Share on Facebook
ဇူလိုင်လ ၁၇ ရက်နေ့ (၁၇.၇.၂၀၁၇) တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။

သတင်းထွက်ပေါ်လာတဲ့ ကောလဟာလပုံမှာ မြင်တွေ့ရတဲ့အတိုင်းဆိုရင် Note 8 ရဲ့ မျက်နှာပြင်အောက်မှာ Onscreen Fingerprint ကို ထည့်သွင်းဖို့အတွက် ပြင်ဆင်ထားတယ်ဆိုတာ သေချာပါတယ်။ ဒီအတွက် နည်းပညာဟာ ရှိပြီး သားဖြစ်ေ နပေမယ့် Galaxy S8 ထွက်မယ့် အချိန်ဟာ အရမ်းနီးကပ်နေတဲ့ အတွက် အဆင်သင့် မဖြစ်ခဲ့ရလို့ လက်လျော့လိုက်ပုံ ရပါတယ်။ Weibo မှာ တင်ထားတဲ့ ပို့စ်တစ်ခုအရ အဆိုပါနည်းပညာအတွက် လိုအပ်ချက်တွေ ရှိနေသေးပြီး အပြစ်ကင်းစင်မှုမရှိသေးတာကြောင့်လို့လည်း ဆိုပါတယ်။

အဆိုပါ ဖုန်းမျက်နှာပြင်အောက်မှာ Fingerprint ကို ထားနိုင်ဖို့အတွက် ကြိုးစားနေတဲ့ကုမ္ပဏီတွေ ဟာလည်း သူတို့လုပ်နိုင်တာထက်ကို ပိုပြီး အစောဆုံးထုတ်နိုင်ဖို့ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

Samsung အနေဖြင့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းလောက်ကစပြီး အဆိုပါနည်းပညာအ တွက် ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပြီး အလားတူ Apple ကလည်း ထိုကဲ့သို့သော် နည်းပညာ အတွက် အမည်မဖော်လိုတဲ့ အစိတ်အပိုင်းထုတ်လုပ်သူတွေနဲ့ ပူးပေါင်းပြီး သူတို့ရဲ့ ကိုယ်ပိုင်ထုတ် ကုန်ကို ပြုလုပ်နေတယ်လို့ဆိုပါတယ်။ အားလုံး စိတ်ဝင်စားနေကြတာက အဆိုပါ နည်းပညာကြောင့် ဖုန်းတွေရဲ့ ဘေးဘောင်မျက်နှာပြင်တွေကို အတက်နိုင်ဆုံး လျော့ချပေးနိုင် မယ်လို့ ထင်နေကြလို့ဖြစ်ပါတယ်။

အစောပိုင်းပြောဆိုမှုများအရ အဆိုပါ နည်းပညာမှာ ဖုန်းမျက်နှာပြင်အောက်မှာ တည်ရှိပြီး Fingerprint အသုံးပြုနိုင်ဖို့အ တွက် လုံလောက်တဲ့ အလင်းရောင်တောက်ပမှုနဲ့အတူ အသုံးပြုသူ အတွက် အဆိုပါပတ်ပတ်လည်တွင် အာရုံခံစနစ်များ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ တကယ်လို့ ဖုန်းရဲ့ မျက်နှာပြင် ပိတ်သွားခဲ့မယ်ဆိုရင်တောင်မှာ အဆိုပါ Onscreen မျက်နှာပြင်ကို မြင်သာနေ အောင် ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီနည်းပညာကို ထောက်ပံ့ပေးနိုင်ဖို့အတွက် Apple ရော Samsung ပါ အစိတ်အပိုင်းတွေကို အစားထိုးနိုင်ဖို့အတွက် နောက်နှေးနေခဲ့ကြပြီး Samsung အနေဖြင့် အဆိုပါနည်းပညာကို အကောင်းဆုံးဖြေရှင်းဖို့အတွက် အကောင်းဆုံး နည်းလမ်းကို မတွေ့သေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ Samsung Galaxy Note 8 ကို သြဂုတ်လ အစောပိုင်းမှာ မြင်တွေ့ ရဖို့တော့ မျှော်လင့်နိုင်ပါတယ်။

Apple အနေဖြင့်လည်း ကောလဟာလသတင်းတွေအရ အဆိုပါနည်းပညာကို ယခုအသစ်ထွက် လာမည့် Apple iPhone 8 မှာ ပါဝင်လာဖွယ်မရှိသေးပါဘူး။ ဒါပေမယ့် Samsung အတွက် အကြီးမားဆုံးသော မေးခွန်းကတော့ အဆိုပါနည်းပညာဟာ တကယ်လား ၊ သို့မဟုတ် ဘယ်တော့လဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါလိမ့်မယ်။

မိုးဆက်ကို(MMA)

 

Share on Facebook