Share on Facebook

Zawgyi Version

မနေ့ကတုန်းက Qualcomm ဟာ သူ့ရဲ့ Snapdragon 845 အကြောင်း ထုတ်ဖော်ပြသခဲ့တယ်လို့ ကျွန်တော်တို့ တင်ပြခဲ့ပါတယ်။ အဲဒီ chipset လေးဟာ modem ကို ကောင်းကောင်းအသုံးချနိုင်စေမယ့် နည်းပညာအသစ်တွေကိုလည်း အသုံးပြုထားပါတယ်။ အဲဒီ chipset ရဲ့ဦးတည်ချက်ကတော့ multi မီဒီယာ၊ VR ၊ လုံခြုံရေးစနစ်တို့ဖြစ်ပြီး နောက်နှစ် flagship စမတ်ဖုန်းတွေမှာ အသုံးပြုစေချင်တာ ဖြစ်ပါတယ်။

လုပ်ဆောင်မှုအဆင့်မြှင့်ခြင်း

Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play

Snapdragon 845 ဟာ Kryo 385 CPU ဖွဲ့စည်းပုံအသစ်ကို လုပ်ဆောင်ထားပြီးတော့ Adreno 630 GPU ကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။ အဲဒီ chip ကို Samsung ရဲ့ 10nm LPP EinFET ပေါ်မှာ တည်ဆောက်ထားတာဖြစ်လို့ အရင်တစ်ခုထက် ၁၀% လုပ်ဆောင်မှုမြင့်မားပြီး ၁၅% ပါဝါစားသက်သာစေမှာပါ။

မနှစ်ကလိုပဲ Kryo 385 ကတော့ Arm Cortex နည်းပညာကို အသုံးပြုထားပါတယ်။ ဒါကြောင့် Snapdragon 835 ထက် လုပ်ဆောင်ရည် ၂၅% ပိုကောင်းလာမယ်လို့ ပြောဆိုထားပါတယ်။

ကျွန်တော်တို့ ခန့်မှန်းထားတဲ့အတိုင်းပဲ ဒီဇိုင်းအသစ်ဟာ Arm ရဲ့ DyanmIQ နည်းပညာနဲ့ Cortex-A75 ၊ A55 CPU ဒီဇိုင်းတွေကို အခြေခံထားပါတယ်။ မမ်မိုရီကိုလည်း မျှဝေသုံးစွဲနိုင်မယ့် feature တွေလည်း ထည့်သွင်းအသုံးပြုထားပါတယ်။ performance core လေးလုံးဟာ 2.8 GHz အထိလုပ်ဆောင်နိုင်ပြီး energy efficient core လေးလုံးကတော့ 1.7 GHz အထိ စွမ်းဆောင်ပေးနိုင်ပါတယ်။ သူတို့တွေကို တူညီတဲ့အစုထဲမှာ ထားပြီးတော့ လုပ်ဆောင်မှုတွေကို အစီအစဉ်တကျဆွဲပြီး လုပ်ဆောင်နိုင်မှာဖြစ်သလို မမ်မိုရီနှောင့်နှေးမှုများ မရှိအောင်လည်း စီစဉ်ထားရှိပါတယ်။

  Snapdragon 845 Snapdragon 835 Snapdragon 821
CPU Core Semi-custom ARM Cortex – Kryo 385 Semi-custom ARM Cortex – Kryo 280 Fully-custom – Kryo
CPU Config 4x 2.8GHz (Cortex-A75)
4x 1.7GHz (Cortex-A55)
4x 2.45GHz (Cortex-A73)
4x 1.9GHz (Cortex-A53)
2x 2.35GHz Kryo
2x 1.6GHz Kryo
GPU Adreno 630 Adreno 540 Adreno 530
DSP Hexagon 685 with HVX Hexagon 682 with HVX Hexagon 680
Process 10nm LPP FinFET 10nm LPE FinFET 14nm LLP FinFET

Adreno 630 Visual Processing Subsystem လည်း ပါဝင်နေပါတယ်။ Adreno 540 ပေါ်မှာ ဂရပ်ဖစ်၊ ဗွီဒီယို rendering ၊ ပါဝါသုံးစွဲမှု လျော့ကျခြင်းတွေမှာလည်း ၃၀% လောက် ပိုမိုကောင်းမွန်လာစေမှာပါ။ Qualcomm ဟာ AR နဲ့ VR တိုးတက်ကောင်းမွန်မှုတွေကိုလည်း Snapdragon 845 ပေါ်မှာ လုပ်ဆောင်ထားပါသေးတယ်။ Adreno 630 ကတော့ 2K x 2K resolution ကို 120 Hz အထိ ထောက်ပံ့ပေးနိုင်ပြီး crisp & fluid display အတွက်လည်း အဆင်ပြေပါတယ်။

