Share on Facebook

Xiaomi ရဲ့ အသစ်ထွက် Mi စီးရီးစမတ်ဖုန်းဖြစ်လာမယ့် Mi 6 ဟာမကြာခင်ထွက်ရှိတော့မှာပါ။ အခုလောလောဆယ်တော့ Online ပေါ်ကို Xiaomi MI 6 ရဲ့ဖုန်းပုံစံအသေးစိတ်ထွက်ရှိပေါက်ကြားလာခဲ့ပါတယ်။

Screen size ကတော့ 5.15 လက်မအရွယ် Full HD display နဲ့ဖြစ်ပြီး Snapdragon 835 Processor ကိုအသုံးပြုထားမှာပါ။ နားကြပ်ပေါက်မပါဝင်တော့ပါဘူး။ Dual Camera ပါဝင်ပြီး RAM 4 GB , Internal Memory 64GB နဲ့ RAM 6GB , Internal Memory 128GB စတဲ့ Storage ၂ မျိုးနဲ့ရွေးချယ်ဝယ်ယူရရှိနိုင်မယ်လို့သိရပါတယ်။

Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play

Android OS 7.1.1 (MIUI 9) နဲ့လာမှာပါ။ ရေစိုခံစမတ်ဖုန်းအမျိုးအစားလို့သိရပါတယ်။ ဈေးနှုန်းအားဖြင့် RAM 4GB Version က မြန်မာငွေ ၄ သိန်း ၈ သောင်းဝန်းကျင် နဲ့ RAM 6GB Version ကမြန်မာငွေ ၅ သိန်း ၉ သောင်း ၀န်းကျင်ကျသင့်မယ်လို့သိရပါတယ်။ အချက်အလက်အပြည့်အစုံကတော့ ဖုန်းတရားဝင်မိတ်ဆက်မှပဲသိရပါမယ်။

Share on Facebook