Share on Facebook

Zawgyi Version

Creative Strategies ရဲ႕ စစ္တမ္းေကာက္ယူခ်က္အရ Android သံုုးစြဲသူ ၁၀၀၀ ေက်ာ္ကို iPhone ေျပာင္းကိုင္ဖို႕ စဥ္းစားေနသလားဆိုတာကို ေမးျမန္းၾကည့္ခဲ့ပါတယ္။ ေျပာင္းခ်င္တယ္ဆိုတာကေတာ့ အသစ္အဆန္း ျဖစ္ေနတာေတာ့ မဟုတ္ပါဘူး။ ေျပာင္းခ်င္တဲ့သူေတြက ၃၀% ေလာက္ရွိေနတာကို ေတြ႕ရပါတယ္။ ဒီေတာ့ သူတို႕က ဘာေၾကာင့္မ်ား ေျပာင္းခ်င္ရတာလဲ။

ဒီေတာ့ ဘာေၾကာင့္လဲဆိုတာကို စစ္တမ္းေကာက္သူေတြအေနနဲ႕ သိရွိေအာင္ ၾကိဳးစားၾကပါေတာ့တယ္။ ဒါက ထူးဆန္းတဲ့အေျဖတစ္ခု မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သံုးစြဲသူတစ္ခ်ိဳ႕ဟာ ကိုယ္ရပ္ေနတဲ့တစ္ဖက္ရဲ႕ အျခားတစ္ဖက္မွာ ဘာရွိသလဲဆိုတာ သိခ်င္ၾကတာပါ။ ဒီေတာ့ Apple သံုးစြဲသူတစ္ေယာက္က Android သမားကို ျမင္တဲ့အျမင္ကို သူတို႕ ျမင္ၾကည့္ခ်င္ၾကတာပါ။

Myanmar Mobile App ကုိ iOS ႏွင့္ Android အတြက္ရရွိနုိင္ပါျပီ Google Play

ေသခ်ာေလ့လာၾကည့္တဲ့အခါမွာေတာ့ အေျခအေနသံုးရပ္ကို ေတြ႕ရွိခဲ့ၾကပါတယ္။ ပထမတစ္ခုကေတာ့ လံုျခံဳေရးနည္းပညာပါပဲ။ Android ရဲ႕ open-source သဘာ၀ဟာ သံုးစြဲသူေတြကို စိတ္ေက်နပ္ေစေပမယ့္ လံုျခံဳေရးနဲ႕ပတ္သတ္လို႕ကေတာ့ မေက်နပ္ၾကပါဘူး။ သူတို႕ဟာ Apple လို OS ကို ပိတ္ထားတာကို သေဘာက်ၾကပါတယ္။ ဒါဟာ သံုးစြဲသူကို ေရြးခ်ယ္ခြင့္နည္းသြားေစေပမယ့္လည္း Apple ဟာ လံုျခံဳမႈကို ေပးႏုိင္တယ္လို႕ သူတုိ႕က ယူဆၾကပါတယ္။

ေနာက္တစ္ခုကေတာ့ Apple ရဲ႕ mobile platform ဟာ ဆက္လက္သြားေနတဲ့ စနစ္ပါပဲ။ ဒါေၾကာင့္ သံုးစြဲသူေတြကို password ၊ ဓါတ္ပံုနဲ႕ အခ်က္အလက္ေတြကို အျခားေသာ Apple ထုတ္ကုန္ေတြမွာလည္း သံုးခြင့္ရႏုိင္ပါတယ္။ Android မွာလည္း ဒီလိုfeature ေတြရွိေပမယ့္ Apple ေလာက္ မေသသပ္သလို မေကာင္းမြန္ပါဘူး။

ေနာက္ဆံုးတစ္ခုကေတာ့ Apple ရဲ႕ customer service နဲ႕ support ကို ၾကိဳက္တာပါ။ တကယ္လို႕ သင္က Android သံုးစြဲသူတစ္ေယာက္ဆိုရင္ေတာ့ ဖုန္းေတြေရြးခ်ယ္စရာ အမ်ားၾကီးရွိသလို သင့္ဖုန္းအေပၚမူတည္ျပီးေတာ့ ထုတ္လုပ္သူေတြနဲ႕ ပတ္သတ္ရေတာ့မွာပါ။ Apple ကေတာ့ Genius Bar ကေန ဆက္သြယ္လိုက္ရံုပါပဲ။

