Share on Facebook
မေလ ၈ ရက်နေ့တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။

စမတ်ဖုန်းအသုံးပြုသူများအနေနဲ့ တစ်ခါတစ်လေမှာ ကြုံတွေ့ရတက်တဲ့ Network ပိုင်းနဲ့

ပတ်သတ်တဲ့ Error အချို့အကြောင်းကို ရေးသားပေးလိုက်ပါတယ်။ ဒါလေးတွေကတော့

ကျတော် ကြုံတွေ့ဖူးတဲ့ error အချို့ဖြစ်ပါတယ်။ အကယ်၍ ကျတော်အခုပြောပြထားတဲ့

error လေးတွေနဲ့ ပုံစံတူမယ်ဆိုရင် ဖြေရှင်းနိုင်ဖို့အတွက် အကြံပြု ရေးသားပေးလိုက်တာပါ။

 

 

*** Online နဲ့ပတ်သတ်တဲ့ App များသုံးမရတော့ခြင်း ***

Online ဖွင့်ပြီးအသုံးပြုရတဲ့ Social App များ Network game များ အစရှိတာတွေကို

အမြဲတန်းဆော့ကစားလို့ရနေပေမဲ့ တစ်ခါတစ်လေ အသုံးပြုလို့အဆင်မပြေတော့ရင်

ဖူန်းရဲ့ Setting ထဲမှာပါဝင်တဲ့ Date & Time ကိုအရင်စစ်ဆေးကြည့်ပါ။ တစ်ခါတစ်လေမှာ

အသေးအဖွဲလေးဖြစ်ပေမဲ့ သတိမထားမိရင်တော့ ခေါင်းစားရပါတယ်။ ကျတော်ပြောခဲ့သလို

Online app များ အသုံးပြုရတာ ဖွင့်မရဖြစ်ခဲ့ပါက ဒီနည်းလမ်းကို အသုံးပြုကြည့်

နိုင်ပါတယ်။

 

*** Broswer မှာ Online သုံးမရတော့ရင် ***

Broswer app တွေတစ်ခုပြီးတစ်ခု အသုံးပြုကြည့်ပေမဲ့လည်း သင့်ဖုန်းမှာ Online က

အလုပ်မလုပ်တော့ဘူးဆိုရင်တော့ ဖုန်းကို Firmware ပြန်တင်ကြည့်ပါ။ user တွေအနေနဲ့

ပြောရရင်တော့ Software ရေးတာပေါ့ဗျာ။ အချို့အလုံးတွေမှာတော့ App တွေကို Clear

data လုပ်လိုက်တာတို့ Factory data Reset ချလိုက်ရင်ပြန်ကောင်းနိုင်ပါတယ်။

လုံးဝ အဆင်မပြေရင်တော့ Firmware ပြန်တင်ကြည့်မှ အဆင်ပြေပါလိမ့်မယ်။

ဒီ Error ကတော့ ကျတော် VPN ကျော်ပြီးအသုံးပြုရင်းကနေ ဒီ error တက်တာပါ။

 

*** Online Connection သုံးနေရင်းနဲ့ ကျခဲ့ရင် ***

Online Connection ဟာအတက်အကျ ဖြစ်တက်ပါတယ်။ ကျတော်ဆို ခဏခဏကြုံ

ရပါတယ်။ Online ကလည်းဖွင့်ထားတယ်။ H+ ကြီးကလည်းတက်နေတယ်။ ဘေကလည်း

ရှိပြီးသား ဒါပေမဲ့ Online ကကိုယ်သုံးနေတာကနေဆက်မတက်ဘူး။ ဒါဆိုရင်တော့ Online

ကိုပိတ်ပြီး ဖုန်းကို Restart ပြုလုပ်ကာပြန်သုံးကြည့်ပါ။

 

*** Online App များသုံးရင်းနဲ့ ပြန်ပြန်ထွက်သွားခြင်း ***

အချို့ Online App တွေမှာဆိုရင်တော့ အသုံးပြုနေရင်း error တက်ပြီးပြန်ထွက်သွား

တက်ပါတယ်။ အရင်အသုံးပြုနေကျဘာမှမဖြစ်ပေမဲ့ သုံးရင်းနဲ့ error တက်ခဲ့ရင်တော့

App ကို Clear data ပြုလုပ်ပြီး ပြန်သုံးကြည့်ပါ။ ဒီလိုလုပ်လို့မှ အဆင်မပြေရင်တော့

App ကို update ပြုလုပ်ပြီးသုံးကြည့်သင့်ပါတယ်။

 

ဒါလေးတွေကတော့ ဖုန်းအသုံးပြုသာများ အများဆုံးကြုံတွေ့ရတက်တဲ့ Online App error

လေးတွေဖြစ်ပါတယ်။ နောက်လည်း ကြုံရင်ကြုံသလို ဖော်ပြပေးသွားပါမယ်။

 

 

 

Warmly Welcome

KoHtoo ( MMAS )

Share on Facebook