Share on Facebook

Zawgyi Version

စမတ္ဖုန္းေတြဟာ ေစ်းၾကီးပါတယ္။ တန္ဖိုးသင့္ဖုန္းေတြဆိုတာေတာင္မွ ၀ယ္ဖို႕ စဥ္းစားေနရတဲ့သူေတြ ကၽြန္ေတာ္တို႕ႏိုင္ငံမွာ အမ်ားသားမဟုတ္လား။ သင့္အေနနဲ႕ ဖုန္းတစ္လံုး၀ယ္ေတာ့မယ္ဆိုရင္ ဘယ္တစ္ခုက သင့္နဲ႕အသင့္ေတာ္ဆံုးလဲဆိုတာကို ေရြးခ်ယ္ႏုိင္ဖို႕ လိုအပ္ပါတယ္။ သင့္အေနနဲ႕ review ေတြကိုလိုက္ဖတ္သင့္ပါတယ္။ ပါ၀င္တဲ့အေသးစိတ္အခ်က္အလက္ေတြကိုလည္း ေသခ်ာဖတ္သင့္ပါတယ္။ သင္နဲ႕ကိုက္ညီတဲ့ဖုန္းနဲ႕ ျပိဳင္ဘက္ဖုန္းေတြရဲ႕အေၾကာင္းကိုလည္း သိရွိထားသင့္ပါတယ္။ ဒီအရာေတြအားလံုးက ၾကိဳတင္လုပ္ေဆာင္ထားရမယ့္ အခ်က္ေတြျဖစ္ပါတယ္။

ဒီေတာ့ ဒီလိုအခ်က္ေတြကို အခ်ိန္ယူျပီး အားစိုက္ထုတ္ကာ မွန္ကန္တဲ့ဖုန္းကို ေရြးခ်ယ္ႏုိင္ခဲ့မယ္ဆိုရင္ေတာ့ launch လုပ္မယ့္ေန႕မွာပဲ အလ်င္စလိုနဲ႕ သြား၀ယ္ဖို႕ လိုအပ္မလား။ ဒီအေတြးကို အခုပဲ ရပ္ပစ္လိုက္ပါ။ မလိုအပ္ပါဘူး။ ျမန္မာႏုိင္ငံမွာ ပထမဆံုး unboxing video လုပ္ဖို႕ သင္က လိုအပ္ေနပါသလား။ အဲဒီလို လူတုိင္းလုပ္ဖို႕မလိုပါဘူး။

Myanmar Mobile App ကုိ iOS ႏွင့္ Android အတြက္ရရွိနုိင္ပါျပီ Google Play

အဆိုးတစ္ခုကို စဥ္းစားၾကည့္ရေအာင္

Image result for Google Pixel 2 XL issue

Google Pixel 2 XL ကို စဥ္းစားလိုက္ပါ။ တိုက္ခိုက္ခ်င္တာမဟုတ္ေပမယ့္လည္း သူ႕ရဲ႕ screen ဟာ ျပႆနာမ်ိဳးစံုနဲ႕ ရင္ဆိုင္ခဲ့ရပါတယ္။ ထိေတြ႕မႈ ျပႆနာေတြ၊ display ျပႆနာေတြနဲ႕ Pixel 2 XL ဟာ screen ဌာနအတြက္ မ်က္ႏွာပ်က္စရာေတြ ျဖစ္ခဲ့ပါတယ္။ Google ဟာ အဲဒီ ျပႆနာေတြကို သိသိခ်င္း၊ အေၾကာင္းရင္းရွာေတြ႕ေတြ႕ခ်င္းမွာပဲ ျပႆနာအေတာ္မ်ားမ်ားကို ေျဖရွင္းေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း ဘူးထဲကထြက္ထြက္ခ်င္း ေကာင္းမြန္တဲ့ဖုန္းတစ္လံုး မျဖစ္တာ ေသခ်ာသြားျပီမဟုတ္လား။ ဒီေတာ့ OEM ေတြ ျပင္ဆင္ေပးျပီးတဲ့အခ်ိန္အထိ ေစာင့္လိုက္တာက ပိုမေကာင္းေပဘူးလား။

