Share on Facebook

Zawgyi Version

Huawei က Huawei Band 2 နဲ႕ Band 2 Pro ဆိုျပီးေတာ့ fitness tracker အသစ္ ႏွစ္ခုကို ေၾကညာလိုက္ပါတယ္။ ႏွစ္ခုစလံုးက ႏွလံုးခုန္ႏႈန္း၊ အရွိန္၊ အကြာအေ၀း၊ အျမန္နဲ႕ ဦးတည္ခ်က္ေတြကို တုိင္းတာေပးႏုိင္တဲ့ လုပ္ေဆာင္ခ်က္ေတြ ပါ၀င္ပါတယ္။

ေနာက္ထပ္ ထပ္ထည့္ထားေပးတာကေတာ့ VO2 Max တုိင္းတာမႈ ျဖစ္ပါတယ္။ ဒါေၾကာင့္မို႕ ၀တ္ဆင္ထားသူရဲ႕ ကိုယ္ထဲကို ေအာက္ဆီဂ်င္၀င္ျပီးေတာ့ ၾကြက္သားေတြထဲကို ကူးေျပာင္းေပးကာ စြမ္းအင္းအျဖစ္ေျပာင္းလဲႏုိင္တဲ့ အျမန္ဆံုးႏႈန္းကိုလည္း ျပသေပးႏုိင္မွာ ျဖစ္ပါတယ္။ အဲဒီနည္းပညာရဲ႕ တိက်မႈကေတာ့ ၉၅%ေလာက္အထိ ျဖစ္ပါတယ္လို႕ တင္ျပခ်က္ေတြ႕အရ သိရပါတယ္။

Pro အတြက္ ပါ၀င္တဲ့ feature ေတြကေတာ့ Huawei ရဲ႕ TruSleep virtual sleep hygiene နဲ႕ breathing tracker ၊ on-board GPS sensor နဲ႕ Huawei ရဲ႕ Running Coach တို႕ ျဖစ္ပါတယ္။ ႏွလံုးခုန္ႏႈန္းေစာင့္ၾကည့္စနစ္ကေတာ့ တစ္ေန႕လံုးလုပ္ေဆာင္ေပးမွာျဖစ္လို႕ မတူညီတဲ့အားကစားေတြနဲ႕ လႈပ္ရွားမႈေတြေၾကာင့္ ဘယ္လိုေျပာင္းလဲသြားသလဲဆိုတာကိုလည္း သိရွိႏုိင္ေတာ့မွာပါ။
Huawei band ႏွစ္ခုစလံုးကိုေတာ့ Training Effect feature လို႕ေခၚတဲ့ အားကစားလုပ္တဲ့အဆင့္ေတြရွိတဲ့ေနရာမွာ ဘယ္အဆင့္ဆိုရင္ ဘယ္လိုမ်ိဳး အက်ိဳးသက္ေရာက္နိုင္တယ္၊ ဘာေတြတိုးတက္လာႏုိင္တယ္ဆိုတာ ျပသထားတဲ့ Training Effect feature ကိုလည္း ထည့္ေပးထားပါတယ္။ သူတို႕ေတြဟာ ေရေအာက္ကို 5 atmospheres ေလာက္အထိ ခံနုိင္ရည္ရွိျပီး ေရခ်ိဳးျခင္း၊ ေရငုပ္ျခင္း၊ မိုးရြာထဲ ၀တ္ဆင္သြားျခင္းတို႕ကို ခံႏုိင္ရည္ရွိမွာျဖစ္ပါတယ္။
စမတ္ဖုန္းနဲ႕ တြဲဖက္လိုက္မယ္ဆိုရင္ Huawei Band 2 နဲ႕ Band 2 Pro ဟာ သတိေပးခ်က္ေတြ၊ ႏႈိးစက္ေတြနဲ႕ မက္ေဆ့ခ်္ေတြကို ျပသေပးႏုိင္ဦးမွာပါ။

Unicode Version

Huawei က Huawei Band 2 နဲ့ Band 2 Pro ဆိုပြီးတော့ fitness tracker အသစ် နှစ်ခုကို ကြေညာလိုက်ပါတယ်။ နှစ်ခုစလုံးက နှလုံးခုန်နှုန်း၊ အရှိန်၊ အကွာအဝေး၊ အမြန်နဲ့ ဦးတည်ချက်တွေကို တိုင်းတာပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။
နောက်ထပ် ထပ်ထည့်ထားပေးတာကတော့ VO2 Max တိုင်းတာမှု ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဝတ်ဆင်ထားသူရဲ့ ကိုယ်ထဲကို အောက်ဆီဂျင်ဝင်ပြီးတော့ ကြွက်သားတွေထဲကို ကူးပြောင်းပေးကာ စွမ်းအင်းအဖြစ်ပြောင်းလဲနိုင်တဲ့ အမြန်ဆုံးနှုန်းကိုလည်း ပြသပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီနည်းပညာရဲ့ တိကျမှုကတော့ ၉၅%လောက်အထိ ဖြစ်ပါတယ်လို့ တင်ပြချက်တွေ့အရ သိရပါတယ်။
Pro အတွက် ပါဝင်တဲ့ feature တွေကတော့ Huawei ရဲ့ TruSleep virtual sleep hygiene နဲ့ breathing tracker ၊ on-board GPS sensor နဲ့ Huawei ရဲ့ Running Coach တို့ ဖြစ်ပါတယ်။ နှလုံးခုန်နှုန်းစောင့်ကြည့်စနစ်ကတော့ တစ်နေ့လုံးလုပ်ဆောင်ပေးမှာဖြစ်လို့ မတူညီတဲ့အားကစားတွေနဲ့ လှုပ်ရှားမှုတွေကြောင့် ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကိုလည်း သိရှိနိုင်တော့မှာပါ။
Huawei band နှစ်ခုစလုံးကိုတော့ Training Effect feature လို့ခေါ်တဲ့ အားကစားလုပ်တဲ့အဆင့်တွေရှိတဲ့နေရာမှာ ဘယ်အဆင့်ဆိုရင် ဘယ်လိုမျိုး အကျိုးသက်ရောက်နိုင်တယ်၊ ဘာတွေတိုးတက်လာနိုင်တယ်ဆိုတာ ပြသထားတဲ့ Training Effect feature ကိုလည်း ထည့်ပေးထားပါတယ်။ သူတို့တွေဟာ ရေအောက်ကို 5 atmospheres လောက်အထိ ခံနိုင်ရည်ရှိပြီး ရေချိုးခြင်း၊ ရေငုပ်ခြင်း၊ မိုးရွာထဲ ဝတ်ဆင်သွားခြင်းတို့ကို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။
စမတ်ဖုန်းနဲ့ တွဲဖက်လိုက်မယ်ဆိုရင် Huawei Band 2 နဲ့ Band 2 Pro ဟာ သတိပေးချက်တွေ၊ နှိုးစက်တွေနဲ့ မက်ဆေ့ချ်တွေကို ပြသပေးနိုင်ဦးမှာပါ။

Aung Phyo Oo (Myanmar Mobile App)

Comments

comments

Share on Facebook