Share on Facebook

Galaxy S8 review တွေထွက်ပေါ်လာသလို သူတို့တွေဟာ အတော်လေးကို အကောင်းဘက်ရောက်နေကြပါတယ်။

တကယ်တော့ Galaxy S8 ဟာ  ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ သူ့ရဲ့ hardware နဲ့ ဒီဇိုင်းပိုင်းမှာ အတော်လေးဆန်းပြား ကောင်းမွန်တာကို မြင်ရပါတယ်။ screen ဘေးနားက အနားသတ်တွေကိုပဲ ကြည့်လိုက်ပါ။

သူ့ရဲ့ဒီဇိုင်းအပြင် Galaxy S8 ရဲ့ screen ဟာ ဒီဖုန်းကို ထူးခြားစေတဲ့အရာတွေထဲက တစ်ခုအပါဝင်ဖြစ်ပါတယ်။ အထူးသဖြင့် iPhone 7 နဲ့ ယှဉ်လိုက်တဲ့အခါမှာပေါ့။

ဒီတော့ Galaxy S8 ရဲ့ screen ဟာ iPhone ထက် ဘယ်လိုကောင်းသလဲဆိုတာကို ကြည့်လိုက်ကြရအောင်လား။

၁။ Galaxy S8+ ရဲ့ screen က သင့်ကို iPhon ထက် ၀က်ဘ်ဆိုက်တွေကို ပိုပြီး ပြသပေးနိုင်ပါတယ်။

1. The Galaxy S8+'s screen can show you more of a website than the iPhone.

Galaxy S8 နဲ့ S8+ နှစ်ခုစလုံးမှာ ပုံမှန် iPhone နဲ့ iPhone Plus တို့ထက် မျက်နှာပြင်ပိုကြီးတာမို့ ၀က်ဘ်ဆိုက်ရဲ့ ပါဝင်တဲ့ စာသား၊ပုံတွေကို ပိုမိုပြသပေးနိုင်တာလည်း ဖြစ်ပါတယ်။ မျက်နှာပြင်နေရာလည်း ပိုများလာပါတယ်။

အောက်ကိုအနည်းငယ်ဆွဲချလိုက်ရုံနဲ့ ၀က်ဘ်ဆိုက်ရဲ့ search bar ကို ဖျောက်လိုက်ပြီးတော့ ပိုပြီးမြင်သာအောင် ပြသပေးပါတယ်။

Even when I scroll down a little bit to hide the web browser's search bar, the Galaxy S8 shows you more.

၂။ သူဟာ Instagram လို သင့်ရဲ့ app တွေကိုလည်း ပိုမိုပြသပေးနိုင်ပါတယ်။ အောက်ကိုဆွဲချစရာမလိုဘဲ အသေးစိတ်အချက်အလက်လေးတွေကို မြင်ရမှာလည်း ဖြစ်ပါတယ်။

2. It can also show you more of your apps, like Instagram, which lets you get a few extra details without scrolling.

Galaxy S8 ဖုန်းတွေဟာ iPhone ထက် မျက်နှာပြင်ပိုကြီးတဲ့အတွက်ကြောင့် မြင်ရတဲ့ပုံစံတွေက ကွဲပြားပါတယ်။ သူဟာ စာသာတွေ၊ ပုံတွေကို ကြီးပစ်လိုက်မယ့်အစား ပိုမိုမြင်သာအောင် လုပ်ဆောင်ပေးထားတာကို မြင်ရပါတယ်။

Instagram မှာ ရှိတဲ့ပုံတွေဟာ Galaxy S8 Plus  နဲ့ iPhone Plus တို့အတွက် အတူတူပဲဖြစ်ပြီးတော့ အမြင့်အရ S8+ က ပိုသာတဲ့အတွက်ကြောင့် အောက်ကိုဆွဲချစရာမလိုဘဲ ပုံအတွက်ရေးသားထားတဲ့စာတွေနဲ့ ကွန်မန့်အချို့ကို မြင်နိုင်ပါတယ်။

၃။ သူဟာ Youtube ဗွီဒီယိုတွေကိုလည်း မျက်နှာပြင်ပေါ်မှာ အပြည့်မြင်ရအောင် ချိန်ပေးပါတယ်။

3. It adapts YouTube videos to use the full width and height of the screen.

Youtube ဗွီဒီယိုအများစုဟာ Galaxy S8 ရဲ့ 18.5:9 aspect ratio နဲ့ ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ ဒါကြောင့် ဗွီဒီယိုတွေကို ပုံမှန် 16:9 aspect ratio နဲ့သာ ထုတ်လုပ်လေ့ရှိတာပါ။ ဒါကြောင့် အနက်ရောက် အနားသတ်တွေနဲ့ မြင်ရလေ့ရှိတာကို ကြုံဖူးကြမှာပါ။ အဲဒါကိုတော့ “letterboxing” လို့ နည်းပညာစကားလုံးအရ ခေါ်ကြပါတယ်။

ဒါပေမယ့် Galaxy S8 ကတော့ ဗွီဒီယိုတွေကို သူ့ရဲ့ 18.5:9 aspect ratio ကို ချိန်လိုက်တာမို့ ဖုန်းရဲ့ မျက်နှာပြင်အပြည့်ကို မြင်ရမှာပါ။ ဒါကြောင့် letterboxing effect ကို မမြင်ရတော့ပါဘူး။

