Share on Facebook

Razer ဖုန်းဟာ ဒေါ်လာ ၆၉၉ တန်ဖုန်းဖြစ်တဲ့အတွက် သင့်အနေနဲ့ ရေစိုခံတို့၊ ကင်မရာကောင်းကောင်းတို့၊ display daylight visibility တို့ကို လျစ်လျူရှုထားနိုင်မှ ရမှာပါ။

အားလုံးကို အရင်ခြုံကြည့်မယ်ဆိုရင်

အားသာချက်

Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play

ပြတ်သားပြီး ထင်းနေသောဒီဇိုင်း

ကောင်းမွန်သောလုပ်ဆောင်ချက်များ

120Hz display နဲ့ ဂိမ်းပြောင်းလဲမှုများအတွက် အဆင်ပြေချောမွေ့သောလုပ်ဆောင်ချက်များ

ကြာရှည်သော ဘတ်ထရီသက်တမ်း

အားနည်းချက်

Mediocre daylight visibility

Dumpster fire camera

ရေစိုမခံခြင်း

 

Nougatနဲ့သာ ပွဲထွက်လာခြင်း

အပြည့်အစုံမှာ

ကျွန်တော်တို့အတွက် ဂိမ်းအတွက်ထုတ်လုပ်ထားတဲ့ဖုန်းဆိုရင် ပြေးမြင်မိမှာကတော့ Nokia N-Gage နဲ့ Sony Xperia Play တို့ ဖြစ်ပါတယ်။ သူတို့တွေဟာ အပေါ်မှာပြထားတဲ့ ဖုန်းကောင်းတစ်လုံးရဲ့ feature တွေလို့ယူဆထားတာတွေထက် ဂိမ်းအတွက် လိုအပ်ချက်တွေကို ဦးစားပေးပြီး လုပ်ဆောင်ထားပါတယ်။

အခုဆိုရင်တော့ PC gaming brand Razer ကလည်း Sony ၊ Nokia နဲ့ အခြားသောလုပ်ငန်းတွေ ကျရှုံးခဲ့တဲ့ နယ်ပယ်ထဲကို ၀င်ရောက်ပြီးအောင်မြင်ဖို့အတွက် ကြိုးစားနေပါတယ်။ မနှစ်က Nextbit  ကိုရရှိထားတဲ့အတွက် အဲဒီကစွမ်းအားတွေနဲ့ ဖုန်းအသစ်ကို ဂိမ်းအတွက် ရည်ရွယ်ပြီး  ထုတ်လုပ်လိုက်ပါတယ်။ ဒီဖုန်းဟာ ဂိမ်းကစားရုံသက်သက်အတွက်သာမဟုတ်ဘဲ ဂိမ်းကစားသူတစ်ယောက်အနေနဲ့ ဖုန်းထဲမှာ ရှိစေချင်တဲ့ feature တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ သူ့အနေနဲ့ ဂိမ်းကစားသည်ဖြစ်စေ၊ မကစားသည်ဖြစ်စေ feature တွေကို အသုံးပြုနိုင်အောင်ပါ။

Razer ဖုန်းဟာ ဘယ်လောက်ပဲကောင်းအောင်လုပ်ပေးမယ်လို့ပြောပြော အပြောကအပြောဆိုတဲ့အတိုင်း မျှော်လင့်ထားသလောက်တော့ မဖြစ်ခဲ့ပါဘူး။ ကောင်းတယ်လို့ဆိုပေမယ့်လည်း လက်ရှိ hardcore fan တွေကလွဲလို့ အခြားသူတွေကို ထောက်ခံချက်ပေးနိုင်ဖို့ ခက်ခဲနေတဲ့အချိန်မှာ ရောက်နေပါတယ်။

သုံးသပ်ခြင်း

ကျွန်တော်တို့ Razer ဖုန်းကို ဆယ်ရက်လောက် စမ်းသပ်ပြီးတဲ့အခါမှာတော့ ဒီသုံးသပ်ချက် ထွက်ပေါ်လာတာပါ။ စမ်းသပ်မှုအတောအတွင်း ယူကေမှာရှိတဲ့ network သုံးခု၊ Spain က Madrid ကိုလည်း roaming လုပ်ခဲ့ပါတယ်။ အဲဒီဖုန်းမှာ Android 7.1.1 Nougat ကို အသုံးပြုထားပြီးတော့ September 5, 2017 Android security patch နဲ့အတူ ထွက်ပေါ်လာတာပါ။