ဖုန္းအသစ္တစ္လံုး ထုတ္လိုက္တယ္။ သံုးစြဲသူေတြလက္ထဲေရာက္သြားခ်ိန္မွာ ျပႆနာေလးေတြ ျဖစ္တယ္။ OEM ေတြက ျပန္လည္ေျဖရွင္းေပးတယ္။ အားလံုးအဆင္ေျပေနပါတယ္။ ဒါေပမယ့္ flagship ဆိုတဲ့ဖုန္းအတြက္ ေပးထားရတဲ့ေစ်းအေနအထားက ဘူးထဲကဖြင့္ဖြင့္ခ်င္းမွာပဲ ေကာင္းမြန္တဲ့ဖုန္းတစ္လံုးကို မပိုင္ဆုိင္သင့္ဘူးလား။

ကၽြန္ေတာ္ဆိုလိုခ်င္တာကို သေဘာေပါက္ပါသလား။

Image result for you know what i mean

Hardware တစ္ခုတည္းကသာ ျပႆနာေတြ ရွိႏုိင္တာ မဟုတ္ပါဘူး။ Software မွာလည္း ျဖစ္ေပၚႏုိင္ပါတယ္။ Bixby အေၾကာင္းကို ေျပာၾကရေအာင္။ Samsung ဆိုတာ သူ႕ရဲ႕ digital assistant အတြက္ ဂုဏ္ယူျပီးေတာ့ Galaxy S8 နဲ႕ S8 Plus တို႕မွာ သီးသန္႕ခလုတ္တစ္ခုေတာင္ ထည့္ေပးခဲ့ပါတယ္။ ဒါေပမယ့္ ဖုန္းထြက္လာတဲ့အခ်ိန္မွာေတာ့ Bixby ကို ကိုရီးယားမွာသာ အသံုးျပဳႏုိင္ခဲ့ပါတယ္။ Bixby ကို ယူအက္စ္မွာ အသံုးျပဳႏုိင္ဖို႕အတြက္ အခ်ိန္အေတာ္ေလး ယူခဲ့ရပါတယ္။ ဒါေၾကာင့္လည္း Bixby အသံုုးျပဳလို႕ရတဲ့အခ်ိန္မွာေတာင္ Bixby ခလုတ္ကို ဘယ္လိုျပန္ခ်ိန္ရမလဲဆိုတဲ့ေမးခြန္းကို Google မွာ ခဏခဏရိုက္ရွာျခင္း ခံခဲ့ရပါတယ္။

ဒီအမွားေတြအားလံုးဟာ Samsung ရဲ႕ ပခံုးေပၚက်ေရာက္လို႕လာပါတယ္။ စစခ်င္း၀ယ္ယူသံုးစြဲတဲ့သူေတြကိုေတာ့ အျပစ္တင္လို႕မရပါဘူး။ ဒါေပမယ့္လည္း ဒီလို ျပႆနာေတြရွိတယ္ဆိုတာ ျမင္သာသြားေလာက္ပါျပီ။

ေစ်းက်သြားျခင္း

Image result for price drop

ေစ်းအရမ္းၾကီးက်သြားတာမ်ိဳးေတာ့ ျမင္ရေလ့သိပ္မရွိပါဘူး။ Essential ကေတာ့ ေဒၚလာ ၂၀၀ ေလာက္ က်သြားခဲ့ဖူးပါတယ္။ Essential ဟာ ေဒၚလာ၂၀၀ ေစ်းေလွ်ာ့ေပးတဲ့ ကုဒ္ကို အေစာပိုင္း၀ယ္ယူသူေတြအတြက္ ျပဳလုပ္ေပးခဲ့တာပါ။ အျခားေသာ OEM ေတြမွာလည္း အဲဒီလိုေလွ်ာ့တာမ်ိဳးေတြ ျပဳလုပ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ အဲဒီေလွ်ာ့ေစ်းဆိုတာကို သိပ္မမက္သင့္ဘူးလို႕ ေျပာခ်င္ပါတယ္။

