Share on Facebook

LG တံဆိပ်နှစ်သက်သူတွေအတွက် သင့်တော်တဲဈေးနှုန်းနဲ့ ထပ်မံထွက်ရှိလာတဲ့ LG စမတ်ဖုန်းကတော့ Q6 ပဲဖြစ်ပါတယ်။ LG Q6 မှာလည်း Edge-To-Edge Display ကိုအသုံးပြုထားတာကြောင့် ဗီဒီယို ကြည့်တာ ဒါမှမဟုတ် ဓာတ်ပုံရိုက်တဲ့အခါတွေမှာ Full Vision Display ကိုအပြည့်အ၀ ခံစားရစေမှာပါ။ ဒါ့အပြင် ကျယ်ဝန်းတဲ့ မျက်နှာပြင်မှာ Social Platform တစ်ခုဖြစ်တဲ့ Facebook အသုံးပြုတဲ့အခါ ပုံရိပ်တွေကို Full Vision နဲ့မြင်တွေ့နိုင်တဲ့ ခံစားမှုကိုပေးစွမ်းနိုင်ပါတယ်။ ဘာသာစကားမှာလည်း Mian Language အပြင် နောက်ထပ်ဘာသာစကားတခုထပ်ပေါင်းထည့်နိုင်ပါတယ်။ သူ့မှာထည့်သွင်းပေးထားတဲ့ မြန်မာစာကီးဘုတ်က ဖော်ပြမှုအပိုင်းမှာ ယူနီကုတ်ပုံစံသွားတာကြောင့် မိမိစိတ်ကြိုက် Keyboard တခုပြန်ထည့်သွင်းမှ အဆင်ပြေနိုင်မှာပါ။ Fingerprint လည်းပါဝင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် LG Q6 နဲ့ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကို စမ်းသပ်ဖော်ပြပေးလိုက်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play

မျက်နှာပြင်အကျယ်အ၀န်း ၅.၅လက်မ ရှိတဲ့ Screen မှာ ရုပ်သံကြည်လင်ပြတ်သားစွာ ကြည့်နိုင်ဖို့အထောက်အပံ့ပေးထားတဲ့ Resolution ကတော့ 1080 x 2160 Pixels ရှိပါတယ်။ ဒီလို အထောက်အပံ့ပေးထားတဲ့ Resolution မှာပုံရိပ်တွေ ဖြာမထွက်ဖို့အတွက် ထည့်သွင်းပေးထားတဲ့ Pixel ပမာဏကတော့ တစ်လက်မမှာ 442 ppi ရှိပါတယ်။ Q6 စမတ်ဖုန်းမှာ လက်ဆယ်ချောင်းလုံး အသုံးပြုနိုင်တဲ့ Multitouch စနစ်ပါဝင်တဲ့အပြင် Display Screen မှာ ပွန်းပဲ့ ထိခိုက်မှု ဖြစ်တာကို ကာကွယ်ပေးနိုင်ဖို့အတွက် Corning Gorilla Glass 3 ကိုအသုံးပြုထားပါတယ်။ အလေးချိန် ၁၄၉ ဂရမ် ရှိတဲ့ Q6 မှာ Nano-Sim အမျိုးအစား Sim Card နှစ်ခုအသုံးပြုနိုင်ပါတယ်။ သူတို့ဆီက ထုတ်တဲ့အခြားဖုန်းတွေနဲ့ ကွဲပြားစွာ ပါဝါခလုတ်ကို ဘေးဘက်မှာ တပ်ဆင်ပေးထားပါတယ်။ စပီကာကတော့ ဖုန်းရဲ့နောက်ကျော အောက်ဘက်မှာ တပ်ဆင်ပေးထားပါတယ်။ ကင်မရာကလည်း ဖုန်းရဲ့နောက်ကျောထောင့်ဘက်မှာ ဖြစ်သွားပါတယ်။ အလေးချိန်ကတော့ ၁၄၉ဂရမ်ရှိပါတယ်။ ကိုယ်ထည်တည်ဆောက်ထားမှုကတော့ 7000 series နဲ့ဖြစ်တာ ကြောင့် အတော်လေးအကြမ်းခံနိုင်ပါလိမ့်မယ်။