ဗွီဒီယိုဖိုင်ကိုလည်း အောက်မှာ ပြသပေးထားပါတယ်။

Hardware ပိုင်းအရ သုံးသပ်ချက်ကို တင်ပြရမယ်ဆိုရင်

Razer Phone hardware တွေက အရင်တုန်းက phablet လိုမျိုးပါပဲ။ ဒါမှမဟုတ် လက်ရှိဖုန်းရေစီးကြောင်းနဲ့ ကွဲပြားနေတယ်လို့ ဆိုရမှာပါ။ ဒီနှစ်တွေမှာ တွေ့မြင်နေရတဲ့ ပါးလွှာ၊ ရှည်လျား၊ အနားသတ်ဘောင်မဲ့ဒီဇိုင်းတွေနဲ့တော့ အကွာကြီးကွာနေပါတယ်။ အရှေ့ဘက်က ကြီးမားတဲ့ စတူရီယိုစပီကာတွေကလည်း သင့်မျက်လုံးကို ဖမ်းစားနိုင်မှာပါ။ သူတို့က ကျယ်လောင်တဲ့အသံနဲ့ ထင်ရှားတဲ့ဒီဇိုင်း ဖြစ်လာပါတယ်။

Nextbit Robin  ရဲ့ ခံစားမှုနဲ့အတူ ကိုယ်ထည်ကို sheer aluminum unibody အဖြစ်ပြောင်းလဲခဲ့ပြီး Razer ရဲ့ gaming laptop တွေမှာ တွေ့မြင်ရနိုင်တဲ့ လက္ခဏာတွေကိုလည်း မြင်ရမှာပါ။

Razer Phone ဟာ ကြီးမားလေးလံပြိးတော့ လက်တစ်ဖက်တည်းနဲ့ကိုင်ဖို့ကတော့ အတော်လေး ကိုးရို့ကားရားနိုင်ပါတယ်။ ဒါဟာ အမှားတစ်ခုလားဆိုတော့ မဟုတ်ပြန်ပါဘူး။ Razer logo ကို အနောက်ဘက်မှာ တွေ့နိုင်ပြီးတော့ trademark ကို ပြသထားပါတယ်။

Robin လိုပဲ Razer Phone ဟာလည်း power button ကို ဘေးမှာ ထားထားပါတယ်။ ပြီးတော့ built-in fingerprint scanner လည်းပါဝင်နေပါတယ်။ အဲဒီဟာကို ညာဘက်လက်မနဲ့ဖြစ်ဖြစ် ဘယ်ဘက်လက်ခလယ်နဲ့ဖြစ်ဖြစ် သုံးရတာ အခက်အခဲမရှိခဲ့ပါဘူး။ ပထမဆုံးတစ်ခါသုံးကြည့်မယ်ဆိုရင်တော့ သင့်ရဲ့ကြွက်သားကမှတ်သားထားမှုတွေက ဆန့်ကျင်ငြင်းဆန်နေမှာပါ။

Aluminum ကိုယ်ထည်ကိုအသုံးပြုထားလို့ ကိုင်ရတာချောမွတ်နေပြီး သတ္ထု coating လုပ်ထားသေးလို့ ကိုင်ရတာလည်း နူးညံ့နေပါသေးတယ်။ ဒါကြောင့် အနောက်ဖက်မှာ ဖန်သားပြင်သုံးထားတဲ့ ဖုန်းတွေထက် အစင်းရာပိုထင်လွယ်ပါတယ်။ ဒါကိုတော့ ကျွန်တော်မကြိုက်ပါဘူး။

ဒီဇိုင်းကတော့ လူတိုင်းအတွက် မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လိုအပ်ချက်ကိုတော့ ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒီဇိုင်းပိုင်းအရရော ကွဲပြားခြားနားနေမှုအပိုင်းရော သဘောကျမိပါတယ်။

