Share on Facebook

Huawei မွာ Mate Series စမက္ဖုန္းေတြကို မေန႔က ေအာက္တိုဘာ ၁၆ ရက္ေန႔က မိတ္ဆက္ခဲ့ပါတယ္။ မိတ္ဆက္ခဲ့ သည့္ Mate ဖုန္းေတြကေတာ့ Mate 10, Mate 10 Pro ႏွင့္ Mate 10 Porsche Edition တို႔ ျဖစ္ပါတယ္။

စတင္ေရာင္းခ်မယ္႔ အခ်ိန္ကေတာ့ ေအာက္တိုဘာကေန ႏိုဝင္ဘာလအတြင္း စတင္ေရာင္းခ်မွာျဖစ္ၿပီး စတင္ေရာင္း ခ်မယ္႔ ႏုိင္ငံစာရင္းေတြကိုလည္း ထုတ္ျပန္ခဲ့ပါတယ္။ ထုတ္ျပန္ခဲ့တဲ့ ႏုိင္ငံစာရင္းမွာ Huawei ရဲ႕ မိခင္ႏုိင္ငံျဖစ္တဲ့ တရုတ္ႏုိင္ငံလည္း ပါဝင္ပါတယ္။ Huawei က ထုတ္ျပန္ခဲ့တဲ့ စာရင္းမွာေတာ့ ေအာက္တုိဘာ ၂၀ ရက္ေန႔မွာ စတင္ ေရာင္းခ်မည္ျဖစ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ဓာတ္ပံုမွာ ေဖာ္ျပထားတဲ့ ပံုအရ တရုတ္မွာ စတင္ေရာင္းခ်မယ္႔ ဖုန္းကေတာ့ Mate 10 Pro ႏွင့္ Mate 10 Porsche Edition တို႔ျဖစ္ပါတယ္။ ေစ်းႏႈန္းေတြေတာ့ Mate 10 ကို ေဒၚလာ ၈၂၁ ၊ Mate 10 Pro ကို ေဒၚလာ ၉ ၃၉ ႏွင့္ Mate 10 Porsche Edition ကိုေတာ့ ေဒၚလာ ၁၆၄၀ ဝန္းက်င္ျဖင့္ ေရာင္းခ်မွာ ျဖစ္ပါတယ္။

Myanmar Mobile App ကုိ iOS ႏွင့္ Android အတြက္ရရွိနုိင္ပါျပီ Google Play

မိုးဆက္ကို(MMA)

 

UNICODE VERSION

Huawei Mate 10 ကို တရုတ်တွင် အောက်တိုဘာလ ၂၀ ရက်နေ့ စတင်ရောင်းချမည်

Huawei မှာ Mate Series စမက်ဖုန်းတွေကို မနေ့က အောက်တိုဘာ ၁၆ ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။ မိတ်ဆက်ခဲ့ သည့် Mate ဖုန်းတွေကတော့ Mate 10, Mate 10 Pro နှင့် Mate 10 Porsche Edition တို့ ဖြစ်ပါတယ်။

စတင်ရောင်းချမယ့် အချိန်ကတော့ အောက်တိုဘာကနေ နိုဝင်ဘာလအတွင်း စတင်ရောင်းချမှာဖြစ်ပြီး စတင်ရောင်း ချမယ့် နိုင်ငံစာရင်းတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံစာရင်းမှာ Huawei ရဲ့ မိခင်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံလည်း ပါဝင်ပါတယ်။ Huawei က ထုတ်ပြန်ခဲ့တဲ့ စာရင်းမှာတော့ အောက်တိုဘာ ၂၀ ရက်နေ့မှာ စတင် ရောင်းချမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံမှာ ဖော်ပြထားတဲ့ ပုံအရ တရုတ်မှာ စတင်ရောင်းချမယ့် ဖုန်းကတော့ Mate 10 Pro နှင့် Mate 10 Porsche Edition တို့ဖြစ်ပါတယ်။ ဈေးနှုန်းတွေတော့ Mate 10 ကို ဒေါ်လာ ၈၂၁ ၊ Mate 10 Pro ကို ဒေါ်လာ ၉ ၃၉ နှင့် Mate 10 Porsche Edition ကိုတော့ ဒေါ်လာ ၁၆၄၀ ဝန်းကျင်ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။

 

မိုးဆက်ကို(MMA)

Share on Facebook