Share on Facebook
ဇူလိုင်လ ၁၇ ရက်နေ့ (၁၇.၇.၂၀၁၇) တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။

Dell အနေနဲ့ Inspiron Gaming PC များတွင် ပထမဆုံးအနေဖြင့်  desktop ကိုစတင်ထည့်သွင်းလာခဲ့ပါတယ်။   Inspiron Gaming Desktop အသစ်တွင် နောက်ဆုံးပေါ် AMD Ryzen Processor နှင့် Polaris graphic တို့ ပါဝင်ပြီး သုံးစွဲသူများမှ လိုအပ်ပါကလည်း Nvidia Geforce GTX 1060 ကို သုံးစွဲနိုင် ကြမည်ဖြစ်သည်။ သုံးစွဲသူမှ VR Ready ဂရပ်ဖစ်ကတ် များအပြင် လိုအပ်ပါက dual-card သုံးရန်ပါ ရွေးချယ် နိုင်မည်ဖြစ်သလို RAM 32GB ထိ ထည့်သွင်းနိုင်မည်ဖြစ်ပြီး advanced coolling option များကိုလည်း ရွေးချယ်ပေးထားသည်။ Storage အနေနှင့်လည်း HDD, SSD စသည်ဖြင့် စုံလင်ကာ dual drive ပုံစံကိုပါ ရွေးချယ်နိုင်မည်ဖြစ် သည်။ Super speed USB 3.1, Type-C port, USB 3.1 port ၆ ခု စသည်တို့ပါဝင်သည်။ Wave Max Audio Pro နှင့် Performance 7.1 channel HD audio တို့လည်းပါဝင်ခဲ့သည်Alienware အမှတ်တံဆိပ်၏ ပိုင်ရှင်ဖြစ်သည်နှင့်အညီ Dell သည် Inspiron အမှတ်တံဆိပ်အား သုံးစွဲသူများ ငွေကြေးအရ သက်သာစေမည့် gaming PC များအတွက် သုံးခြင်းဖြစ်သည်။Dell Inspiron Gaming Desktop အား$၆၉၉ မှ စတင်ဝယ်ယူနိုင်ပြီး လိုအပ်သည့် configuration များကို web store မှပြုလုပ်နိုင်မည်ဖြစ်သည်။

Share on Facebook