ဂိမ်းသမားတွေအတွက် စမတ်ဖုန်းဖြစ်သည့်အားလျော်စွာ Razer Phone မှာ Android phone တိုင်းရနိုင်တဲ့အထဲမှာ စွမ်းအားအမြင့်ဆုံး hardware  တွေကို အသုံးပြုထားပါတယ်။ အထက်တန်းစား Qualcomm ရဲ့ Snapdragon 835 chip ၊ 8GB RAM ၊ 64GB storage နဲ့အတူ microSD အပေါက်လည်း ပါဝင်ပါတယ်။ ကြီးမားတဲ့ 4,000mAh ဘတ်ထရီကလည်း စွဲမက်စရာပါ။ Android phone တွေဖြစ်တဲ့ Huawei Mate 10 Pro နဲ့ BlackBerry Motion တို့နဲ့ယှဉ်ရင်တောင် ကြီးမားနေပါတယ်။

ဒါတွေက အမိုက်စားတွေဖြစ်ပေမယ့် သာမန်ထက် ထူးခြားမသွားစေပါဘူး။ ဒီတော့ ဘာကများ Razer Phone ကို အများနဲ့မတူစေတာလဲဆိုတော့ သူ့ရဲ့ display ဖြစ်ပါတယ်။ ၅.၇လက်မ Quad HD LCD ဟာ 120Hz အထိ run နိုင်ပြီးတော့ အခြားသော Android ဖုန်းတွေထက် frame များများထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဂိမ်းကစားတဲ့အခါမှာ ချောမွေ့ပြီး မြန်ဆန်တဲ့ခံစားမှုကို ရစေမှာပါ။ Android အများစုကပေးနိုင်တဲ့ 60 frames per second ထက် နှစ်ဆလောက် frame ပိုရနိုင်ပါတယ်။ default refresh rate ကတော့ 90Hz ဖြစ်ပြီးတော့ 120 အထိ ရရှိနိုင်ပါတယ်။ ဘတ်ထရီသုံးစွဲမှုကိုလည်း သက်သာအောင် ပြုလုပ်ထားပါတယ်။

စိတ်ကျေနပ်စရာအရောင်နဲ့ ရှုထောင့်ကောင်းကောင်းက မြင်နိုင်တဲ့အတွက် ကောင်းမွန်တဲ့ panel တစ်ခုလို့ ဆိုနိုင်ပါတယ်။ အိမ်ထဲမှာ ဂိမ်းကစားတာဖြစ်ဖြစ်၊ အခန်းအောင်းပြီး ရုပ်ရှင်ကြည့်တာဖြစ်ဖြစ် ဇိမ်ပါပဲ။ ရောင်ပြန်မှုမြင့်မားတဲ့ screen နဲ့ သာမန်အလင်းရဲ့အောက်မှာရောက်တဲ့အချိန်တို့ရဲ့ ကွဲပြားမှုကတော့ ဒီဈေးနဲ့ တန်သလောက်ပဲ ရနိုင်မှာပါ။ LG G5 ဒါမှမဟုတ် HTC One M9 တို့လောက်တော့ မဆိုးသေးပါဘူး။ အဲဒီထက်တော့ ကောင်းပါတယ်။

daylight visibility က ဘာကြောင့်များ ဆိုးသွားရသလဲဆိုတဲ့အချက်ကိုတော့ ကျွန်တော်ရှင်းပြစရာလိုမယ်မထင်ပါဘူး။ ကျွန်တော်တို့အများစုက ဂိမ်းကို 60fps နဲ့ ကစားချင်ကြတာမို့ ဒါဟာ display မှာ စောင်းကြည့်မနေပါဘူး။

refresh rate မြင့်မားတာကတော့ တိုးတက်ပြောင်းလဲလာမှုတစ်ခုလို့ မြင်ပါတယ်။ လာမယ့်နှစ်မှာ ထွက်ရှိမယ့်ဖုန်းတွေမှာ အဲဒီလိုမျိုးတွေ မြင်ရမယ်လို့ မျှော်လင့်ထားပါတယ်။

