Share on Facebook
ဇူလိုင်လ ၁၇ ရက်နေ့ (၁၇.၇.၂၀၁၇) တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။

Apple ရဲ့ iPhone 8 ဟာ လာမည့် စက်တင်ဘာလအတွင်းမှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ ထွက်ဖို့အချိန်နီး လာလေေ လ ဖုန်းနဲ့ပတ်သက်တဲ့ သတင်းပေါက်ကြားမှုတွေဟာ ပိုပြီး မှန်ကန် တိကျမှုရှိလာလေလေ ဖြစ်ပါတယ်။ ယခုလည်း iPhone 8 မှာ အသုံးပြုမယ့် Screen Protector အသစ်ကြောင့် iPhone 8 ရဲ့ နောက်ဆုံး ဒီဇိုင်းပုံစံကို အတည်ပြုနို င်ပြီ ဖြစ်ပါတယ်။

iPhone 8 တွင် အသုံးပြုမည့် Screen Protector ပုံစံ

ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ iPhone Screen Protector ဒီဇိုင်းပုံစံအရ ယခင်နောက်ဆုံး ထွက်ရှိထားတဲ့ iPhone 8 ရဲ့ ဒီဇိုင်းကို ပိုမိုသေချာအောင် အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် iPhone 8 ရဲ့ မျက်နှာပြင်ေ ဘးဘောင်ဟာ ၄ မီလီမီတာ ပါ ရှိတော့မှာ ဖြစ်ပါတယ်။

အခြားထွက်ရှိပြီးသားသတင်းများအရ iPhone 8 မှာ ၀ါယာလက်နည်းပညာဖြင့် အားသွင်းနိုင်မည့် လုပ်ဆောင်ချက်နှ င့်အတူ ဘက်ထရီသက်တမ်းကိုလည်း ပိုမိုတိုးတက်ကောင်းမွန်လာမယ်လို့ ဆိုပါတယ်။

ယခုနှစ် စက်တင်ဘာလအတွင်း iPhone မှာ ဖုန်းမော်ဒယ်အသစ် ၃ မျိုးကို မိတ်ဆက်သွားမှာ ဖြစ်ပြီး ယခင်ထွက်နေကြ ဖစ်တဲ့ iPhone 7S, 7S Plus နှင့် iPhone ၁၀ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ထုတ်လုပ်မယ့် iPhone 8 တို့ပဲဖြစ်ပါ တယ်။

မိုးဆက်ကို(MMA)

 

Share on Facebook