပေးပါ။ Apple Logo တက်လာရင်တော့ Restart ဖြစ်သွားပါပြီ။

iPhone 7 & 7 plus တွေမှာကတော့ကွဲသွားပါတယ်။

iPhone 7 & 7 plus – Volume down + Power

Volume down Key နဲ့ Power Key ကိုတွဲနှိပ်ပေးလိုက်ပါ။ Screen မှိန်သွားပြီး

Apple Logo လေးတင်လာတဲ့ပထိဖိထားပေးပါ။ Apple Logo တက်လာရင်တော့

Restart ဖြစ်သွားပါပြီ။

ဗဟုသုတများ တိုးပွါးကြပါစေ။

 

Warmly Welcome

KoHtoo ( MMAS )

Share on Facebook