၎။ iPhone မျက်နှာပြင်ထက် ပိုမိုပြတ်သားပါတယ်။

4. It's much sharper than the iPhone's screen.

Galaxy S8 ရဲ့ မျက်နှာပြင်ဟာ 2K (1440p) resolution ဆိုတော့ အရမ်းကို ပြတ်သားကြည်လင်ပါတယ်။ မျက်နှာပြင်အရွယ်အစားကလည်း နည်းနည်းရှည်တယ်လို့ ပြောလို့ရတဲ့အတွက် 18.5:9 aspect ratio နဲ့ ကိုက်အောင် လုပ်ထားတာ ဖြစ်နိုင်ပါတယ်။

iPhone Plus မော်ဒယ်လ်မှာတော့ 1080p full HD resolution သာ ပါဝင်တာဖြစ်ပြီး ပုံမှန်မော်ဒယ်လ်မှာဆိုရင်တော့ 750p resolution သာ ပါဝင်ပါတယ်။

၅။ Galaxy S8 မှာ Samsung ရဲ့ Edge feature ပါဝင်ပါတယ်။

5. The Galaxy S8 has Samsung's Edge feature.

မျက်နှာပြင်ပေါ်က Edge tab ကို ဆွဲလိုက်မယ်ဆိုရင် သင့်ရဲ့အကြိုက်ဆုံး apps ၊ contacts နဲ့ Samsung features စတာတွေပါဝင်တဲ့ အသုံးဝင်လှတဲ့ shortcut လေးတွေကို မြင်ရမှာပါ။

When you swipe the Edge tab on the screen, it pulls out a handy shortcut to your favorite apps, contacts, and Samsung features.

၆။ iPhone 7 Plus ထက် iPhone 7 Plus က လက်တစ်ဖက်တည်းနဲ့ စာရိုက်ရတာ ပိုလွယ်ပါတယ်။

6. It's easier to type with one hand on the Galaxy S8+ than the iPhone 7 Plus.

ကြီးမားတဲ့ဖုန်းတွေမှာ လက်တစ်ဖက်တည်းနဲ့ စာရိုက်ရတာ မလွယ်ကူပါဘူး။ ဒါပေမယ့် Galaxy S8+ မှာ လက်တစ်ဖက်တည်းနဲ့ စာရိုက်ရတာ လွယ်ကူတယ်ဆိုတဲ့အကြောင်း ကျွန်တော့မိတ်ဆွေ Avery Hartmans က တွေ့ရှိခဲ့ပါတယ်။

Galaxy S8+ ဟာ iPhone Plus ထက် ပိုကျဉ်းပါတယ်။ ဒါကြောင့်လည်း ကိုင်ရတာ ပိုသက်တောင့်သက်တာရှိပြီးလက်တစ်ဖက်တည်းနဲ့ သုံးနိုင်ပါတယ်။ S8+  ရဲ့ footprint တွေဟာ iPhone နဲ့ ယှဉ်လိုက်ရင် ကျဉ်းမြောင်းနေတာကို မြင်ရပါတယ်။

၇။  Galaxy S8 က အရောင်တွေကို ပိုကောင်းလာပြီး အလင်းနဲ့အမှောင်ကြား contrast လုပ်တာကိုလည်း ကောင်းမွန်စေတဲ့ နည်းပညာကို အသုံးပြုထားပါတယ်။

7. The Galaxy S8 uses a screen technology that produces better colors and better contrast between dark and brighter parts of the screen.

Apple ကတော့ ပိုကောင်းမွန်တဲ့ အရောင်နဲ့ တောက်ပမှုတွေကို ယူဆောင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း Samsung ရဲ့ AMOLED နည်းပညာနဲ့တော့ မယှဉ်နိုင်သေးပါဘူး။

အပေါ်မှာပြထားတဲ့ပုံတွေအရ Galaxy S8 Plus ဟာ ပိုကောင်းတဲ့ကာလာတွေရှိတယ်ဆိုတာ သေချာသလောက်ပါပဲ။ ကောင်းကင်ပြာနဲ့ သစ်ပင်စိမ်းစိမ်းလေးတွေကို အဓိကထားကြည့်လိုက်ပါ။

Galaxy S8 ရဲ့ AMOLED မျက်နှာပြင်ဟာ အမှောင်ရိပ်အပိုင်းတွေကိုလည်း အသေးစိတ်ကျကျမြင်ရတာကို တွေ့နိုင်ပါတယ်။ ညာဘက်နားက သစ်ပင်ဆိုရင် သိသာပါတယ်။

ကိုးကားပြောရမယ်ဆိုရင်တော့ မျက်နှာပြင်နှစ်ခုစလုံးမှာ အမြင့်ဆုံးတောက်ပမှုကို ထားထားပါတယ်။ ဓါတ်ပုံရိုက်တဲ့အချိန်မှာ setting ချိန်ထားခြင်း မရှိပါဘူး။

၈။ Galaxy S8 ရဲ့ မျက်နှာပြင်အတွက် အရောင်တွေနဲ့ တောက်ပမှုတွေကို ချိန်ညှိနိုင်ပါသေးတယ်။

8. You can change the way the Galaxy S8's screen produces colors and brightness.

Galaxy S8 မှာ ဆိုရင်တော့ သင်နှစ်သက်သလို ပြုပြင်နိုင်ပါတယ်။ သင့်အနေနဲ့ Apple တွေးတာမျိုးကို နှစ်သက်တယ်ဆိုရင်တော့ သူတို့အတိုင်း လိုက်ပြီးချိန်ညှိနိုင်ပါတယ်။ Apple ကတော့ အခြေခံအားဖြင့်တော့ ကောင်းပါတယ်။ ဒါပေမယ့် Galaxy S8 ကလည်း ရွေးကြည့်ဖို့ ထိုက်တန်တယ်လို့ ပြောပါရစေ။

Aung Phyo Oo (Myanmar Mobile App)

Comments

comments

Share on Facebook