Resolution ကို လျှော့ချပေးခြင်းအားဖြင့် redering လုပ်တဲ့အခါမှာ လိုအပ်ချက်တွေကို နည်းပါးသွားအောင် လုပ်ဆောင်နိုင်စွမ်းတွေကိုလည်း Adreno foveation ရဲ့ အကူအညီနဲ့ ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် tile rendering ၊ eye tracking ၊ multiView rendering နဲ့ fine grain preemption စတဲ့လုပ်ဆောင်ချက်တွေကိုလည်း လုပ်ဆောင်နိုင်တော့မှာပါ။ Snapdragon 845 ဟာ room-scale 6 degrees of freedom (6DoF) of movement ကို simultaneous localization and mapping (SLAM) နဲ့ လုပ်ဆောင်နိုင်တဲ့ ပထမဆုံးသော မိုဘိုင်းလ် platform ဖြစ်လာပါတယ်။ ဒါကြောင့် wall-collision detection လိုမျိုး feature တွေကို အသုံးပြုနိုင်စေပါတယ်။

AI လုပ်ဆောင်နိုင်စွမ်း

Qualcomm ရဲ့ လုပ်ဆောင်ချက်ကို ပြောတဲ့နေရာမှာ AI မပါရင်လည်း ဆားမပါတဲ့ဟင်းစားရသလို ဖြစ်နေပါလိမ့်မယ်။ Snapdragon 845 ကတော့ Apple နဲ့ Huawei တို့လုပ်ဆောင်သလိုမျိုး AI ပရိုဆက်ဆာ လုပ်ဆောင်မလားဆိုတာကိုတော့ မပြောကြားသေးပါဘူး။ ဒါပေမယ့် power intelligent machine learning application ပေါင်းစပ်ဖွဲ့စည်းမှုနည်းလမ်းတွေကိုတော့ နှစ်ဆလောက်လျှော့ချထားပါတယ်။

လုပ်ဆောင်ရည်မှာဆိုရင်လည်း Snapdragon 845 ဟာ 835 ထက် AI အလုပ်တွေကို သုံးဆ မြန်ဆန်စေပါတယ်။ ဒါဟာ CPU နဲ့ GPU ပေါင်းစပ်မှုရဲ့ ရလဒ်ဖြစ်ပါတယ်။ ဒါပေပမယ့်လည်း Snapdragon 845 မှာ Hexagon 685 လို့ခေါ်တဲ့ third generation Vector DSP ကိုလည်း HVX နဲ့အတူ တွဲဖက်အသုံးပြုထားတာကို တွေ့မြင်ရမှာပါ။ ဒါကြောင့်မို့ AI နဲ့ ပုံရိပ်လုပ်ဆောင်မှုတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။

Qualcomm ဟာ Qualcomm Aqstic audio codec ဖြစ်တဲ့ WCD9341 ကို အသုံးပြုထားမယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် keyword detection မှာ ပါဝါစား သက်သာပြီးတော့ virtual assistant ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အားကောင်းလာစေပါတယ်။ dynamic range 130 dB ၊ -109 dB THD+N နဲ့ 32-bit / 384 kHz PCM ၊ DSD64/128 music playback စတဲ့ ထောက်ပံ့မှုတွေကိုလည်း ထည့်ပေးထားပါတယ်။

Snapdragon 845 ဟာ app ဖန်တီးသူတွေအတွက်လည်း machine learning အသုံးပြုခွင့် ပေးထားပါသေးတယ်။ Snapdragon Neural Processing Engine SDK ဟာ အခုဆိုရင် TensorFlow Lite နဲ့ Open Neural Network Exchange အပြင် original TensorFlow Facebook’s Caffe/Caffe2 စတာတွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။ Snapdragon 845 ဟာ Google ရဲ့ Nueral Networks API ကိုလည်း Android 8.1 အသုံးပြုနိုင်အောင် ထောက်ပံ့ထားပါသေးတယ်။