ဖုန္းေတြကို ေရာင္းခ်တဲ့ေနရာမွာ ေရာင္းအားေကာင္းေစဖို႕အတြက္ လုပ္ေဆာင္တဲ့ေနရာမွာ အလြယ္ဆံုးကေတာ့ ေစ်းေလွ်ာ့ျခင္းပါပဲ။ ဒီေတာ့ အရင္၀ယ္ယူထားျပီးသားလူေတြက ဘယ္လိုျဖစ္သြားျပီလဲ။ တခ်ိဳ႕လူေတြကေတာ့ ဒီလိုျဖစ္တာကို လက္ခံႏုိင္တယ္လို႕ ဆိုၾကပါတယ္။ တကယ္ေတာ့ မထိုက္တန္ပါဘူး။ ေစ်းေလွ်ာ့တယ္ဆိုတာ ေနာက္ပိုင္းမွာ ေလွ်ာ့ၾကတာပါ။ launch လုပ္တဲ့ေန႕မွာ လုပ္ေပးတယ္ဆိုတာ ရွားလြန္းပါတယ္။

Essential ဆိုတာ ထားလိုက္ပါ။ Sony၊ LG တို႕ကိုပဲ ၾကည့္လိုက္ပါ။

Beta Tester

Image result for beta tester

ဖုန္းေတြအေနနဲ႕ အရင္စမ္းသပ္မႈေတြကို ေက်ာ္ျဖတ္သင့္ပါတယ္။ ဒါေပမယ့္ အေျခအေနတုိင္းမွာ စမ္းသပ္ႏုိင္ဖို႕အတြက္ ဘယ္ထုတ္လုပ္သူကမွ ရာ၊ ေထာင္ ၊ မီလ်ံနဲ႕ခ်ီျပီး မစမ္းသပ္ႏုိင္ပါဘူး။ OEM ေတြဟာ သူတို႕ၾကိဳမျမင္ႏုိင္တဲ့အေျခအေနေတြကို စမ္းသပ္ဖို႕အတြက္ Review ေရးသူေတြကို အကူအညီေတာင္းျပီး စမ္းသပ္ခုိင္းေလ့ ရွိပါတယ္။

Review ေတြကလည္း အေထာက္အကူျဖစ္ပါတယ္။ သူတို႕ေတြဆိုတာကလည္း ဖုန္းရရွိတဲ့ ၄၈နာရီ ဒါမွမဟုတ္ တစ္ပတ္အတြင္းစမ္းသပ္ေရးသားရတာျဖစ္ပါတယ္။ တကယ္ေတာ့ ဖုန္းဆိုတာ တစ္ပတ္ေက်ာ္မွ စမ္းသပ္မိတာမ်ိဳးေတြလည္း ျဖစ္ေပၚႏုိင္ပါတယ္။ ဖုန္းေတြဆိုတာ မူလအတုိင္းဘာမွမျပင္ဆင္ရင္ အေကာင္း၊ app တစ္ခုခုထည့္တာမ်ိဳး၊ တစ္ခုခုေျပာင္းလိုက္တာမ်ိဳးဆိုရင္လည္း ဘတ္ထရီက အရင္ကေလာက္ မခံေတာ့တာမ်ိဳး ျဖစ္သြားႏုိင္ပါတယ္။ Review ေရးသူေတြဟာ ဖုန္းတစ္ခုလံုးရဲ႕ ပံုရိပ္ကို မေဖာ္ျပႏုိင္ပါဘူး။ ဒါေၾကာင့္ Review ေတြဟာလည္း အခ်ိန္နဲ႕အမွ် ျပင္ဆင္ေနရတာလည္း ျဖစ္ပါတယ္။