Android app အများစုကတော့ Razer Phone ရဲ့ super-responsive panel ပေါ်မှာ ချောချောမွေ့မွေ့နဲ့ပဲ လုပ်ဆောင်နိုင်ပါတယ်။ Razer ကနေပြီးတော့ Titanfall Assault နဲ့ Gear Club တို့လိုတွေကို ဖုန်းပေါ်တင်တဲ့အခါမှာ 120fps အထိ ကောင်းကောင်းလုပ်နိုင်ပြီး Need for Speed: No Limits တို့လိုဂိမ်းတွေအတွက်  60 ကနေ 30 အထိ ပြန်ချတဲ့အခါမှာ အရမ်းကို သိသာပါတယ်။ Razer ဟာ Android game တွေမှာလည်း ထောက်ပံ့နိုင်အောင်လုပ်ဆောင်နေပေမယ့် 120Hz support ကတော့ ဘယ်မှာမှ မရသေးပါဘူး။

နောက်ထပ်အခက်အခဲတစ်ခုကတော့ 3.5mm headphone jack မပါဝင်ခြင်းပါပဲ။ အပေါ်မှာပြောခဲ့သလို built-in speaker တွေက ကောင်းပေမယ့်လည်း အရမ်းကို ကျယ်လောင်ပါတယ်။ ဒီတော့ notification လိုမျိုးမှာ အဆင်မပြေပါဘူး။ လော့ခ်ဖွင့်တဲ့အချိန် မြည်တဲ့အသံတွေကိုလည်း နောက်ပိုင်းမှာ သင်ပိတ်ချင်လာပါလိမ့်မယ်။

Razer ရဲ့ hardware တွေကတော့ စွမ်းဆောင်ရည်မြင့်မားတယ်၊ ကြည့်ကောင်းတယ်၊ အများနဲ့မတူ ကွဲပြားစေတယ်။ ဒါပေမယ့် တစ်ချို့ hardware တွေမှာလည်း အားနည်းချက်တွေ ရှိနေပါသေးတယ်။

Software ပိုင်းနဲ့ ပတ်သတ်လို့ကတော့

Android 7.1.1 ကို အသုံးပြုထားပါတယ်။ 8.0 မဟုတ်တာ စိတ်မကျေနပ်စရာပေမယ့် နောက်ပိုင်းမှာ update ထုတ်ပေးမယ်လို့တော့ ပြောပါတယ်။ ၂၀၁၈ လောက်မှ ထုတ်ပေးနိုင်မှာ ဖြစ်လို့ စောင့်ရဦးမှာပါ။

stock Android ခံစားမှုအပြင် Razer ရဲ့ colorful laptop ခံစားမှုကို ထိန်းထားတဲ့အနေနဲ့ အစိမ်းရောင် အငွေ့အသက်တွေ ပါဝင်နေဦးမှာပါ။ theming support မှာဆိုရင်တော့ stocked Theme store ရှိပြီးတော့ icons နဲ့ wallpapers တွေ ရွေးချယ်နိုင်ပါတယ်။ customization အပိုင်းမှာဆိုရင်လည်း Nova Launcher ထက် stock launcher ကို အသုံးပြုထားပြီး Razer အတွက် အထူးပြုလုပ်ထားတယ်လို့ သိရပါတယ်။ Nova က မြန်ဆန်တယ်၊ အသုံးပြုရလွယ်ကူတယ်။ ဒီဖုန်းအတွက်လည်း ကောင်းမွန်ပါတယ်။

Razer ရဲ့ software customization ကတော့ မိုက်ပါတယ်။ Game Booster app ကလည်း သင့်ရဲ့  ဘတ်ထရီသက်တမ်းကို ကောင်းမွန်အောင် လုပ်ဆောင်စေမှာဖြစ်သလို notifications တွေကိုလည်း ဂိမ်းကစားနေစဉ် ပိတ်ထားပေးမှာလည်း ဖြစ်ပါတယ်။ ဒီတော့ စိတ်အာရုံထွေပြားမှု မရှိတော့ပါဘူး။