Multi မီဒီယာလုပ်ဆောင်နိုင်စွမ်း

Multi မီဒီယာအပိုင်းမှာတော့ Qualcomm ရဲ့ နောက်ဆုံးပေါ် Spectra image signal ပရိုဆက်ဆာဟာ ပြန်လည်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားပါတယ်။ Spectra 280 ISP အသစ်ဟာလည်း ဗွီဒီယိုရိုက်ကူးမှုလုပ်ဆောင်ချက်အသစ်များ၊ 480 fps slow motion 720p ၊ 16 megapixel အထိ 60 fps ဗွီဒီယိုရိုက်ကူးမှုများ လည်း ပါဝင်ပါသေးတယ်။ နောက်ပြီး high-dynamic range color information ကိုလည်း ၆၄ဆလောက်ပိုမို ရိုက်ကူးနိုင်စေမှာပါ။ ဒါ့အပြင် power efficient multi-frame noise reduction ၊ accelerated software image stabilization ၊ motion compensated temporal filtering ၊ CPU အတွက် ၀န်ပိစေမှုကို ကူညီဖြေရှင်းပေးနိုင်ခြင်းတွေုပါဝင်ပါသေးတယ်။ 10-bit HDR support ကလည်း ဒီအတိုင်းပါပဲ။ 4K/Ultra HD content တွေအတွက် 2020 gamut ကလည်း မျက်နှာပြင်ကို စွမ်းအားမြှင့်ပေးထားပါတယ်။

အရည်အသွေးမြင့် content တွေကို ဒေါင်းလုတ်ဆွဲ၊ မျှဝခြင်းများပြုလုပ်ဖို့ Snapdragon 845 ဟာ Wi-Fi modem နဲ့ X20 LTE modem ကိုလည်း gigabit data speed ထက် မြန်ဆန်အောင် လုပ်ဆောင်ထားပါတယ်။ X20 LTE modem ကတော့ 1.2 Gbps downloads ၊ 150 Mbps uploads ရနိုင်မှာပါ။ နောက်ပြီး unlicensed spectrum ၊ 5x carrier aggregation ၊ 4×4 MIMO ၊ dual SIM-dual VoLTE တို့အတွက်လည်း License Assisted Access (LAA) ကို ထောက်ပံ့ပေးထားပါသေးတယ်။ WiFi နဲ့ဆိုရင်လည်း diversity-enhanced 60 GHz 802.11ad Wi-Fi ပါဝင်လို့ multi-gigabit coverage ကို 4.6 Gbps အထိ ရစေပါတယ်။ နောက်ပြီး 802.11ac Wi-Fi နဲ့ ပေါင်းစပ်ထားလို့ connection setup ၊ simultaneous dual-band support  တို့ကို ၁၆ ဆ မြန်ဆန်စေပြီး capacity utilization ကိုလည်း ၃၀% ပိုကောင်းလာစေပါတယ်။ ဒေါင်းလုတ်ဆွဲမလား၊ တင်မလား အေးဆေးဖြစ်သွားပါပြီ။

  Snapdragon 845 Snapdragon 835 Snapdragon 821
Camera support 32MP single / 16MP dual
Hybrid AF, optical zoom, face detect, HDR video
28MP single / 14MP dual
Hybrid AF, HDR video
Video capture 4K UHD @ 60fps 4K UHD @ 30fps 4K UHD @ 30fps
Video playback 4K UHD @ 60fps, 10-bit H.264 (AVC) and H.265 (HEVC) 4K UHD @ 60fps, 10-bit H.264 (AVC) and H.265 (HEVC) 4K UHD @ 60fps, 10-bit H.264 (AVC) and H.265 (HEVC)
Charging Quick Charge 4+
(USB Type-C & USB Power Delivery support)
Quick Charge 4.0
(USB Type-C & USB Power Delivery support)
Quick Charge 3.0
Modem x20 LTE
1200 Mbps down
150 Mbps up
X16 LTE
1000 Mbps down
150 Mbps up
X12 LTE
600 Mbps down
150 Mbps up