အမႊန္းတင္ျခင္းမွာ ေျမာမသြားပါနဲ႕

Image result for amazing gif

ဖုန္းအသစ္ရဲ႕ ေၾကညာခ်က္ေတြနဲ႕ပတ္သတ္လို႕ ရိုက္ကူးထားတဲ့ ပရိုမိုေတြကိုၾကည့္ျပီး စိတ္လႈပ္ရွားတတ္ၾကပါတယ္။ ျဖစ္တတ္ပါတယ္။ “အခု ဘယ္မင္းသမီး၊ ဘယ္မင္းသားက ေျပာျပေနတဲ့ဖုန္းအေၾကာင္း သင္သိျပီးျပီလား၊ အခုပဲ ၀ယ္ယူလိုက္ရေအာင္” ဆိုတာမ်ိဳးေတြေၾကာင့္ ေအာ္ဒါမွာတဲ့ခလုတ္ေလးကို ႏွိပ္မိသြားတတ္ၾကပါတယ္။ ဒီေတာ့ သင္နဲ႕ကိုက္ညီမယ့္ဖုန္းတစ္လံုးကို အခ်ိန္ကိုက္ရမွာ ေသခ်ာျပီလား။ အေရးၾကီးတဲ့အခ်က္ကေတာ့ ေနာက္တစ္လွမ္းျပန္ဆုတ္ျပီးေတာ့ အဲဒီဖုန္းရဲ႕ ပံုရိပ္တစ္ခုလံုးကို ျမင္ေအာင္ၾကည့္ျပီးမွ ဆံုးျဖတ္ပါ။

ဥပမာေျပာရရင္ ဖုန္းေတြရဲ႕ သမိုင္းေၾကာင္းေတြကိုၾကည့္ပါ။ ျပီးေတာ့ ေစ်းႏႈန္းေတြကို ပိုျပီး ဂရုတစိုက္ၾကည့္ပါ။ တခ်ိဳ႕ OEM ေတြက ထြက္ရွိအျပီး တစ္ပတ္ ႏွစ္ပတ္အတြင္းမွာပဲ ေစ်းေလွ်ာ့ေပးေလ့ ရွိပါတယ္။ OEM ေတြအေနနဲ႕ ဖုန္းတစ္လံုးကို ထုတ္လုိက္တယ္။ ျပီးေတာ့ ေျခာက္လေလာက္အထိ ျပႆနာေတြကို ျပန္လည္ေျဖရွင္းေပးရပါတယ္။ ဒါက ပံုမွန္ပါပဲ။ ဒါမွမဟုတ္လည္း ေနာက္ထပ္တစ္လံုး ထုတ္တတ္ၾကပါတယ္။ ေနာက္ထြက္တဲ့ဖုန္းဟာ အခ်က္အလက္ေတြနည္းသြားႏုိင္ပါတယ္။ ဒါေပမယ့္ ေစ်းကြက္လိုအပ္ခ်က္ကို ျဖည့္ေပးႏုိင္ပါတယ္။ launch ျပီးတဲ့အခ်ိန္မွာ တခ်ိဳ႕ေသာ OEM နဲ႕ carrier ေတြဟာ တစ္ခု၀ယ္ တစ္ခုလက္ေဆာင္ ဆိုတာမ်ိဳး၊ accessories ေတြနဲ႕ တြဲေရာင္းတာမ်ိဳးလည္း လုပ္ေပးတတ္ၾကပါတယ္။ ဒါေတြကလည္း ထည့္သြင္းစဥ္းစားရမယ့္အခ်က္ေတြ ျဖစ္ပါတယ္။