Android နဲ႕ IOS ၾကားက ျငင္းခုံမႈေတြကေတာ့ ဆက္လက္ရွိေနဦးမွာပါပဲ။ ဒါေပမယ့္ ရွင္းလင္းတာတစ္ခုကေတာ့ Android သံုးစြဲသူရဲ႕သိသာထင္ရွားတဲ့ပမာဏတစ္ခုက ေျပာင္းလဲခ်င္ေနျပီ ဆိုတာပါပဲ။

Unicode Version

Creative Strategies ရဲ့ စစ်တမ်းကောက်ယူချက်အရ Android သုံုးစွဲသူ ၁၀၀၀ ကျော်ကို iPhone ပြောင်းကိုင်ဖို့ စဉ်းစားနေသလားဆိုတာကို မေးမြန်းကြည့်ခဲ့ပါတယ်။ ပြောင်းချင်တယ်ဆိုတာကတော့ အသစ်အဆန်း ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ပြောင်းချင်တဲ့သူတွေက ၃၀% လောက်ရှိနေတာကို တွေ့ရပါတယ်။ ဒီတော့ သူတို့က ဘာကြောင့်များ ပြောင်းချင်ရတာလဲ။
ဒီတော့ ဘာကြောင့်လဲဆိုတာကို စစ်တမ်းကောက်သူတွေအနေနဲ့ သိရှိအောင် ကြိုးစားကြပါတော့တယ်။ ဒါက ထူးဆန်းတဲ့အဖြေတစ်ခု မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတစ်ချို့ဟာ ကိုယ်ရပ်နေတဲ့တစ်ဖက်ရဲ့ အခြားတစ်ဖက်မှာ ဘာရှိသလဲဆိုတာ သိချင်ကြတာပါ။ ဒီတော့ Apple သုံးစွဲသူတစ်ယောက်က Android သမားကို မြင်တဲ့အမြင်ကို သူတို့ မြင်ကြည့်ချင်ကြတာပါ။
သေချာလေ့လာကြည့်တဲ့အခါမှာတော့ အခြေအနေသုံးရပ်ကို တွေ့ရှိခဲ့ကြပါတယ်။ ပထမတစ်ခုကတော့ လုံခြုံရေးနည်းပညာပါပဲ။ Android ရဲ့ open-source သဘာဝဟာ သုံးစွဲသူတွေကို စိတ်ကျေနပ်စေပေမယ့် လုံခြုံရေးနဲ့ပတ်သတ်လို့ကတော့ မကျေနပ်ကြပါဘူး။ သူတို့ဟာ Apple လို OS ကို ပိတ်ထားတာကို သဘောကျကြပါတယ်။ ဒါဟာ သုံးစွဲသူကို ရွေးချယ်ခွင့်နည်းသွားစေပေမယ့်လည်း Apple ဟာ လုံခြုံမှုကို ပေးနိုင်တယ်လို့ သူတို့က ယူဆကြပါတယ်။
နောက်တစ်ခုကတော့ Apple ရဲ့ mobile platform ဟာ ဆက်လက်သွားနေတဲ့ စနစ်ပါပဲ။ ဒါကြောင့် သုံးစွဲသူတွေကို password ၊ ဓါတ်ပုံနဲ့ အချက်အလက်တွေကို အခြားသော Apple ထုတ်ကုန်တွေမှာလည်း သုံးခွင့်ရနိုင်ပါတယ်။ Android မှာလည်း ဒီလိုfeature တွေရှိပေမယ့် Apple လောက် မသေသပ်သလို မကောင်းမွန်ပါဘူး။
နောက်ဆုံးတစ်ခုကတော့ Apple ရဲ့ customer service နဲ့ support ကို ကြိုက်တာပါ။ တကယ်လို့ သင်က Android သုံးစွဲသူတစ်ယောက်ဆိုရင်တော့ ဖုန်းတွေရွေးချယ်စရာ အများကြီးရှိသလို သင့်ဖုန်းအပေါ်မူတည်ပြီးတော့ ထုတ်လုပ်သူတွေနဲ့ ပတ်သတ်ရတော့မှာပါ။ Apple ကတော့ Genius Bar ကနေ ဆက်သွယ်လိုက်ရုံပါပဲ။
Android နဲ့ IOS ကြားက ငြင်းခုံမှုတွေကတော့ ဆက်လက်ရှိနေဦးမှာပါပဲ။ ဒါပေမယ့် ရှင်းလင်းတာတစ်ခုကတော့ Android သုံးစွဲသူရဲ့သိသာထင်ရှားတဲ့ပမာဏတစ်ခုက ပြောင်းလဲချင်နေပြီ ဆိုတာပါပဲ။

Aung Phyo Oo (Myanmar Mobile App)

Share on Facebook