ကင်မရာ

အဓိကပါဝင်တဲ့ ကင်မရာရဲ့စွမ်းဆောင်ရည်ကတော့ 13MP ရှိပြီး f/2.2 ၊ Autofocus ၊ LED Flash တို့ပါဝင်ပြီး Features တွေအနေနဲ့ Geo-Tagging ၊ Touch Focus ၊ Face Detection ၊ Panorama စတဲ့ Features တွေပါဝင်ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်တဲ့ စွမ်းဆောင်ရည်ကတော့ 1080p ရှိပြီး တစ်စက္ကန့်မှာ ဖရိမ် ၃၀ခန့်ရိုက်ကူးနိုင်ပါတယ်။ Selfie ရိုက်ကူးနိုင်တဲ့ ကင်မရာကတော့ 5MP ရှိပါတယ်။ ကင်မရာရိုက်ကူးမှုကိုလည်း ပုံမှန်အချိုးနဲ့ မျက်နှာပြင်အပြည့် ကြိုက်ရာရွေးချယ် နိုင်ပါတယ်။ Selfie ရိုက်ကူးမှုကိုလည်း Gesture နဲ့သတ်မှတ်ထားနိုင်မှာပါ။ မိမိရိုက်ကူးလိုက်တဲ့ ပုံကိုတပြိုင်တည်း ဖော်ပြပေးနိုင်တဲ့ Square ကိုသုံးနိုင်ပြီး More ကိုဝင်ရောက် လိုက်မယ်ဆိုရင် Panorama နဲ့ Food ရိုက်ကူးမှုကို သုံးနိုင်မှာပါ။ ဒုတိယကင်မရာ ငယ်ကိုသုံးပြီး 100-degree wide angle ပုံတွေရိုက်ကူးနိုင်မှာပါ။

 စွမ်းဆောင်နိုင်ရည်

Android Version 7.1.1 Nougat အသုံးပြုထားပြီး စမတ်ဖုန်းထဲမှာ ပါတဲ့ Apps တွေကိုအသုံးပြုတဲ့အခါမြန်ဆန် လွယ်ကူချောမွေ့စေရန်အတွက် Qualcomm MSM8940 Snapdragon 435 Chipset နဲ့ Octa core 1.4GHz Cortex – A53 CPU တို့ကိုအသုံးပြုထားပါတယ်။ စမတ်ဖုန်းမှာ ရုပ်ထွက်ကြည်လင်ပြတ်သားဖို့အထောက်အပံ့ပေးထားတဲ့ Graphic Processing Unit ကတော့ Adreno 505 ပါ။ RAM 4GB ပါဝင်တာကြောင့် အသုံးပြုရချောမွေ့စေမယ့်အပြင် အချက်အလက်တွေသိမ်းဆည်းဖို့အတွက် အထောက်အပံ့ပေးထားတဲ့ မှတ်ဥာဏ်ပမာဏကတော့ 64GB ဖြစ်ပါတယ်။ ထပ်မံတိုးချင်တယ်ဆိုရင် 128GB အထိ လက်ခံနိုင်စွမ်းရှိပါတယ်။ ပရိုဆက်ဆာရဲ့ စွမ်းဆောင်နိုင်မှုဟာ entry-level CPU လို့သတ်မှတ်နို်င်ပါတယ်။ သို့ပေမယ့် ဂိမ်းအမြင့်စားတွေနဲ့ Video တွေကို သွက်လက်စွာဖော်ပြပေးနိုင်ပါလိမ့်မယ်။

အခြားလုပ်ဆောင်ချက်များ

Q6 မှာ သီချင်းနားထောင်တဲ့အခါ သီချင်းအပေါ်လိုက်ပြီး အသံဆူညီမှုကို ထိန်းညှိပေးတဲ့စနစ်ပါဝင်ပါတယ်။ Battery ပိုင်းကိုတော့ ဖြုတ်တပ်လို့မရနိုင်တဲ့ Li-Po 3000mAh Battery အသုံးပြုထားပြီး အားသွင်းတဲ့အခါ မြန်ဆန်စေဖို့အတွက် MicroUSB 2.0 ၊ Data တွေကို လျင်မြန်စွာ ချိတ်ဆက်ကူးယူနိုင်တဲ့ USB On-The-Go တို့ပါဝင်ပါတယ်။  ဘက်ထရီဟာ ဆက်တိုက် ပြောဆိုနိုင်စွမ်းအတွက် ၁၄နာရီ၊ အသင့်အနေအထားအတွက် ၁၃၆နာရီ တာရှည်ခံမှာဖြစ်ပါတယ်။ WiFi နဲ့တိုက်ရိုက်ချိတ်ဆက်အသုံပြုရတာလွယ်ကူတဲ့အပြင် တစ်ခြား Device တွေနဲ့ Hotspot ချိတ်ပြီးသုံးရတာလည်းအဆင်ပြေစေပါတယ်။ ဒါ့အပြင် GPS ၊ NFC တို့ကိုလည်းအသုံးပြုနိုင်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ G- LTE | 3G- HSDPA | Bluetooth v4.2 | WiFi 802.11 b/g/n | 3.5mm Headphone အပေါက်တို့ ပါဝင်မှာဖြစ်ပါတယ်။  ရနိုင်တဲ့ အရောင်တွေကတော့ Astro Black ၊ Ice Platinum ၊ Mystic White ၊ Terra Gold တို့ပဲဖြစ်ပါတယ်။

sm(MMAS)

Share on Facebook