Share on Facebook
ဇူလိုင်လ ၁၇ ရက်နေ့ (၁၇.၇.၂၀၁၇) တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။

ဒီနေ့ခေတ်ရဲ့ လူမှုဘ၀ပုံစံဟာ ပိုမိုသက်ဝင်လှုပ်ရှားပြီး အမြဲတမ်း တက်ကြွတဲ့ အသွင်မျိုးကို ဆောင်လာခဲ့ပါတယ်။ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ပြင်ပမှာပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်တွေ့ဆုံတာတွေ၊ အစည်းအဝေးတွေ တူတူတက်ရတာတွေ၊ ညစာတွေ တူတူစားကြတာတွေ၊ ပါတီပွဲတွေ အတူတူသွားကြတာတွေ၊ ခရီးတွေ အတူတူထွက်ကြတာတွေဟာ ပိုမိုများပြားလာခဲ့တာကို တွေ့နေရပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာအချိန်တွေကို လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေအပေါင်းအသင်း၊ မိသာစုတွေနဲ့ ပိုပြီးအချိန်ကုန်လွန်စေတာတွေဟာ အရင်ကထက်ပိုပြီးများလာခဲ့ပါတယ်။ ဒီလိုအများနဲ့ ကုန်လွန်စေတဲ့အချိန်တွေမှာ ကိုယ့်ရဲ့အမှတ်တရ အခိုက်အတန့်တွေဟာလည်း ကိုယ့်ဘဝနဲ့ထပ်တူ အရေးပါလာခဲ့ပါပြီ။ ဒါဆိုရင် ဒီအမှတ်တရလေးတွေကို ဘယ်လိုမှတ်တမ်းတင်သွားကြမလဲ။

ဒီနေ့ခေတ်မှာ စမတ်ဖုန်းတွေဟာ ကိုယ့်ရဲ့အနီးဆုံး မှတ်တမ်း ဒိုင်ယာရီတစ်ခုဖြစ်လာခဲ့ပါပြီ။ တစ်နေ့တာဖြတ်သန်းလိုက်တဲ့ အမှတ်တရတွေအားလုံးကို အချိန်မရွေးပြန်ကြည့်နိုင်စေမယ့် ဓာတ်ပုံလေးတွေအဖြစ်၊ video လေးတွေအဖြစ် မိမိလိုအပ်သလို သိမ်းဆည်းထားနိုင်ပါတယ်။ ဒါဆိုရင် အပြန်အလှန်လွယ်လွယ်ကူကူဝေမျှနိုင်မယ့် ဓာတ်ပုံလေး တွေကိုဘယ်လိုရိုက်ယူသွားကြမလဲ။ သင့်အနေနဲ့ သင့်ဘဝထဲက မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေဟာ လျော့ပါးသွားတာမဟုတ်ဘဲ အစဉ်အမြဲတိုးပွာများပြားနေကြတာဆိုတော့ စမတ်ဖုန်းသုံးစွဲသူတိုင်း မပျက်မကွက်သုံးနေကြတဲ့ Selfie ပုံလေးတွေမှာ အားလုံးဝင်ဆံ့အောင် ဘယ်လိုရိုက်ယူရမလဲဆိုတာအတွက် အခက်အခဲတစ်ခု ဖြစ်လာစေမှာမလွဲပါဘူး။ ဒါ့အပြင် နောက်ခံမြင်ကွင်းလှလှ၊ နောက်ခံရှုခင်းလှလှလေးတွေပါ ပါအောင်ထည့်ရမယ်ဆိုရင်တော့ သင့်ရဲ့အမှတ်တရ Selfie ပုံတစ်ပုံဖန်တီးရတာ ဒီထက်ပိုပြီးခက်ခဲသွားစေပါလိမ့်မယ်။

OPPO F3 Plus နဲ့ဆိုရင်တော့ ဒီအခက်အခဲတွေအားလုံးကို ကျောခိုင်းနှုတ်ဆက်လိုက်လို့ရပါပြီ။ မြင်ကွင်းကျယ် Wide angle 120° အထိရိုက်ယူပေးနိုင်စေမယ့် Dual Selfie Camera စနစ်က သင့်ရဲ့လိုအပ်ချက်တွေအားလုံးကို အကောင်းဆုံး မှတ်တမ်းတင်ပေးသွားမှာဖြစ်ပါတယ်။ သင့်ဘဝထဲမှာ သင်နဲ့အနီးဆုံးရှိနေကြတဲ့ အချစ်ဆုံးသူတွေအတွက်လည်း အကောင်းဆုံး Selfie ပုံလေးတွေကို ဝေမျှပေးသွားနိုင်စေဦးမှာဖြစ်ပါတယ်။ OPPO F3 Plus ဟာ အားလုံးရဲ့အမှတ်တရ အခိုက်အတန့်လေးတွေကို မှတ်တမ်းတင်ပေးသွားမယ့် Personal Diary တစ်ခုအဖြစ် အမြဲတမ်းရှိနေမှာပါ။

Share on Facebook