သတိႏွင့္ ေဆာင္ရြက္ျခင္း

ဖုန္းကို ေစာေစာစီးစီး ကိုင္ခ်င္သူေတြအေနနဲ႕လည္း ကိုယ့္နယ္ေျမမွာ မရႏုိင္တဲ့ဖုန္းေတြကို ေမွာင္ခိုျဖစ္ျဖစ္ တင္သြင္းျပီးေတာ့ ၀ယ္ယူရတာမ်ိဳးေတြလည္း ရွိတတ္ပါတယ္။ တခ်ိဳ႕သူေတြကေတာ့ အေစာဆံုးကိုင္ေဆာင္ရမႈကို ေက်နပ္တတ္ၾကပါတယ္။ ဒါေပမယ့္ စိတ္ပူရတာကိုေတာ့ ထည့္သြင္းစဥ္းစားသင့္ပါတယ္။

သင့္အေနနဲ႕ေရာ ဘယ္လိုထင္ပါသလဲ။ သင္ေရာ ဖုန္းတစ္လံုးကို အေစာပိုင္းကိုင္ေဆာင္သူထဲမွာ ပါ၀င္ေနပါသလား။ ပါ၀င္ေနတယ္ဆိုရင္ ဘာေၾကာင့္မ်ားလဲ။ မပါဘူးဆိုရင္ေရာ ဘာေၾကာင့္မ်ားလဲ။ သင္တို႕ရဲ႕အေတြးမ်ားကိုလည္း ကၽြန္ေတာ္တို႕ တန္ဖိုးထားပါတယ္။