အဲဒီ tweak တွေအပြင် တခြားပြောစရာတော့ မရှိပါဘူး။ 120Hz display အတွက် လုပ်ဆောင်ထားတယ်ဆိုတာကတော့ မမြင်သာပါဘူး။ light touch အစွမ်းနဲ့ အတော်လေး တုံ့ပြန်မှုအားကောင်းတဲ့ stock Nougat ဗားရှင်းကို သုံးစွဲရမှာပါ။

Razer အတွက် Oreo ရောက်လာမယ်ဆိုရင်တော့ ပိုကောင်းလာမှာ ကျိန်းသေပါတယ်။

ဘတ်ထရီပိုင်းမှာဆိုရင်ဖြင့်

4,000mAh ပါဝင်တဲ့အတွက် Razer ဟာ တစ်ခါအားသွင်းထားတာနဲ့ တစ်ရက်ခွဲလောက် ခံပါတယ်။ ဂိမ်းပဲဖိဆော့မယ်ဆိုရင်တော့ တစ်ရက်တောင်မခံဘဲ ကုန်နိုင်ပါတယ်။ မြန်ဆန်တဲ့ 120Hz screen ကို အသုံးပြုထားပေမယ့်လည်း ဘတ်ထရီခံတယ်ဆိုတာကတော့ ယုံကြည်လိုက်ပါ။

Screen-on time ကတော့ ကျွန်တော့အတွက် ခြောက်နာရီကျော်မယ်ထင်ပါတယ်။ Huawei Mate 10 Pro ထက် နည်းပေမယ့်လည်း performance ပိုင်းအရ ထောက်ခံပေးနိုင်ပါသေးတယ်။

အားပြန်ပြည့်နှုန်းကတော့ Qualcomm QuickCharge 4+ standard ကို အသုံးပြုထားတာဖြစ်လို့ ကြီးမားတဲ့ဘတ်ထရီအတွက် အချိန်များများပေးစရာမလိုအပ်ပါဘူး။

USB C-to-C charging cable ကိုလည်း ဖုန်းနဲ့တစ်ပါတည်း ရရှိနိုင်မှာပါ။

ကင်မရာပိုင်းမှာကတော့ ဒေါ်လာ၇၀၀ အောက်နည်းတဲ့အတွက်ကြောင့် experience ကောင်းကောင်း မခံစားနိုင်ပါဘူးလို့ပဲ ပြောချင်ပါတယ်။

အနောက်ဘက်မှာ dual 12MP sensor ပါဝင်ပြီး regular f/1.75 lens နဲ့ f/2.6 telephoto lens တို့ ထည့်သွင်းအသုံးပြုထားပါတယ်။ optical stabilization မပါဝင်ပါဘူး။ ဒါပေမယ့်လည်း မလိုအပ်ဘူးလို့ ယူဆပါတယ်။ ဓါတ်ပုံတွေကတော့dark ဖြစ်ပြီးတော့ အသက်မ၀င်ဘူးလို့ ခံစားရပါတယ်။ အလင်းအားနည်းတဲ့အချိန်မှာဆိုရင် အဆင်မပြေပါဘူး။ သာမန်စမတ်ဖုန်းတစ်လုံးလောက်တော့ အဆင်ပြေတဲ့ဓါတ်ပုံတွေ ထွက်ပေးနိုင်ပါတယ်။ ဒေါ်လာ ၇၀၀ တန် ဖုန်းအတွက်တော့ အဆင်မပြေပါဘူး။

camera app ကတော့ ဟာသကြီးပါး။ ဘယ်လို shooting mode မှ မပါပါဘူး။ HDR toggle တော့ပါဝင်ပေမယ့် telephoto view ကို မြန်မြန်ချဲ့လို့မရပါဘူး။ panoramas ရိုက်ချင်ရင်ပဲဖြစ်ဖြစ်၊ ISO နဲ့ shutter speed ချိန်ချင်ရင်ပဲဖြစ်ဖြစ် SOL ပါပဲ။ ၂၀၁၇ အတွက် ဖုန်းထဲမှာ မကောင်းဆုံးလို့ ပြောရမှာပါ။ သူများတွေကတော့ 4K အထိ ပေးနေပါတယ်။

