Share on Facebook

Vienna အခြေစိုက်လုပ်ငန်းတစ်ခုက လုံးဝကိုကွဲထွက်သွားတဲ့ စမတ်နာရီကို ဖန်တီးဖို့အတွက် လုပ်ဆောင်နေပါတယ်။ ကဲ ဘယ်လိုဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။
စတိုင်လ်ကျတဲ့ Monograph နာရီအသစ်လေးဟာ သင့်ရဲ့ဖုန်းနဲ့ချိတ်ဆက်လိုက်ပြီး ဘေးနားက ခလုတ်အနီလေးကို နှိပ်လိုက်ပြီး အဆင်သင့်ပြင်ထားလိုက်ပါ။ ခြေလျင်တောင်တက်တုန်း လှပတဲ့မြင်ကွင်းကို မြင်လိုက်ရတာမျိုး၊ အလုပ်မှာ အဓိကကျတဲ့မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တာမျိုး၊ ပထမဆုံးအကြိမ် သင့်ရဲ့ချစ်သူကို နမ်းလိုက်တာမျိုးပေါ့။ အချိန်လေးတွေလည်း ပြသနေမှာဖြစ်ပြီး companion app လေးကလည်း အဲဒီအကြောင်းလေးတွေနဲ့ပတ်သတ်ပြီး စာသားမှတ်တမ်းတင်နိုင်ဖို့အတွက် ရှိနေပါတယ်။ အဲဒီမှာ စာသားတွေ၊ ပုံတွေ၊ ဗွီဒီယိုတွေလည်း ထည့်နိုင်ပါတယ်။

သင့်ရဲ့ဇာတ်လမ်းလေး အဆင်သင့်ဖြစ်ပြီဆိုရင်တော့ app ကနေတစ်ဆင့် သင့်ရဲ့သူငယ်ချင်းတွေကိုလည်း မျှဝေနိုင်ပါတယ်။ ပြီးတော့ notification တွေကိုလည်း ရရှိနိုင်ပါတယ်။
ဒါဟာ နာရီဝတ်ဆင်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလိုက်တဲ့ အကြံလေးပါပဲ။ များသောအားဖြင့် စမတ်နာရီတွေဟာ သင့်ရဲ့ ဖုန်းကိုဖယ်ရှားပစ်လိုတဲ့အကြံရှိပါတယ်။ Monograph က အဲဒါကို အားပေးထားပါတယ်။

ဒါက သင့်အတွက် ဖြစ်လာမလား။ ဒါကတော့ သင်ဟာ ဖြစ်ပျက်သမျှကို သင့်သူငယ်ချင်းတွေထံ မျှဝေတတ်တဲ့သူလား။ ဒီလိုအရာကို ပိုလုပ်ချင်ပါသလား။ ဒါဆိုရင်တော့ သင့်အတွက်ပါပဲ။ ကျန်တာကတော့ ခလုတ်လေးကို နှိပ်ပြီးတော့ စိတ်ကြိုက်လူမှုကွန်ရက်တွေထက် သူ့အတွက်ထုတ်ထားတဲ့ app လေးကို သုံးရမှာပါ။ နှောင့်နှေးမှု မရှိတော့ဘူးပေါ့။
Monograph ကို လူအများက၀ယ်နေကြတယ်လို့ မပြောနိုင်ပါဘူး။ ဒီရဲ့ idea ကို ကြိုက်ပါတယ်။ သင့်ရဲ့ စမတ်နာရီကနေ အခြားစမတ်နာရီသုံးတဲ့သူထံ မျှဝေပေးနိုင်တာကို ကြိုက်ပါတယ်။ သူတို့ရဲ့ dial ပေါ်က on-screen pattern မှာ မြင်ရမှာပါ။
ဒါပေမယ့်လည်း သင့်ရဲ့ပျော်ရွှင်စရာအခိုက်အတန့်လေးကို မြင်ရဖို့ဆိုရင်တော့ သင့်သူငယ်ချင်းမှာလည်း app ရှိနေဖို့ လိုပါတယ်။ တကယ်လို့ သူတို့မှာ Monograph မရှိရင် ဘယ်လိုလုပ်မလဲ။
နောက်တစ်ခုကတော့ ဘာကြောင့်ကြိုက်ရသလဲဆိုရင်တော့ အထက်တန်းဆန်လို့ပါပဲ။ လုံးဝကိုကွဲထွက်နေတဲ့ဒီဇိုင်းမျိုးဖြစ်ပြီးတော့ နာရီအိမ်ကလည်း လှပစတိုင်လ်ကျပါတယ်။ ဈေးနှုန်းကတော့ ၁၂၆ဒေါ်လာ ဖြစ်ပြီးတော့ ပျော်ရွှင်ဖွယ်အခိုက်အတန့်လေးတွေကို မျှဝေနိုင်မှာပါ။

Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play


ပြီးတော့ ဘာလဲ။ နာရီတွေကို ဘယ်လိုလုပ်သလဲ။ သူတို့ရဲ့ ပြက္ခဒိန်ကို ကြည့်လိုက်တော့ သေချာတည်ဆောက်ထားပါတယ်။ သူတို့ကသာ Monograph ရဲ့ တောက်ပမှုနဲ့ ကြံ့ခိုင်မှုကို ပြန်လည်ပြင်ဆင်လိုက်မယ်ဆိုရင်တော့ ပိုကောင်းလာနိုင်ပါတယ်။
ရေဒါစတိုင် နာရီနဲ့ ကြေးဝါအိမ်လေးကတော့ နောက်ထပ်ဒီဇိုင်းတစ်မျိုးပါ။ အိတ်ဆောင်နာရီမျိုး ဖြစ်ပါတယ်။ သူတို့ရဲ့ပရောဂျက်ကသာ ငွေကောင်းကောင်းရှာနိုင်ခဲ့မယ်ဆိုရင်တော့ အဲဒီနာရီတွေဟာ နိုဝင်ဘာလောက်မှာ ဖြန့်ပါလိမ့်မယ်။ ပိုသိချင်တယ်ဆိုရင်တော့ ဒီလင့်မှာ ကြည့်လိုက်ပါ။
Aung Phyo Oo (Myanmar Mobile App)

Share on Facebook