Share on Facebook

tim cook apple ceo with maddie ziegler at iphone 7 launch event

Samsung ရဲ့ အသစ်ထွက်ရှိလာတဲ့ Galaxy S8 အတွက် ရေးသားကြတဲ့ ပထမဆုံးသော review တွေဟာ အရမ်းကိုပဲ အကောင်းဘက်များနေတာ တွေ့ရပါတယ်။ ဖြစ်လည်းဖြစ်သင့်ပါတယ်။

အဲဒီဖုန်းဟာ တကယ့်ကိုကောင်းမွန်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ hardware ပိုင်းကောင်းမွန်တယ်။ ဒီဇိုင်းလှပတယ်။ ကင်မရကောင်းကောင်းနဲ့ ဘတ်ထရီသက်တမ်းလည်းခံတယ်။ ပြီးတော့ performance ပိုင်းလည်း ပြောစရာမလိုဘူး။

ဒါပေမယ့်လည်း iPhone 7 ကတော့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် အနည်းငယ်ဒိတ်အောက်နေတယ်လို့ ခံစားရှုမြင်စရာဖြစ်နိုင်ပေမယ့်လည်း Galaxy S8 ကို သာလွန်နေစေတဲ့ အားသာချက်တစ်ခုကတော့ iOS စနစ်ပဲဖြစ်ပါတယ်။

Review တွေကို ကြည့်လိုက်ပါ။

လူတိုင်းနီးပါးက Samsung ရဲ့ hardware နဲ့ ဒီဇိုင်းကိုသာ ချီးကျူးနေတဲ့အတွက်ကြောင့် software ပိုင်းမှာတော့ ပြစ်ချက်ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ Samsung ရဲ့ ကိုယ်ပိုင် ဒီဂျစ်တယ်assistant ဖြစ်တဲ့ Bixby ဟာ ပြောရမယ်ဆိုရင်တော့ အသုံးမ၀င်လှသေးပါဘူး။ Google Assistant ကို တုပဖို့တောင် မဖြစ်နိုင်သေးတာပါ။ ဒါ့အပြင် Samsung ဟာ Bixby ကို အလောတကြီး ထုတ်ပြလိုက်တာဖြစ်ပြီးတော့ ဒီနှစ်နောက်ပိုင်းမတိုင်ခင်အထိ သူ့ရဲ့ အသံနဲ့ထိန်းချုပ်နိုင်စွမ်းကို အသုံးပြုနိုင်မှာ မဟုတ်သေးပါဘူး။ အဲဒီလို ဖြစ်လာမယ်ဆိုရင်တော့ Galaxy S8 ပိုင်ရှင်တွေကတော့ သူတို့ရဲ့ဖုန်းတစ်လုံးထဲမှာ assistant နှစ်ခုရှိနေမှဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် အားပြိုင်မှုတွေကို ခံစားရမှာလည်း ဖြစ်ပါတယ်။

ဒီထက်အရေးပါတာကတော့ Samsung ဟာ Android အပေါ်ကို မလိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုများစွာကို ပြုလုပ်ထားပါတယ်။ အီးမေးလ်ကနေ ပြက္ခဒိန် တွေအထိ Samsung-branded apps တွေဟာလည်း ထပ်နေတာကို မြင်ရပါတယ်။ ပြီးတော့လည်း သူတို့အားလုံးဟာ Google apps တွေထက်လည်း ပိုကောင်းမနေပါဘူး။

ဒါ့အပြင် Samsung မှာ သူ့ရဲ့ဖုန်းကို up to date ဖြစ်အောင် ထားနိုင်တဲ့အပိုင်းမှာ မှတ်တမ်းဆိုး ရှိပါတယ်။ တစ်နှစ်လောက်ရှိပြီဖြစ်တဲ့ Galaxy S7 ဟာ Android ရဲ့ နောက်ဆုံးဗားရှင်းကို အသုံးမပြုခဲ့ပါဘူး။ Goole ဟာ အဲဒီအချိန်က နောက်ဆုံးဗားရှင်းကို ထုတ်ခဲ့တာ ခြောက်လလောက်ကြာနေပေမယ့်လည်း အသုံးမပြုနိုင်ခဲ့ပါဘူး။

တစ်ချိန်တည်းမှာပဲ Samsung-specific software feature အသစ်တွေဟာ ဖုန်းအဟောင်းတွေအတွက်တော့ အဆင်မပြေလှပါဘူး။ သင့်အနေနဲ့ Samsung ဖုန်းအသစ်တစ်လုံးကို ၀ယ်လိုက်မယ်။ ဒါဆိုရင်တော့ တစ်နှစ်လောက်အထိ သက်ဆိုင်နေပါလိမ့်မယ်။ နောက်ထပ် အသစ်တစ်လုံး မထွက်ခင်အထိပေါ့။

Samsung Galaxy S8 20

Apple ကတော့ iPhone တွေကို နှစ်ပေါင်းများစွာကြာအောင် up to date ဖြစ်အောင်ထိန်းထားတဲ့နေရာမှာ ကောင်းစွာလုပ်ဆောင်နိုင်ပါတယ်။ သူဟာ iPhone တိုင်းကို တူညီတဲ့ဗားရှင်းတွေမှာ တူညီတဲ့ feature တွေထည့်သွင်းဖို့ ကြိုးစားပါတယ်။ ဒါကြောင့်လည်း iOS စနစ်ရဲ့အားသာချက်က developer တွေကို နောက်ဆုံးပေါ်နဲ့ အကောင်းဆုံး app နဲ့ feature တွေကို iOS ပေါ်မှာ အရင်ဆုံးပေးအပ်နိုင်စေတာလည်း ဖြစ်ပါတယ်။

စမတ်ဖုန်းတွေမှာ Apple ရဲ့ ဦးဆောင်နေမှုက နည်းပါးတယ်ဆိုတာကတော့ မှန်ပါတယ်။ Samsung ရဲ့ ဆန်းသစ်တဲ့ hardware နဲ့ ဒီဇိုင်းလှပမှုကြောင့် စိတ်ဝင်စားမှုကို ခံနေရတာပါ။ ဒါပေမယ့် iOS ကတော့ Apple ရဲ့ အားသာချက်ပါပဲ။

Galaxy S8 ဟာ ပိုမိုကျယ်ပြန့်တဲ့ screen လိုမျိုး  လက်ရှိ Samsung မှာပါဝင်တဲ့ feature တွေပါဝင်မယ်လို့ ပြောနေကြတဲ့ Apple ရဲ့ iPhone အသစ်ကို ပြိုင်ဆိုင်နိုင်ဖို့ အတော်လေးရုန်းကန်ရနိုင်ချေရှိတယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။

Samsung ကတော့ Galaxy S8 ကို ပြသအပြီးမှာ လအနည်းငယ်လောက် တောက်တောက်ပပနဲ့ ထင်ရှားနေတာကို ကျေနပ်နေမှာပါ။ ဒါပေမယ့် Apple က သူ့ရဲ့ဦးဆောင်မှုတွေကို ပြန်လည်သိမ်းပိုက်မှာတော့ အသေအချာပါပဲ။

Aung Phyo Oo (Myanmar Mobile App)

Comments

comments

Share on Facebook