ဒေါ်လာ၇၀၀ တန်အတွက်တော့ အဆိုးဝါးဆုံး လုပ်ဆောင်ချက်တွေကို တွေ့မြင်လိုက်ရတယ်လို့ ပြောချင်ပါတယ်။ စမတ်ဖုန်းကင်မရာအပိုင်းမှာကတော့ စိတ်ကျေနပ်မှု မရရှိခဲ့ပါဘူး။

ဒီတော့ Razer ဖုန်းကို ၀ယ်ယူသင့်ပါသလား။ ခဏလေး အချိန်ပေးပြီး ဖတ်လိုက်ပါဦး။

လက်ရှိမှာတော့ Razer ဖုန်းဟာ ရောနေပါတယ်။ ကင်မရာပိုင်းအရ အတော်လေး စုတ်ပြတ်ပေမယ့် ဒါဟာ ဒီဖုန်းကိုဝယ်မယ့် အကြောင်းပြချက်တစ်ခုတော့ မဟုတ်ပါဘူး။ အဲဒီအချိန အဲဒီဈေးနဲ့ ကင်မရာကောက်ဝယ်လို့ ရပါတယ်။

ပြီးတော့ ခေတ်မီတာမျိုးကို ကြိုက်တဲ့သူတွေအတွက် နားကြပ်ပေါက်မပါခြင်းနဲ့ up-to-date OS တို့ဟာ အတော်လေး အဆင်မပြေပါဘူး။ ရေစိုခံခြင်းနဲ့ Indoor နဲ့ Outdoor ရဲ့ screen အလင်း ကွာခြားမှုမရှိတွေလည်း မပါဝင်ခဲ့ပါဘူး။ ဒေါ်လာ ၇၀၀ တန်ဖုန်းအနေနဲ့ လုပ်ဆောင်ပေးနိုင်ပေမယ့် Razer ကတော့ မလုပ်ပေးခဲ့ပါဘူး။

Razer ဟာ ဂိမ်းအတွက်ထုတ်လုပ်ထားတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ကုန်ကျစရိတ်ကတော့ စမတ်ဖုန်းကောင်းကောင်းတစ်လုံးဈေးလောက် ရှိနေပါတယ်။ အဓိကကတော့ ကင်မရာပါပဲ။ ဒါပေမယ့်လည်း အခြားသောfeature တွေကိုတော့ မှေးမှိန်မသွားစေပါဘူး။ Huawei Mate 10 Pro မှာဆိုရင် Razer ရဲ့ fancy speakers နဲ့ display မပါဝင်သလို၊ performance ကောင်းကောင်းမရပါဘူး၊ up-to-date OS နဲ့ ဘတ်ထရီကောင်းကောင်း၊ ရေစိုခံခြင်း စတာတွေကိုတော့ မယှဉ်နိုင်ပါဘူး။

ဒါကြောင့် ကျွန်တော်ထင်တာကတော့ Razer ဖုန်းဟာ N-Gage ၊ Xperia Play တို့လို ထောင်ချောက်ထဲတော့ မကျလောက်ပါဘူး။ Razer ဖုန်းမှာ ချို့ယွင်းချက်ရှိနေတာ မဟုတ်ပါဘူး။ မပြည့်စုံသေးတာပါ။ Razer အနေနဲ့လည်း ပိုကောင်းအောင် ကြိုးစားသွားမယ်လို့ မျှော်လင့်ပါတယ်။

အဲဒီိမတိုင်ခင်အထိကတော့ Razer ဖုန်းဟာ ဦးတည်တဲ့သူအနည်းငယ်လောက်ကိုသာ ရောက်ရှိသွားနိုင်ပါတယ်။ Android game တွေကို 120Hz display နဲ့ မရနိုင်သေးရင်တော့ ငွေသုံးဖို့အတွက် စဉ်းစားစေချင်ပါတယ်။

Aung Phyo Oo (Myanmar Mobile App)

Share on Facebook