Unicode Version

စမတ်ဖုန်းတွေဟာ ဈေးကြီးပါတယ်။ တန်ဖိုးသင့်ဖုန်းတွေဆိုတာတောင်မှ ဝယ်ဖို့ စဉ်းစားနေရတဲ့သူတွေ ကျွန်တော်တို့နိုင်ငံမှာ အများသားမဟုတ်လား။ သင့်အနေနဲ့ ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင် ဘယ်တစ်ခုက သင့်နဲ့အသင့်တော်ဆုံးလဲဆိုတာကို ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။ သင့်အနေနဲ့ review တွေကိုလိုက်ဖတ်သင့်ပါတယ်။ ပါဝင်တဲ့အသေးစိတ်အချက်အလက်တွေကိုလည်း သေချာဖတ်သင့်ပါတယ်။ သင်နဲ့ကိုက်ညီတဲ့ဖုန်းနဲ့ ပြိုင်ဘက်ဖုန်းတွေရဲ့အကြောင်းကိုလည်း သိရှိထားသင့်ပါတယ်။ ဒီအရာတွေအားလုံးက ကြိုတင်လုပ်ဆောင်ထားရမယ့် အချက်တွေဖြစ်ပါတယ်။
ဒီတော့ ဒီလိုအချက်တွေကို အချိန်ယူပြီး အားစိုက်ထုတ်ကာ မှန်ကန်တဲ့ဖုန်းကို ရွေးချယ်နိုင်ခဲ့မယ်ဆိုရင်တော့ launch လုပ်မယ့်နေ့မှာပဲ အလျင်စလိုနဲ့ သွားဝယ်ဖို့ လိုအပ်မလား။ ဒီအတွေးကို အခုပဲ ရပ်ပစ်လိုက်ပါ။ မလိုအပ်ပါဘူး။ မြန်မာနိုင်ငံမှာ ပထမဆုံး unboxing video လုပ်ဖို့ သင်က လိုအပ်နေပါသလား။ အဲဒီလို လူတိုင်းလုပ်ဖို့မလိုပါဘူး။
အဆိုးတစ်ခုကို စဉ်းစားကြည့်ရအောင်
Google Pixel 2 XL ကို စဉ်းစားလိုက်ပါ။ တိုက်ခိုက်ချင်တာမဟုတ်ပေမယ့်လည်း သူ့ရဲ့ screen ဟာ ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ထိတွေ့မှု ပြဿနာတွေ၊ display ပြဿနာတွေနဲ့ Pixel 2 XL ဟာ screen ဌာနအတွက် မျက်နှာပျက်စရာတွေ ဖြစ်ခဲ့ပါတယ်။ Google ဟာ အဲဒီ ပြဿနာတွေကို သိသိချင်း၊ အကြောင်းရင်းရှာတွေ့တွေ့ချင်းမှာပဲ ပြဿနာအတော်များများကို ဖြေရှင်းပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘူးထဲကထွက်ထွက်ချင်း ကောင်းမွန်တဲ့ဖုန်းတစ်လုံး မဖြစ်တာ သေချာသွားပြီမဟုတ်လား။ ဒီတော့ OEM တွေ ပြင်ဆင်ပေးပြီးတဲ့အချိန်အထိ စောင့်လိုက်တာက ပိုမကောင်းပေဘူးလား။
ဖုန်းအသစ်တစ်လုံး ထုတ်လိုက်တယ်။ သုံးစွဲသူတွေလက်ထဲရောက်သွားချိန်မှာ ပြဿနာလေးတွေ ဖြစ်တယ်။ OEM တွေက ပြန်လည်ဖြေရှင်းပေးတယ်။ အားလုံးအဆင်ပြေနေပါတယ်။ ဒါပေမယ့် flagship ဆိုတဲ့ဖုန်းအတွက် ပေးထားရတဲ့ဈေးအနေအထားက ဘူးထဲကဖွင့်ဖွင့်ချင်းမှာပဲ ကောင်းမွန်တဲ့ဖုန်းတစ်လုံးကို မပိုင်ဆိုင်သင့်ဘူးလား။
ကျွန်တော်ဆိုလိုချင်တာကို သဘောပေါက်ပါသလား။
