Share on Facebook
ဇွန်လ ၁၂ ရက်နေ့ (၁၂.၆.၂၀၁၇) တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။

Google ရဲ့ I/O developer conference မှာ စီအီးအို Sundar Pichai ဟာ Google Lens လို့ခေါ်တဲ့နည်းပညာအသစ်တစ်ခုကို ကြေညာခဲ့ပါတယ်။ ဒီထုတ်ကုန်ရဲ့စိတ်ကူးကတော့ Google ရဲ့ computer vision နဲ့ AI နည်းပညာကို ပိုမိုအားကောင်းလာစေဖို့နဲ့ သင့်စမတ်ဖုန်းကင်မရာကို စမတ်ဖြစ်လာစေဖို့အတွက် ရည်ရွယ်ထားပါတယ်။ သူတို့ရဲ့ ရှင်းပြပုံအရဆိုရင် စမတ်ဖုန်းကင်မရာဟာ သင်မြင်သလို မမြင်ရပါဘူး။ ဒါပေမယ့်လည်း သင်မြင်ရတဲ့အရာကိုနားလည်ပြီးတော့ သင့်ရဲ့လုပ်ဆောင်ချက်တွေကို အထောက်အကူပြုပေးနိုင်မှာပါ။

သရုပ်ပြမှုအတွင်းမှာတော့ Google ဟာ သင့်ရဲ့ကင်မရာကို တစ်ခုခုကိုညွှန်ပြလိုက်ပြီးတော့ Lens က ဘာလဲဆိုတာကို ပြန်ပြောပြပေးမယ့်ပုံကို ပြသခဲ့ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ သင်ရိုက်ကူးချင်နေတဲ့ပန်းကို သိနိုင်သလိုမျိုးပါပဲ။

နောက်တစ်ခုကတော့ သာမန်လုပ်ဆောင်ချက်တစ်ခုကို Lens က ဘယ်လိုလုပ်ဆောင်သလဲဆိုတာကို Pichai က ပြသပေးခဲ့ပါတယ်။ သင့်အိမ်က  Wi-Fi network ကို router ပေါ်က စတစ်ကာလေးကို ဓါတ်ပုံရိုက်လိုက်တာနဲ့ ချိတ်ဆက်ပြီးသား ဖြစ်သွားပါတယ်။

ဒီလိုကိစ္စမျိုးမှာတော့ Google Lens ဟာ network ရဲ့အမည်နဲ့လျှို့ဝှက်နံပါတ်တွေကို သိရှိနိုင်ပြီး ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ အလိုအလျောက်ချိက်ဆက်ပေးသွားမှာပါ။

တတိယတစ်ခုကတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ စတိုးဆိုင်ပုံတွေပဲဖြစ်ပါတယ်။ Google Lens ဟာ နာမည်တွေကိုပြသပေးနိုင်ပြီးတော့ ပုံရဲ့အပေါ်မှာ ဒီလုပ်ငန်းရဲ့ အချက်အလက်တွေနဲ့ rating တွေကိုပါ ပြသပေးသွားမှာဖြစ်ပါတယ်။

နည်းပညာအရကတော့ ကင်မရာကို သင့်အနားကအရာတွေကိုရိုက်ကူးပြီးတော့ ကင်မရာရဲ့ viewfinder မှတစ်ဆင့် ချိတ်ဆက်အသုံးပြုကြည့်ရှုနိုင်အောင် လုပ်ဆောင်ထားခြင်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ Google Home demonstration အတွင်းမှာ Google Assistant နဲ့ ပေါင်းစပ်ထားမှုကို ပြသခဲ့ပါတယ်။ Assistant app ထဲမှာ ခလုတ်တစ်ခုအသစ်ထည့်လိုက်ပြီး သုံးစွဲသူတွေဟာ Lens ကို launch လုပ်နိုင်မှာဖြစ်ပြီးတော့ Assistant နဲ့ ပြောနေတဲ့အချိန်မှာ ပုံကိုထည့်ပေးရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ပုံနဲ့သက်ဆိုင်တဲ့လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးသွားမှာပါ။

အဲဒါကို သရုပ်ပြသဖို့အတွက် Google မှ Scott Huffman ဟာ သူ့ရဲ့ကင်မရာကို Stone Foxes show ရဲ့ စာတန်းလေးကိုပြလိုက်ပါတယ်။ Google Assistant ဟာ လက်မှတ်အရောင်းနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို ပြသပေးပါတယ်။ “Add this to my calendar” လို့ပြောလိုက်တာနဲ့ လုပ်ဆောင်ပြီးသား ဖြစ်သွားပါတယ်။

Assistant ထဲကို Lens ရောက်ရှိသွားခြင်းအားဖြင့် ဘာသာပြန်ဆိုမှုတွေကိုလည်း အထောက်အကူဖြစ်စေပါတယ်။

သူ့ရဲ့ကင်မရာကို ဂျပန်သင်္ကေတတွေကို ပြလိုက်ပြီး “What does this say?” လို့ မေးလိုက်ပါတယ်။ Google Assistant က စာသားတွေကို ဘာသာပြန်ပေးပါတယ်။

ဆက်လက်ပြီးတော့ Google ရဲ့ algorithms တွေဟာ ဓါတ်ပုံတွေကို ပိုကောင်းအောင်လုပ်ထားတယ်ဆိုတာကို Pichai  က ပြသခဲ့ပါတယ်။ သင့်ကလေးနဲ့ baseball game ကို ရိုက်ကူးတဲ့အခါမှာ ခြံအတွင်းကနေရိုက်ကူးတယ်ဆိုရင် အလိုအလျောက် ခြံစည်းရိုးတွေကို ဖျောက်ပေးသွားမှာပါ။ အလင်းအားနည်းတဲ့အချိန်ရိုက်ကူးတယ်ဆိုရင်လည်း အလိုအလျောက်ပြင်ဆင်ပေးသွားဦးမှာပါ။

လက်ရှိအချိန်မှာတော့ ရနိုင်မလားဆိုတာကို မပြောခဲ့သေးပါဘူး။ သူတို့ပြောတာကတော့ မကြာမီလာမည် မျှော် ပါတဲ့။

Aung Phyo Oo (Myanmar Mobile App)

Share on Facebook