Share on Facebook
ဇူလိုင်လ ၁၇ ရက်နေ့ (၁၇.၇.၂၀၁၇) တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။

ကုန်တိုက်တွေမှာ ဈေးဝယ်ရတာဟာသင့်အတွက်နှစ်သက်စရာတခုလား ၊စိတ်အနှောင့်အယှက်ဖြစ်စရာလား။ ဆွီဒင် startup ကုမ္ပဏီ Wheelys ကတော့ Moby Mart အမည်ရအရောင်းဝန်ထမ်း မပါတဲ့ ရွေ့လျားစက်ရုပ် စတိုးဆိုင်ကိုဖန်တီးလိုက်ပါပြီ။ ရှန်ဟိုင်းရှိ လမ်းများမှာ Moby Mart ဟာစတင်စမ်းသပ် ဈေးရောင်းနေပါပြီ။ ၂၄ နာရီရောင်းချ ပေးပြီးဈေးဝယ်မယ့်သူအနေနဲ့ Moby Mart App ကနေစတိုးဆိုင်ရဲ့ တည်နေရာကိုသိနိုင်မှာပါ။ ဒါ့အပြင် ဈေးဝယ်သူများက သူတို့ရှိတဲ့ နေရာထံစတိုးဆိုင်ကိုခေါ်နိုင်ပါသေးတယ်။ Drone ဖြင့် ကုန်ပစ္စည်းပို့ဆောင်ပေးတဲ့ ၀န်ဆောင်မှုလည်း စတိုးဆိုင်မှာ ထည့်သွင်းပေးဦးမှာ ဖြစ်ပါတယ်။ အရောင်းဝန်ထမ်း မပါဘဲ ၀ယ်ယူချင်တဲ့ ကုန်ပစ္စည်းကိုဖုန်းကနေ Scan လုပ်လိုက်တာနဲ့ မိုဘိုင်းငွေပေးချေမှု စနစ်ဖြင့် ၀ယ်ယူရမှာဖြစ်ပါတယ်။

စတိုးဆိုင်မှာဝယ်ယူနိုင်မှာကတော့ အစာပြေမုန့်၊ ဆေးဝါးများ၊ မဂ္ဂဇင်းများ အပါအ၀င် အခြေခံစားသောက်ကုန်များကိုရောင်းချပေးနေပါတယ်။ သူရဲ့အရွယ်အစားဟာ ဘတ်စ်ကားငယ် တစ်စီးလောက်သာရှိပါတယ်။ လက်ရှိအချိန်မှာတော့  နမူနာမော်ဒယ်ကို လူကထိန်းချုပ်မောင်းနှင်နေတာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ ဥာဏ်ရည်တု(AI)နည်းပညာဖြင့် အလိုအလျောက် မောင်းနှင်မှာ ဖြစ်ပါတယ်။

Moby Mart ဟာကုန်ပစ္စည်းများ ပြန်လည်ဖြည့်တင်းဖို့ ကုန်လှောင်ရုံကို အလိုအလျောက် သွားနိုင်ပါတယ်။ သူဟာနေရောင်ခြည် စွမ်းအင်ကိုအသုံးပြု မောင်းနှင်တာ ဖြစ်ပြီးအခြား Moby Mart ကားများနဲ့လည်းဆက်သွယ်နိုင် ပါတယ်။ ၃ မိုင်အကွာအဝေးအတွင်းကို စတိုးဆိုင်ကသွားရောက် ရောင်းချပေးနိုင်ပါတယ်။ တရုတ် တက္ကသိုလ်တစ်ခုနဲ့ Wheelysတို့ ပူးပေါင်း၍ Moby Mart ကိုဖန်တီးထားတာ ဖြစ်ပါတယ်။ ရှန်ဟိုင်းမှာ စမ်းသပ် ရောင်းချပေးနေတာ တော့ နှစ်လကြာပြီ ဖြစ်ပါတယ်။

Share on Facebook