Share on Facebook
ဇူလိုင်လ ၁၇ ရက်နေ့ (၁၇.၇.၂၀၁၇) တွင်တန်းခွဲသစ်များဖွင့်လှစ်မည်။


မေလတုန်းက Facebook ကနေ Colorful Ballons လို့ခေါ်တဲ့ ဓာတ်ပုံ share တဲ့ app ကို တရုတ်နိုင်ငံမှာ တိတ်တဆိတ်မိတ်ဆက်ခဲ့ပါတယ်။ တရုတ်မှာတော့ လူမှုကွန်ယက်ဆိုဒ်တွေကို တားမြစ်ထားတယ်လို့ The New York Times ရဲ့ သတင်းတစ်ခုမှာဖြော်ပထားပါတယ်။

Colorful Balloons ဆိုတာကတော့ ဖေ့စ်ဘွတ်ရဲ့ Moments app ပုံစံမျိုးဖြစ်အောင် ဆင်ဆင်ဖန်တီးထားတာပါ။ သူ့မှာတော့ အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ဓာတ်ပုံတွေကို သူငယ်ချင်းတွေ မိသားစုတွေနဲ့ ဝေမျှလို့ရနိုင်မှာဖြစ်ပါတယ်။ တရုတ်မှာတော့ အကြီးဆုံးလူမှုကွန်ယက်(social network) က Facebook မဟုတ်ဘဲ WeChat ဖြစ်နေပါတယ်။ ဖေ့စ်ဘွတ်ကတော့ ဒီ app ကို Youge Internet Technology လို့ခေါ်တဲ့ ပြည်တွင်းကုမ္ပဏီတစ်ခုကနေ ထုတ်လုပ်လိုက်တာဖြစ်ပြီးတော့ ဆိုရှယ်မီဒီယာကြီးတွေရဲ့ brand ခွဲထားတယ်ဆိုတဲ့ စကားဦးမျိုးတောင် မသန်းခဲ့ဘူးပါဘူး။ အရမ်းကြီးပြန့်မသွားတာ သေချာဖို့အတွက်လည်း တော်တော်လေးကြိုးစားထားတာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံက ၂၀၀၉ ဇူလိုင်လကတည်းက ဖေ့စ်ဘွတ်ကိုပိတ်ပင်တားမြစ်ခဲ့တာဖြစ်ပြီးတော့ ဇူလိုင်လမှာပဲ WhatsApp ကို တစ်စိတ်တစ်ပိုင်းပိတ်ခဲ့ပါတယ်။ အဲ့ကတည်းက မက်ဇူကာဘက်က ဖေ့စ်ဘွတ်ကို တရုတ်နိုင်ငံကိုပြန်ရောက်အောင် ဘယ်လိုပြန်မိတ်ဆက်ရမလဲဆိုတာကို နည်းလမ်းအမျိုးမျိုး ရှာဖွေနေခဲ့ပါတယ်။ အစိုးရပိုင်းဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးတော့ သက်ဆိုင်ရာနယ်မြေအတွင်းလေးက ပို့စ်တွေကိုပေါ်စေနိုင်မယ့်ဆော့ဖ်ဝဲမျိုးကို တရုတ်နိုင်ငံအတွက် ဖန်တီးလုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီလို တိတ်တဆိတ်ထုတ်လုပ်လိုက်မှုကိုတော့ The Times က လျှို့ဝှက်လုပ်ဆောင်တယ်လို့ဆိုထားပြီး ဒါဟာနည်းပညာကုမ္ပဏီတွေအနေနဲ့ အင်တာနက်အသုံးပြုသူပေါင်း သန်း၇၀၀ ရှိတဲ့ တရုတ်နိုင်ငံမှာ ခြေကုပ်ရယူဖို့ ကြိုးစားလာမယ်ဆိုတာ ဖြော်ပနေသလိုပါပဲ။ ဖေ့စ်ဘွတ်ရဲ့လုပ်ဆောင်မှုတွေကို တရုတ်အစိုးရကတော့ လက်ခံလားဆိုတာတော့ သေချာမသိရသေးပါဘူး။ တရုတ်ရဲ့ဆိုက်ဘာနည်းပညာအဖွဲ့အစည်းကတော့ The Times ရဲ့မှတ်ချက်တွေကို ဘာမှတုန့်ပြန်ထားခြင်းမရှိပါဘူး။

အခုထွက်ရှိလာတယ်ဆိုတာကလည်း လူမှုကွန်ယက်ကြီးတစ်ခုလုံးကို မိတ်ဆက်လိုက်ဖို့ ကြိုးစားနေတယ်လို့တော့ မထင်မိသေးပါဘူး။ The Times ကတော့ တရုတ်နိုင်ငံက user တွေအတွက် သူတို့ရဲ့အချက်အလက်တွေကို သူငယ်ချင်းတွေမိသားစုတွေနဲ့ ဝေမျှဖို့ ကိုယ်နှစ်သက်ရာ ဆိုရှယ်မီဒီယာ platform ကိုဘယ်လိုသုံးလာမလဲဆိုတာကိုမြင်ရဖို့အတွက် ဒါဟာ ဖေ့စ်ဘွတ်ရဲ့လမ်းစတစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။ The Verge က ဖော်ပြခဲ့တာကတော့ ဖေ့စ်ဘွတ်ဟာ တရုတ်နိုင်ငံအကြောင်းကိုနားလည်ဖို့ သင်ယူဖို့ နည်းလမ်းပေါင်းစုံနဲ့ကြိုးစားနေတယ်လို့ ဆိုထားပါတယ်။ ရည်ရွယ်ချက်ကလည်း တရုတ်နိုင်ငံရဲ့စီးပွားရေးကိုအကူအညီဖြစ်စေဖို့ရယ်နဲ့ developer တွေအတွက် သူတို့ရဲ့ ကြေညာ platform အသစ်ကိုသုံးပြီးတရုတ်နိုင်ငံပြင်ပထိ ဈေးကွက်ချဲ့နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ဖေ့စ်ဘွတ်ကဆိုခဲ့တာဖြစ်ပါတယ်။

Share on Facebook