လုံခြုံရေးနည်းစနစ်

Feature အသစ်တွေမိတ်ဆက်ခြင်းအပြင် Snapdragon 845 မှာ hardware isolated security subsystem ကိုလည်း မိတ်ဆက်ထားပါတယ်။ အဲဒါကိုတော့ Secure Processing Unit (SPU) လို့ ခေါ်ပါတယ်။ သူကတော့ biometric အချက်အလက်တွေကို vault လိုမျိုး သိမ်းပေးထားပါတယ်။ အဲဒီအချက်အလက်တွေထဲမှာ fingerprint ၊ iris ၊ face scan တွေ ပါဝင်မှာ ဖြစ်ပြီး Qualcomm ရဲ့ လက်ရှိလုံခြုံရေးနည်းပညာနဲ့ တွဲဖက်အသုံးပြုထားပါတယ်။ hardware ကိုတော့ သုံးစွဲသူနဲ့ application လုံခြုံရေးကီးတွေကို ကုဒ်ဖွက်ပြီး သိမ်းပေးထားမှာပါ။ ဒါကြောင့် စိတ်မချတဲ့အခြေအနေမျိုးကနေ ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် ငွေပေးချေတဲ့အချိန်မျိုးအတွက် ထိခိုက်မခံတဲ့ အချက်အလက်တွေကို ပိုမိုလုံခြုံသွားစေမှာပါ။

အားအမြန်သွင်းစနစ်ကလည်း ဒီအထဲမှာ ပါဝင်ပါတယ်။ Quick Charge 4+ ကို အဆင့်မြှင့်တင်ထားပြီး ၃၀% ပိုမိုမြန်ဆန်စေပါတယ်။ မနှစ်က Quick Charge 4 ထက် ၁၅% မြန်ဆန်စေပါတယ်။ နောက်ဆုံးတစ်ခုကတော့ Bluetooth 5 ကိုလည်း ထောက်ပံထားတော့ နောက်ဆုံးပေါ် ဆက်စပ်ပစ္စည်းတွေကိုလည်း ချိတ်ဆက်နိုင်ပြီပေါ့။ aptX နဲ့ aptX HD Bluetooth codec ထောက်ပံ့မှုကြောင့် အလန်းစား အသံတွေ ကြားရတော့မှာပါ။ Qualcomm ဟာ Bluetooth 5 hardware ကိုလည်း ကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။ ဒါကြောင့် ပါဝါစားအရမ်းသက်သာတဲ့ ကြိုးမဲ့ earbud ထောက်ပံ့မှု၊ ပစ္စည်းအများကြီးကို direct audio broadcast လုပ်နိုင်စွမ်း စတာတွေလည်း ပါဝင်မှာပါ။

၂၀၁၈ အတွက် အဆင်သင့်ဖြစ်နေ

Qualcomm ရဲ့ Snapdragon လမ်းကြောင်းကို အရင်နှစ်တွေကတည်းက ကြည့်နေတဲ့သူတစ်ယောက်ဆိုရင်တော့ 845 က အရမ်းရင်းနှီးနေတယ်လို့ ခံစားရမှာပါ။ ၂၅-၃၀% လုပ်ဆောင်ရည်ပိုကောင်းလာခြင်းဟာ အကောင်းဆုံးမဟုတ်သေးပါဘူး။ Qualcomm ရဲ့ အကြီးမားဆုံး အားသာချက်ကတော့ SoC ကောင်းကောင်းကို ၂၀၁၇ နဲ့ ၂၀၁၈ အတွက် စမတ်ဖုန်းတွေရဲ့ အဓိကရေစီးကြောင်းတွေနောက်ကို လိုက်နိုင်နေခြင်းပါပဲ၊ ဒါကြောင့်လည်း Snapdragon 845 ကို အမျိုးမျိုးသော လိုအပ်ချက်တွေကို ကိုင်တွယ်နိုင်စေဖို့အတွက် ထုတ်လုပ်ထားပါ။ machine learning ၊ virtual & mixed reality ကို ပါဝါနည်းနည်းနှင့် သုံးနိုင်ခြင်း၊ pre 5G အမြန်နှုန်းအထိ တိုးတက်လာနိုင်ခြင်း၊ အရည်အသွေးမြင့် multi မီဒီယာရိုက်ကူး၊ ထုတ်လွှင့်နိုင်ခြင်း စတာတွေကိုလည်း ဖုန်းအတော်များများနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားပါတယ်။

Snapdragon 845 ဟာ လက်ရှိမှာတော့ သုံးစွဲသူတွေကို နမူနာ ပြသနေပြီး ၂၀၁၈ မှာ ဖြန့်ချိနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ Xiaomi ကတော့ 845 ကို နောက်နှစ်ထုတ်လုပ်မယ့် flagship မှာ သုံးမယ်လို့ အတည်ပြုပြီးသွားပါပြီ။ မကြာခင် Samsung ၊ LG နဲ့ အခြားထုတ်လုပ်သူတွေဆီကနေလည်း ကြားလာရနိုင်ပါတယ်။

Aung Phyo Oo (Myanmar Mobile App)

Share on Facebook