Share on Facebook
Zawgyi Version
Unicode Version
Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play
ZenFone 4 ၊ ZenFone 4 Selfie ၊ ZenFone 4 Pro နဲ့ ZenFone 4 Max တို့အပါအဝင် Asus ဟာ ZenFone 4 မော်ဒယ်လ်လေးခုအကြောင်းကို မတော်တဆတင်ခဲ့မိပါတယ်။ ဒီကနေ့မှာတော့ Asus ZenFone 4 ဟာ benchmark site တစ်ခုဖြစ်တဲ့ GFXBench ပေးမှာ ပေါ်လာခဲ့ပါတယ်။ 1080 x 1920 resolution ရှိတဲ့ ၅.၅လက်မ display နဲ့ စတင်ထားပါတယ်။ octa-core CPU ကို 2.2GHz clock speed နဲ့ မောင်းနှင်ထားပြီးတော့ Snapdragon 630 SoC ပါ၀င်မယ်လို့ ခန့်မှန်းချက်နဲ့အတူ Adreno 508 GPU အကြောင်းကိုလည်း တင််ထားတာ တွေ့ရပါတယ်။
GFXBench ရဲ့ စာရင်းထဲမှာ ZenFone 4 ဟာ 4GB RAM ကို 64GB storage နဲ့ မြင်ရမယ်လို့ ဖော်ပြထားပါတယ်။ 12MP ကင်မရာကိုမြင်ရပေမယ့်လည်း dual-camera setup (12MP + 8MP) အကြောင်းကိုလည်း ပြောဆိုနေကြပါတယ်။ 8MP အရှေ့ကင်မရာကတော့ ဆယ်လ်ဖီနဲ့ ဗွီဒီယိုစကားပြောဆိုမှုတွေအတွက် ကောင်းမွန်စေမှာပါ။ Android 7.1.1 ကိုလည်း တစ်ပါတည်း ရရှိနိုင်မှာပါ။
GFXBench စာရင်းထဲမှာ မပါပေမယ့်လည်း ZenFone 4 မှာ 3300mAh ဘတ်ထရီ ပါမယ်လို့ ခန့်မှန်းထားပါတယ်။ 1TB အထိချဲ့သုံးနိုင်တဲ့ microSD slot ဟာ လိုအပ်သလောက်သုုံးစွဲစေနိုင်မှာပါ။
Asus ဟာ သူ့ရဲ့ ZenFone 4 မော်ဒယ်လ်တွေအားလုံးကို သြဂုတ်လ ၁၇ရက်နေ့ ကြာသပတေးနေ့မှာ ထုတ်ပြမှာ ဖြစ်ပါတယ်။ ZenFone 4 ကတော့ ယူရိုငွေ ၄၉၉ ကျသင့်မှာဖြစ်ပြီးတော့ 4GB RAM ကိုရနိုင်မှာပါ။ ဒီစျေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၅၉၀ နဲ့ ညီမျှပါတယ်။
Aung Phyo Oo
Share on Facebook