Share on Facebook

Zawgyi Version


Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play


Unicode Version

HMD Global ဟာ Nokia 8 ကို ပြသလိုက်ပါပြီ။ သြဂုတ်လကတည်းက သူ့ရဲ့ ဈေးသင့်တဲ့ flagship ဖုန်းအတွက် ပရိုမိုဗွီဒီယိုတွေကို အများကြီး ပြသခဲ့ပါတယ်။ အခုနောက်ဆုံးတစ်ခုကတော့ မိန်းမလှလေးတွေ၊ ဒိုးနပ်၊ ရိုလာစကိတ် နဲ့ Android Pay တို့ကို အသားပေးဖော်ပြထားပါတယ်။
ဗွီဒီယိုလေး ၂၁စက္ကန့်သာ ကြာမြင့်ပေမယ့်လည်း ငွေပေးချေမှုမြန်ဆန်မှုကို ဖော်ပြထားမှုက အတော်လေးဆွဲဆောင်မှုရှိတယ်လို့ ဆိုရမှာပါ။ ဗွီဒီယိုအညွှန်းရေးတဲ့သူကလည်း အတော်လေး အလုပ်များနေတဲ့ပုံ ပေါ်ပါတယ်။ ဒီဝန်ဆောင်မှုကို လူတိုင်းလိုချင်နေပေမယ့်လည်း ကံဆိုးတာက ဒီဝန်ဆောင်မှုကို တစ်ကမ္ဘာလုံးမှာ ထောက်ပံ့မပေးနိုင်သေးပါဘူး။ Android Pay ကို လက်ရှိမှာ ယူအက်စ်၊ ကနေဒါ၊ ဘရာဇီး၊ ယူကေ၊ အိုင်ယာလန်၊ စပိန်၊ ဘယ်လ်ဂျီယမ်၊ ပိုလန်၊ Czech Republic ၊ ယူကရိန်း၊ ရုရှား၊ စင်္ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျပန်၊ သြစတေးလျ နဲ့ နယူးဇီယန်တို့မှာပဲ ရနိုင်သေးပါတယ်။

Aung Phyo Oo (Myanmar Mobile App)

Share on Facebook