Share on Facebook
ဇူလိုင်လ ၁၇ ရက်နေ့ (၁၇.၇.၂၀၁၇) တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။


iPhone Plus မော်ဒယ်လ်တွေရဲ့ အကောင်းဆုံးအားသာချက်ကတော့ ကီးဘုတ်နေရာယူတော်တော်ကျယ်တာပဲဖြစ်ပါတယ်။ လူကောင်ကြီးကြီး လက်ကြီးကြီးသူတွေကတော့ Plus မော်ဒယ်လ်တွေမှာ ကီးဘုတ်ကို လက်မနဲ့ပဲရိုက်လို့ အဆင်ပြေပါတယ်။ ဒါပေမယ့် လူတိုင်းအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ကျွန်တော်တောင် လက်တစ်ချောင်းတည်းနဲ့ ကီးဘုတ်ကနေစာရိုက်ဖို့ ကြိုးစားကြည့်တဲ့အခါမှာ ၅.၅လက်မအကျယ် screen က တော်ရုံကြီးတာမဟုတ်တဲ့အတွက် ထိန်းကိုင်ပြီးရိုက်ဖို့ ခက်ခဲပါတယ်။ အမြဲတမ်းတော့ gesture typing ကိုရနိုင်တဲ့ တခြားကီးဘုတ်တခုခုကိုပြောင်းသုံးလေ့ရှိပေမယ့် အခုတော့ iOS 11 မှာ အဲ့လိုပြောင်းသုံးစရာမလိုတော့ပါဘူး။

iOS 11 မှာတော့ မူလကီးဘုတ်မှာတင်ကို One-Handed mode ကို အသုံးပြုလို့ရနိုင်ပါတယ်။ one-handed mode ပြောင်းပြီးပြီဆိုရင်တော့ screen ရဲ့ ဘယ်ဘက်စွန်း ဒါမှမဟုတ် ညာဘက်စွန်းဘက်ကို ကီးဘုတ်က ကပ်သွားမှာဖြစ်ပါတယ်။

၎.၇လက်မနဲ့ ၅.၅လက်မအရွယ် iPhone တွေမှာလည်း portrait mode မှာ one-handed ကီးဘုတ် feature ကိုရနိုင်ပါတယ်။

One-Handed ကီးဘုတ်ကို ဘယ်လိုပြောင်းမလဲ??


One-Handed ကီးဘုတ်ပြောင်းမယ်ဆိုရင်တော့ လွယ်ပါတယ်။ ကီးဘုတ်မှာတင်ကို ပါတဲ့အတွက် အလွယ်တကူ ပိတ်ဖွင့်၊ သုံးမသုံးရွေးလို့ရပါတယ်။

အဆင့် ၁။ ကီးဘုတ်ပေါ်လာပြီဆိုရင် ကမ္ဘာလုံးပုံတွေကို နှိပ်ထားလိုက်ပါ။

အဆင့် ၂။ ကီးဘုတ်စာရင်းပေါ်လာပြီဆိုရင် သူတို့ရဲ့အောက်မှာ ခလုတ် (button) သုံးခုပေါ်လာပါမယ်။ အလယ်ခေါင်က ကီးဘုတ်ပုံခလုတ်လေးကို highlight လုပ်ထားတာကို တွေ့ရမှာပါ။

အဆင့် ၃။ ကိုယ့် iPhone ကို ဘယ်ဘက်လက်နဲ့ ကိုင်တတ်လဲဆိုတာကို လိုက်ပြီးတော့ ဘယ်ဘက်မှာရှိတဲ့ ကီးဘုတ်ကိုရွေးလိုက်ရင် ကီးဘုတ်က ဘယ်ဘက်ကိုကပ်သွားမှာဖြစ်ပြီးတော့ ညာဘက်မှာရှိတဲ့ကီးဘုတ်ကိုရွေးလိုက်ရင် ညာဘက်ကိုကပ်သွားမှာဖြစ်ပါတယ်။

One-Handed ကီးဘုတ်ကို ဘယ်လို ပြန်ဖြုတ်မလဲ???

ကီးဘုတ်ရဲ့ မူလဆိုဒ်ကိုပဲပြန်သွားချင်တယ်ဆိုရင်တော့ ကီးဘုတ်ရဲ့နောက် တဖက်မှာတွေ့ရမယ့် မြှားလေးကိုနှိပ်လိုက်ရုံပါပဲ။
ကမ္ဘာလုံးပုံလေးကို နှိပ်ပြီးဖိထားပြီးရင် အလယ်ခေါင်က ကီးဘုတ်ကို ပြန်ရွေးပေးရုံပါပဲ။

One-Handed ကီးဘုတ်ကို ‘Setting’ ကနေ ဘယ်လိုပြောင်းမလဲ???

Setting ကနေလည်း One-handed ကီးဘုတ်ကိုပြောင်းလို့ရနိုင်ပါသေးတယ်။

အဆင့် ၁။ Setting ကိုဖွင့်ပြီး GeneralKeyboard ကိုသွားပါ။

အဆင့် ၂။ အဲဒီကနေပြီးတော့ One-Handed Keyboard ကိုရွေးပေးပါ။

အဆင့် ၃။ အဲ့မှာ Disabled, Left နဲ့ Right ဆိုပြီး ရွေးစရာသုံးခုကိုတွေ့ပါမယ်။ ကီးဘုတ်ကို တစ်ဖက်ဖက်ကိုကပ်ချင်ရင်တော့ Left ဒါမှမဟုတ် Right ရွေးပေးရမှာဖြစ်ပြီး Disabled ကတော့ ကီးဘုတ်ရဲ့ မူလဆိုဒ်ကို ပြန်သွားချင်ရင် ရွေးပေးရမှာဖြစ်ပါတယ်။

နောက်တစ်ခါဆိုရင်တော့ ကိုယ့်ဆီအရေးတကြီးမက်ဆေ့ခ်ျင်လာပြီဆိုရင် One-handed ကီးဘုတ်လေးကို သုံးပြီးတော့ မြန်မြန်ဆန်ဆန် စာပြန်နိုင်မှာဖြစ်ပါတယ်။ ကီးဘုတ်မှာပါတဲ့ မိုက်ခရိုဖုန်းပုံလေးကို နှိပ်ပြီးတော့လည်း speech-to-text feature ကို သုံးကြည့်လိုက်ပါဦး။

iOS 11 ရဲ့ One-Handed ကီးဘုတ်အသစ်နဲ့ပတ်သတ်ပြီး သင့်အတွက် အသုံးဝင်လားမလား တခြားကီးဘုတ်အသစ်တစ်ခုခုကိုပဲ သုံးမလားဆိုတာလေးနဲ့ သင့်အမြင်လေးကိုလည်း နည်းနည်းလောက်ပြောပြခဲ့ပါဦး။

Share on Facebook