Hardware တစ်ခုတည်းကသာ ပြဿနာတွေ ရှိနိုင်တာ မဟုတ်ပါဘူး။ Software မှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ Bixby အကြောင်းကို ပြောကြရအောင်။ Samsung ဆိုတာ သူ့ရဲ့ digital assistant အတွက် ဂုဏ်ယူပြီးတော့ Galaxy S8 နဲ့ S8 Plus တို့မှာ သီးသန့်ခလုတ်တစ်ခုတောင် ထည့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဖုန်းထွက်လာတဲ့အချိန်မှာတော့ Bixby ကို ကိုရီးယားမှာသာ အသုံးပြုနိုင်ခဲ့ပါတယ်။ Bixby ကို ယူအက်စ်မှာ အသုံးပြုနိုင်ဖို့အတွက် အချိန်အတော်လေး ယူခဲ့ရပါတယ်။ ဒါကြောင့်လည်း Bixby အသုံုးပြုလို့ရတဲ့အချိန်မှာတောင် Bixby ခလုတ်ကို ဘယ်လိုပြန်ချိန်ရမလဲဆိုတဲ့မေးခွန်းကို Google မှာ ခဏခဏရိုက်ရှာခြင်း ခံခဲ့ရပါတယ်။
ဒီအမှားတွေအားလုံးဟာ Samsung ရဲ့ ပခုံးပေါ်ကျရောက်လို့လာပါတယ်။ စစချင်းဝယ်ယူသုံးစွဲတဲ့သူတွေကိုတော့ အပြစ်တင်လို့မရပါဘူး။ ဒါပေမယ့်လည်း ဒီလို ပြဿနာတွေရှိတယ်ဆိုတာ မြင်သာသွားလောက်ပါပြီ။
ဈေးကျသွားခြင်း
ဈေးအရမ်းကြီးကျသွားတာမျိုးတော့ မြင်ရလေ့သိပ်မရှိပါဘူး။ Essential ကတော့ ဒေါ်လာ ၂၀၀ လောက် ကျသွားခဲ့ဖူးပါတယ်။ Essential ဟာ ဒေါ်လာ၂၀၀ ဈေးလျှော့ပေးတဲ့ ကုဒ်ကို အစောပိုင်းဝယ်ယူသူတွေအတွက် ပြုလုပ်ပေးခဲ့တာပါ။ အခြားသော OEM တွေမှာလည်း အဲဒီလိုလျှော့တာမျိုးတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီလျှော့ဈေးဆိုတာကို သိပ်မမက်သင့်ဘူးလို့ ပြောချင်ပါတယ်။
ဖုန်းတွေကို ရောင်းချတဲ့နေရာမှာ ရောင်းအားကောင်းစေဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ အလွယ်ဆုံးကတော့ ဈေးလျှော့ခြင်းပါပဲ။ ဒီတော့ အရင်ဝယ်ယူထားပြီးသားလူတွေက ဘယ်လိုဖြစ်သွားပြီလဲ။ တချို့လူတွေကတော့ ဒီလိုဖြစ်တာကို လက်ခံနိုင်တယ်လို့ ဆိုကြပါတယ်။ တကယ်တော့ မထိုက်တန်ပါဘူး။ ဈေးလျှော့တယ်ဆိုတာ နောက်ပိုင်းမှာ လျှော့ကြတာပါ။ launch လုပ်တဲ့နေ့မှာ လုပ်ပေးတယ်ဆိုတာ ရှားလွန်းပါတယ်။
Essential ဆိုတာ ထားလိုက်ပါ။ Sony၊ LG တို့ကိုပဲ ကြည့်လိုက်ပါ။
Beta Tester
ဖုန်းတွေအနေနဲ့ အရင်စမ်းသပ်မှုတွေကို ကျော်ဖြတ်သင့်ပါတယ်။ ဒါပေမယ့် အခြေအနေတိုင်းမှာ စမ်းသပ်နိုင်ဖို့အတွက် ဘယ်ထုတ်လုပ်သူကမှ ရာ၊ ထောင် ၊ မီလျံနဲ့ချီပြီး မစမ်းသပ်နိုင်ပါဘူး။ OEM တွေဟာ သူတို့ကြိုမမြင်နိုင်တဲ့အခြေအနေတွေကို စမ်းသပ်ဖို့အတွက် Review ရေးသူတွေကို အကူအညီတောင်းပြီး စမ်းသပ်ခိုင်းလေ့ ရှိပါတယ်။
Review တွေကလည်း အထောက်အကူဖြစ်ပါတယ်။ သူတို့တွေဆိုတာကလည်း ဖုန်းရရှိတဲ့ ၄၈နာရီ ဒါမှမဟုတ် တစ်ပတ်အတွင်းစမ်းသပ်ရေးသားရတာဖြစ်ပါတယ်။ တကယ်တော့ ဖုန်းဆိုတာ တစ်ပတ်ကျော်မှ စမ်းသပ်မိတာမျိုးတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဖုန်းတွေဆိုတာ မူလအတိုင်းဘာမှမပြင်ဆင်ရင် အကောင်း၊ app တစ်ခုခုထည့်တာမျိုး၊ တစ်ခုခုပြောင်းလိုက်တာမျိုးဆိုရင်လည်း ဘတ်ထရီက အရင်ကလောက် မခံတော့တာမျိုး ဖြစ်သွားနိုင်ပါတယ်။ Review ရေးသူတွေဟာ ဖုန်းတစ်ခုလုံးရဲ့ ပုံရိပ်ကို မဖော်ပြနိုင်ပါဘူး။ ဒါကြောင့် Review တွေဟာလည်း အချိန်နဲ့အမျှ ပြင်ဆင်နေရတာလည်း ဖြစ်ပါတယ်။
