Share on Facebook

၁၉ ၉ ၀ နောင်ပိုင်းတွင် အမေရိကန်သမ္မတ ဂျော့စ်ဘုရှ် က လေထုညစ်ညမ်းမှုဆိုင်ရာဥပဒေ တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဓိက ကတော့ ပတ်ဝန်းကျင်နဲ့လူသားတွေကို ခြိမ်း ခြောက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက်ပါ။

အခုအချိန်အထိတော့ တစ်ဦးတစ်ယောက်မှ လေထုညစ်ညမ်းမှု၊ လေထုထဲရှိ အဆိပ်အ တောက်ဖြစ်စေတဲ့ ဓာတ်ငွေတွေကြောင့် ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းအတွက် အသက် သေဆုံးရတဲ့ လူ၊ တိရိစ္ဆာန် နှင့် အပင်တွေ မရှိသေးပါဘူး။

Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play

ဒါကြောင့် လန်ဒန်အခြေစိုက် ကိန်းဘရစ်မျက်နှာဖုံးကုမ္ပဏီတစ်ခုက စမက်မျက်နှာဖုံးကို တီထွင်နိုင် ခဲ့ပါတယ်။ အဆိုပါ မျက်နှာဖုံးဟာ လေထဲမှာ ရှိတဲ့ လေထုညစ်ညမ်းမှုတွေကို ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ မျက်နှာဖုံးဟာ စတိုင်ကျလှပသလို အဆုတ်ကို ကာကွယ်ဖို့အတွက်လည်း နည်းပညာ ဖြင့် အလွှာ ၃ လွှာဖြင့် ကာကွယ်ပေးထားပါတယ်။ ပထမလွှာကတော့ ပြင်ပက ၀င်လာမယ့် ဖုန်မှုန့်တွေ ရန်ကနေ ကာကွယ်ပေးပါတယ်။ ဒုတိယအလွှာကတော့ အခြားလေထုထဲမှာ ပါဝင်လာမယ့် အမှုန့်အမွှားလေးတွေကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ တတိယအလွှာကတော့ စစ်တပ်သုံးအ ဆင့် ကာဘွန်ဖိုင်ဘာအ၀တ်စဖြင့် ပြုလုပ်ထားပြီး အဆိုပါအလွှာကနေ ဗိုက်ရပ်စ်၊ ဘက်တီးရီးယား နှင့် ဂက်စ်ငွေ့ညစ်ညမ်းမှုတွေကနေ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

ပိုပြီးတော့ ဆွဲမက်စရာကောင်းတာကတော့ အဆိုပါမျက်နှာဖုံးမှာ အခြားထပ်မံတပ်ဆင်လို့ရတဲ့ နည်းပညာတွေ ထည့်သွင်းနိုင်ခြင်းပဲ ဖြစ်ပါတယ်။ စွမ်းအင်သုံးစွဲမှုအနည်းဆုံးကို အသုံးပြုထားတဲ့ Bluetooth ကို မြှုပ်နှံထားနိုင်ပြီး အဆိုပါ ဆင်ဆာမှတစ်ဆင့် မိုဘိုင်းဖုန်းအတွင်းကနေ အသက်ရှုလမ်းကြောင်းဆိုင်ရာရှိ အဆုတ်ရဲ့ အလုပ်လုပ်ပုံ၊ အသက်ရှုသည့်ပုံစံအစရှိတာတွေကို တွက်ချက်ပေးနိုင်သည့်အပြင် နောက်ဆုံး မျက်နှာဖုံးသက်တမ်းကုန်ဆုံးမယ့်အချိန်နှင့် App alarms စနစ်တွေကိုပါ ထောက်ပံ့ပေးနိုင်ပါတယ်။

ကိန်းဘရစ်မျက်နှာဖုံးကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်နှင့် စီအီးအို ဖြစ်သူ ခရစ်တိုဖာ ဒေါ့ဘင် ကတော့ လူသားတွေဟာ သူတို့ကို ကြည့်ရတာ စိုးရိမ်ပူပန်မှုတွေ မရှိဘဲနဲ့ ပြင်ပကို ထွက်နိုင်ဖို့နဲ့ သူတို့ရဲ့ ဘဝပျှော်ရွှင်မှုတွေကို ဖန်တီးနိုင်ဖို့ ယုံကြည်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံက ကလေးတော်တော်များများဟာ လေထုညစ်ညမ်းမှုကြောင့် ရေရှည်ကျန်းမာရေး ဆိုင်ရာဆိုးကျိုးများကို တွေ့မြင်ပြီးနောက် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းဖို့အတွက် ကြိုးစားခဲ့ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါ စမက်မျက်နှာဖုံးကို သြဂုတ်လတွင် စတင်ရောင်းချမှာ ဖြစ်ပြီး အရောင် ငါးမျိုး အထိ ရွေးချယ်မှာယူနိုင်မယ်လို့ဆိုပါတယ်။ မျက်နှာဖုံးမှာ အရွယ်အစား ၅ မျိုးအထိ ပါဝင်ပြီး စိတ်ကြိုက် ချုံ့နိုင် ချဲ့နိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ မူလမျက်နှာဖုံးက ပေါင် ၁၉ ၉  ဖြစ်ပြီး စမက်ဗားရှင်းမျက်နှာဖုံးကတော့ ပေါင် ၂၉ ၉ ဖြစ်ပါတယ်။

မိုးဆက်ကို(MMA)

 

Share on Facebook