Share on Facebook

G6 ရဲ့ နောက်ထပ်ဗားရှင်းအသစ်ကို LG က ကြေညာလိုက်ပါတယ်။ LG G6 Plus မှာ RAM တွေပိုမိုပါဝင်လာသလို storage space လည်း ပိုလာပါတယ်။

ပြီးခဲ့တဲ့အပတ်ကထွက်ခဲ့တဲ့သတင်းတွေအရ သူ့ရဲ့ flagship ဖုန်းကို ဗားရှင်းအများပြားထုတ်တဲ့ နည်းစနစ်ကို ပြောင်းလဲအသုံးပြုလိုက်တာလည်း ဖြစ်ပါတယ်။ IFA မှာ မျှော်မှန်းထားခဲ့တဲ့ V30 ကလည်း ဒီလမ်းကြောင်းအတိုင်း လိုက်လာတော့မှာပါ။

LG G6 Plus မှာဆိုရင် 6GB RAM ၊ 128GB built-in storage ပါဝင်ပြီး LG G6 မှာကတော့ 4GB နဲ့ 64GB သာ ပါဝင်ပါတယ်။ G6 Plus ဟာ ပုံမှန် G6 ထက် မကြီးပါဘူး။ RAM ၊ storage space ကလွဲပြီး အသေးစိတ်အချက်အလက်ပိုင်းဆိုင်ရာမှာဆိုရင် 5.7-inch QHD+ display ၊ Snapdragon 821 processor ၊ dual 13MP ကင်မရာ ၊ 3,300 mAh ဘတ်ထရီ ပါဝင်ပုံခြင်းကတော့ အတူတူပါပဲ။

Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play

Snapdragon 821 အစား Snapdragon 835 ကို အသုံးပြုထားပြီးတော့ “Plus” ဆိုတဲ့နာမည်နဲ့ တကယ်ပဲ လိုက်လျောညီထွေရှိပါတယ်။ LG ဟာ ဈေးကွက်ထိုးဖောက်မှုကို ပိုမိုကောင်းမွန်တဲ့ ပရိုဆက်ဆာကို အသုံးပြုပြီး အရှိန်မြှင့်တင်လိုပုံ ရပါတယ်။

ဘတ်ထရီပိုင်းဆိုင်ရာအရဆိုရင် LG G6 Plus ဟာ ကြိုးမဲ့အားသွင်းစနစ်ကို အသုံးပြုထားပါတယ်။ အဲဒီ feature ကိုတော့ မြောက်အမေရိကမှာ ရောင်းချခဲ့ပြီးဖြစ်တဲ့ G6 မော်ဒယ်လ်မှာ ရပြီးသားပါ။ G6 Plus မှာ ဒီ feature ကို တစ်ကမ္ဘာလုံးမှာ အသုံးပြုနိုင်ပါ့မလားဆိုတာကတော့ မသိရသေးသလို သီးသန့်ဈေးကွက်မှာပဲရမလားဆိုတာကလည်း မပြောနိုင်သေးပါဘူး။ ဒါပေမယ့် LG က နောက်ပြန်မဆုတ်လောက်ဘူးလို့တော့ မျှော်လင့်ရပါတယ်။

LG G6 Plus မှာ Hi-Fi DAC ပါဝင်ပြီး ဒီ feature ကိုတော့ အာရှဈေးကွက်မှာသာ ရနိုင်ပါတယ်။ အဲဒီဖုန်းတွေကို B&O Play headphone တွေနဲ့ မြင်ရမှာပါ။

အရောင်အနေနဲ့ကတော့ Optical Marine Blue ၊ Optical Terra Gold ဆိုပြီးတော့ နှစ်ရောင်ရနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် LG G6 Plus ၊ LG G6 တို့မှာ ပါဝင်လာမယ့် software feature အသစ်တွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

  • Galaxy S8 မှာ အသုံးပြုခဲ့တဲ့ Face Print ကို မြင်ရနိုင်ပါတယ်။ တစ်စက္ကန့်တောင်မကြာပဲ ဖုန်းကို ဖွင့်နိုင်တော့မယ်လို့ ယူဆထားရပါတယ်။
  • ပါဝါစားသက်သာတဲ့ always-on mode
  • Covered Lens တွေက သုံးစွဲသူရဲ့လက်တွေဟာ ဖုန်းရဲ့ wide-angle camera မြင်ကွင်းကို ကွယ်ထားမယ်ဆိုရင် သတိပေးခြင်း

LG G6 Plus ဟာ တောင်ကိုရီးယားမှာ အရင်ဆုံးရောက်မှာပါ။ အခြားဈေးကွက်တွေကိုလည်း မကြာခင်မှာ ရောင်းချတော့မှာပါ။ ဈေးနှုန်းနဲ့ရနိုင်မယ့်နေရာတွေကိုတော့ မကြာခင်မှာ သိရတော့မှာပါ။ ဒါပေမယ့် မကြာခင်ထွက်ထားတဲ့သတင်းအရဆိုရင်တော့ G6 ထက် ဒေါ်လာ၁၀၀ လောက် ပိုကုန်မယ်လို့ မျှော်လင့်ထားပါတယ်။

ပါဝါစားသက်သာခြင်း၊ Covered Lens ၊ Face Print ကိုယူဆောင်လာမယ့် software update ကလည်း နောက်လမှာ ထွက်ရှိလာတော့မှာပါ။

Aung Phyo Oo (Myanmar Mobile App)

Share on Facebook