အမွှန်းတင်ခြင်းမှာ မြောမသွားပါနဲ့
ဖုန်းအသစ်ရဲ့ ကြေညာချက်တွေနဲ့ပတ်သတ်လို့ ရိုက်ကူးထားတဲ့ ပရိုမိုတွေကိုကြည့်ပြီး စိတ်လှုပ်ရှားတတ်ကြပါတယ်။ ဖြစ်တတ်ပါတယ်။ “အခု ဘယ်မင်းသမီး၊ ဘယ်မင်းသားက ပြောပြနေတဲ့ဖုန်းအကြောင်း သင်သိပြီးပြီလား၊ အခုပဲ ဝယ်ယူလိုက်ရအောင်” ဆိုတာမျိုးတွေကြောင့် အော်ဒါမှာတဲ့ခလုတ်လေးကို နှိပ်မိသွားတတ်ကြပါတယ်။ ဒီတော့ သင်နဲ့ကိုက်ညီမယ့်ဖုန်းတစ်လုံးကို အချိန်ကိုက်ရမှာ သေချာပြီလား။ အရေးကြီးတဲ့အချက်ကတော့ နောက်တစ်လှမ်းပြန်ဆုတ်ပြီးတော့ အဲဒီဖုန်းရဲ့ ပုံရိပ်တစ်ခုလုံးကို မြင်အောင်ကြည့်ပြီးမှ ဆုံးဖြတ်ပါ။
ဥပမာပြောရရင် ဖုန်းတွေရဲ့ သမိုင်းကြောင်းတွေကိုကြည့်ပါ။ ပြီးတော့ ဈေးနှုန်းတွေကို ပိုပြီး ဂရုတစိုက်ကြည့်ပါ။ တချို့ OEM တွေက ထွက်ရှိအပြီး တစ်ပတ် နှစ်ပတ်အတွင်းမှာပဲ ဈေးလျှော့ပေးလေ့ ရှိပါတယ်။ OEM တွေအနေနဲ့ ဖုန်းတစ်လုံးကို ထုတ်လိုက်တယ်။ ပြီးတော့ ခြောက်လလောက်အထိ ပြဿနာတွေကို ပြန်လည်ဖြေရှင်းပေးရပါတယ်။ ဒါက ပုံမှန်ပါပဲ။ ဒါမှမဟုတ်လည်း နောက်ထပ်တစ်လုံး ထုတ်တတ်ကြပါတယ်။ နောက်ထွက်တဲ့ဖုန်းဟာ အချက်အလက်တွေနည်းသွားနိုင်ပါတယ်။ ဒါပေမယ့် ဈေးကွက်လိုအပ်ချက်ကို ဖြည့်ပေးနိုင်ပါတယ်။ launch ပြီးတဲ့အချိန်မှာ တချို့သော OEM နဲ့ carrier တွေဟာ တစ်ခုဝယ် တစ်ခုလက်ဆောင် ဆိုတာမျိုး၊ accessories တွေနဲ့ တွဲရောင်းတာမျိုးလည်း လုပ်ပေးတတ်ကြပါတယ်။ ဒါတွေကလည်း ထည့်သွင်းစဉ်းစားရမယ့်အချက်တွေ ဖြစ်ပါတယ်။
သတိနှင့် ဆောင်ရွက်ခြင်း
ဖုန်းကို စောစောစီးစီး ကိုင်ချင်သူတွေအနေနဲ့လည်း ကိုယ့်နယ်မြေမှာ မရနိုင်တဲ့ဖုန်းတွေကို မှောင်ခိုဖြစ်ဖြစ် တင်သွင်းပြီးတော့ ဝယ်ယူရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ တချို့သူတွေကတော့ အစောဆုံးကိုင်ဆောင်ရမှုကို ကျေနပ်တတ်ကြပါတယ်။ ဒါပေမယ့် စိတ်ပူရတာကိုတော့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
သင့်အနေနဲ့ရော ဘယ်လိုထင်ပါသလဲ။ သင်ရော ဖုန်းတစ်လုံးကို အစောပိုင်းကိုင်ဆောင်သူထဲမှာ ပါဝင်နေပါသလား။ ပါဝင်နေတယ်ဆိုရင် ဘာကြောင့်များလဲ။ မပါဘူးဆိုရင်ရော ဘာကြောင့်များလဲ။ သင်တို့ရဲ့အတွေးများကိုလည်း ကျွန်တော်တို့ တန်ဖိုးထားပါတယ်။

Aung Phyo Oo (Myanmar Mobile App)

Share on Facebook