Share on Facebook


ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတွေအတွက် Sony ရဲ့ အဆန်းသစ်ဆုံး frame အပြည့် ကင်မရာကို မိတ်ဆက်လိုက်ပါပြီ။ A9 ကင်မရာအသစ်ဟာ Canon နဲ့ Nikon တို့ရှိန်လောက်တဲ့ ဒီဇိုင်းမျိုးနဲ့ဖန်တီးထားပြီးတော့ frame အပြည့်နဲ့ 24.2 megapixels ရှိတဲ့ CMOS sensors တွေကိုသုံးထားပါတယ်။ တရစပ်ရိုက်နိုင်တဲ့ အံ့ဖွယ်ရိုက်ချက်တွေနဲ့ အော်တိုချိန်ညှိနိုင်တဲ့ပွိုင့်ပေါင်း ၆၉၃ ပွိုင့်ရှိပါတယ်။ A9 ကင်မရာက 4K ဗွီဒီယိုတွေကို ရိုက်ကူးနိုင်ပြီးတော့ ဝင်ရိုးငါးခုနဲ့ ပုံကိုတည်ငြိမ်အောင် stabilize လုပ်နိုင်ပါတယ်။ SD ကဒ်ထည့်သွင်းနိုင်တဲ့အပေါက် ၂ပေါက်ပါဝင်ပြီးတော့ Ethernet အပေါက်တစ်ခုလည်း ပါဝင်ပါတယ်။ ဒီ A9 ကင်မရာကို အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၄၅၀၀ နဲ့ မေလ ၂၅ ရက်နေ့မှာ စတင်မိတ်ဆက်မှာဖြစ်ပါတယ်။

ဒီနေရာမှာ တရစပ်ရိုက်နိုင်တဲ့ရိုက်ချက်တွေဆိုတာကတော့ Sony က အားကစားမှာသုံးပြီး ရိုက်ကူးမယ့် ဓာတ်ပုံဆရာတွေကို ရောင်းချနိုင်ဖို့ မျှော်လင့်ချက်နဲ့ အမြန်နှုန်းနဲ့လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေကို A9 ကင်မရာမှာရနိုင်အောင်ပြုလုပ်ထားတာဖြစ်ပါတယ်။ အမှောင်ရိပ်ကျသွားတာတွေလည်း မရှိနိုင်တာမို့ ကိုယ်ရိုက်မယ့် အရာဝတ္ထု မြင်ကွင်းကနေ ပျောက်ကွယ်သွားတာမျိုးလုံးဝရှိမှာမဟုတ်ပါဘူး။ တစ်စက္ကန့်မှာ frame ၂၀ ကျော် ကနေ ၂၄၁ ကျော်လောက်ထိ ဆက်တိုက်ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါဟာတကယ်ကိုအထင်ကြီးလောက်စရာ အမိုက်စားကင်မရာတစ်လုံးဖြစ်မှာပါ။

ကင်မရာရဲ့ shutter အမြန်နှုန်းအမြင့်ဆုံးကတော့ 1/32,000 sec ဖြစ်ပြီး shutter နဲ့ frame ရိုက်ကူးချိန်တွေကို ဖယ်ထားလိုက်ရင်တော့ တစ်စက္ကန့်အတွင်းမှာကို AF/AE (Auto Focus/ Auto Exposure) ကို အကြိမ်၆၀ကျော်လောက်တွက်ချက်ပေးနိုင်တယ်လို့ Sony က ဆိုထားပါတယ်။ အလိုအလျောက်ချိန်ညှိနိုင်တဲ့ AF ပွိုင့်ပေါင်း ၆၉၃ ခုက frame ရဲ့ ၉၃%လောက်ကို သေချာထိန်းပေးနိုင်ပါတယ်။ နောက်ဘက်မှာလည်း ကိုယ့်ရိုက်မယ့်ဝတ္ထုကိုကောင်းကောင်းကြီးချိန်ညှိနိုင်ဖို့ joystick တစ်ခုလည်း ရှိပါတယ်။

A9 ကင်မရာရဲ့ 35mm frame ပြည့် Exmor RS CMOS sensor က ကမ္ဘာမှာပထမဆုံးသော အမျိုးအစားဖြစ်ပြီး ကုမ္ပဏီရဲ့ အရင်က full-frame ကင်မရာတွေထက် data processing နှုန်းက ၂ဆပိုမြန်အောင်ပြုလုပ်ထားကြောင်း Sony က ဖော်ပြထားပါတယ်။

A9 မှာ Sony ရဲ့ အကောင်းဆုံး viewfinder ကိုသုံးထားပါတယ်။ အဲတာကတော့ VGA OLED Tru-Finder ဖြစ်ပြီး 3,686k dots နီးပါး​လောက်​ရှိပါတယ်​။

Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play

Sony ရဲ့ α7RIIက XGA OLED Tru-Finder ထက်ကို ၂ဆလောက်ပိုမြင့်နေပြီး ကိုယ်ရိုက်မယ့်တကယ့်အပြင်ကမြင်ကွင်းနဲ့ ထပ်တူကျသလောက်နီးပါးထိ အလင်း level ကို ဖန်တီးထားတာကြောင့် သဘာဝအကျဆုံးရိုက်ချက်တွေကို ထုတ်ပေးနိုင်မှာကတော့ လုံးဝအသေအချာပါပဲ။ Tru-Finder ရဲ့ frame နှုန်းကို အကောင်းဆုံးတွဲဖက်မိအောင် 60fps ဒါမှမဟုတ် 120fps စိတ်ကြိုက်ရွေးလို့တောင်ရနိုင်ပါတယ်။

ကင်မရာရဲ့ ဘက်ထရီကတော့ Sony ရဲ့ အရင် full-frame ကင်မရာတွေထက်ကို ပြင်းအား 2.2 ဆ ပိုများပါတယ်။ ဖြုတ်တပ်နိုင်တဲ့မှန်တွေမပါတဲ့ mirrorless ကင်မရာတွေရဲ့အားနည်းချက်ကတော့ ဘက်ထရီသက်တမ်းဖြစ်ပြီး အခုတစ်ခေါက်မှာတော့ ဘယ်လောက်ကြာကြာရိုက်ကူးနိုင်မလဲဆိုတာနဲ့ ပတ်သတ်ပြီး Sony က ဘက်ထရီသက်တမ်းတိုးမြှင့်ထားတာကို တွေ့မြင်ရမှာပါ။ ဒါဟာ လက်ရှိဦးတည်ဈေးကွက်အတွက် အရမ်းကို အရေးကြီးတဲ့အချက်ပါပဲ။ ကင်မရာရဲ့ shutter အမြန်နှုန်းပေါ်မူတည်ပြီး vibration မရှိ အသံမထွက်ဘဲ ကောင်းကောင်းလုပ်ဆောင်သွားနိုင်တယ်လို့ ကုမ္ပဏီကဆိုထားပါတယ်။

Sony ကတော့ A9 မှာ 4K ဗီဒီယိုကိုလည်း အသားပေးထားတာဖြစ်ပါတယ်။ pixel တွေကိုမပေါင်းဘဲနဲ့ 3840×2160 ရုပ်ထွက်ကိုထုတ်ပေးဖို့ 6K အတွက်လိုအပ်တဲ့ data ပမာဏနဲ့ညီမျှတဲ့ ပမာဏကို full pixel ကပေးနိုင်မှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေအပြင် full-frame pixel က အရည်အသွေးအမြင့်ဆုံး အကောင်းဆုံး 4K ပုံရိပ်တွေကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။






Share on Facebook