Share on Facebook
ဇွန်လ ၁၂ ရက်နေ့ (၁၂.၆.၂၀၁၇) တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။

တယ်လီနောမြန်မာလီမိတက် သည် ၁၈၀၀MHz လှိုင်းနှုန်းစဉ်တွင် နည်းပညာမရွေးဖြင့် သုံးနိုင်သည့် ၂X၁၀MHzကို အသုံးပြုခွင့် ရရှိပြီ ဖြစ်ကြောင်း သိရှိရသည်။ ယင်းလှိုင်းနှုန်းစဉ်ကို အသုံးပြုခွင့် ၁၂ နှစ်တာကာလ အတွက် သတ်မှတ်နှုန်းထား အမေရိကန်ဒေါ်လာ သန်း ၈၀ ကို ပေးအပ် မည် ဖြစ်ပါသည်။

ယခုကဲ့သို့ လှိုင်းနှုန်းစဉ်ကို အသုံးပြုခွင့်ရရှိမှုမှာ 3G ကွန်ရက် အသုံးပြုမှုထက် ၁၀ ဆ ပိုမိုမြန်ဆန်သည့် နှုန်းဖြင့် သုံးစွဲနိုင် စေ မည့် စစ်မှန်သော 4G/Long-Term Evolution (LTE) ၀န်ဆောင်မှုများကို တိုးချဲ့ ပေးအပ်ရန် လမ်းစဖြစ်ကြောင်း တယ်လီနောမှ ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ သိသိသာသာ တိုးတက်လာခဲ့တာကို တွေ့မြင်ကြရမှာပါ။ အာရှတစ်ဝှမ်းက မြို့ကြီးတွေမှာ ရရှိနေမှုနဲ့ အလားတူ ကွန်ရက်လွမ်းခြုံမှုနဲ့ ၀န်ဆောင်မှု အရည်အသွေးတွေကို မြန်မာနိုင်ငံ တစ်နှံ့တစ်လွှားက မြို့ကြီးပြကြီးတွေနဲ့ မြို့နယ်တွေမှာလည်း ရရှိနေပြီ ဖြစ်ပြီး ယနေ့ မြန်မာနိုင်ငံဟာ ‘မိုဘိုင်း ဦးစား ပေး’ နိုင်ငံတစ်ခု ဖြစ်နေပါပြီ။ 4G/LTE ၀န်ဆောင်မှုတွေကို လျင်လျင်မြန်မြန် ပေးအပ်နိုင်ခြင်းက ဒေသတွင်းက အကောင်းဆုံး နိုင်ငံစာရင်းထဲကို ရောက်ရှိစေမှာ ဖြစ်သလို ပညာရေး၊ စီးပွားရေး၊ ဆက်သွယ်ရေးနဲ့ ဖျော်ဖြေရေးကဏ္ဍတွေ မှာ မာလ်တီ မီဒီယာ အခြေပြု ဒစ်ဂျစ်တယ် ၀န်ဆောင်မှုတွေကို ပြောင်းလဲပေးအပ်နိုင်ဖို့ အရှိန်ရစေမှာ ဖြစ်ပါတယ်” ဟု တယ်လီနော၏ အမှုဆောင် အရာရှိချုပ်

“မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး မိုဘိုင်းကွန်ရက်ကြီးကို တယ်လီနောအနေနဲ့ တည်ထောင်ထားပြီး ဖြစ်သလို လက်ရှိ ရှိထား ပြီးသား လှိုင်းနှုန်းစဉ်တွေကို အသုံးပြုပြီး 4G ၀န်ဆောင်မှုတွေကို မြို့ ၁၉ မြို့မှာ ပြီးခဲ့တဲ့ ၁၀ လတာ ကာလအတွင်း မိတ်ဆက် ပေးထားပြီးလည်း ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ သာလွန်ကောင်းမွန်တဲ့နှုန်းနဲ့ ဒေါင်းလုတ်ကူးယူမှု၊ hi-definition ဗီဒီယို တွေကို အပြတ်အတောက်မရှိ ချောချောမွေ့မွေ့ ကြည့်ရှုနိုင်မှု၊ ဂိမ်းတွေကို အထစ်အငေါ့ကင်းကင်း ကစားနိုင်မှု၊ လူမှု ကွန်ရက် တွေကို အကောင်းမွန်ဆုံးအသုံးပြုနိုင်မှု၊ လူသုံးများတဲ့အချိန်တွေမှာလည်း တည်ငြိမ်တဲ့ ကွန်ရက် ၀န်ဆောင်မှုကို အသုံးပြုနိုင်မှု စတာတွေပါဝင်တဲ့ ပြီးပြည့်စုံတဲ့ အင်တာနက်အသုံးပြုမှု အတွေ့အကြုံကို ရရှိစေဖို့ တယ်လီနောအနေနဲ့ အခု ၁၈၀၀ MHz လှိုင်းနှုန်းစဉ်ကို အသုံးပြုပြီး ၀န်ဆောင်မှုတွေ ပေးအပ်သွားမှာပါ။ လက်ရှိမှာ တယ်လီနောအနေနဲ့ ကျနော်တို့ရဲ့ ကွန်ရက် အတွင်း ၁၈၀၀ MHz ကနေ 4G/LTE ကို ပေးအပ်နိုင်အောင် ဆောင်ရွက်နေပြီး မကြာခင်မှာပဲ အရေအတွက် ပိုမိုများပြားတဲ့ မြို့ကြီးတွေနဲ့ မြို့တွေမှာ ဒီဝန်ဆောင်မှုတွေကို တိုးချဲ့ပေးအပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ရန်ကုန် မှာလည်း 4G/LTE ၀န်ဆောင်မှုတွေကို မကြာခင်မိတ်ဆက်နိုင်တော့မှာ ဖြစ်ပါတယ်”ဟ တယ်လီနော၏ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က ပြောကြားသည်။

တယ်လီနောသည် လက်ရှိတွင် တာဝါတိုင်ပေါင်း ၇၅၀၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အလျင်မြန်ဆုံး တိုးတက်လျက်ရှိသော အင်တာနက်ဒေတာကွန်ရက်မှ တစ်ဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံးနှင့် နေပြည်တော်ရှိ သုံးစွဲသူပေါင်း ၁၉ သန်းခန့်ကို ၀န်ဆောင်မှုများ ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

 

Share on Facebook