Share on Facebook

Zawgyi Version

သူတို႕ႏွစ္္ေယာက္စလံုးဟာ Google နဲ႕ အတူတူအလုပ္လုပ္ေနၾကျပီးေတာ့ Android Oreo Go edition အတြက္ ပရိုဆက္ဆာေတြ ထုတ္ႏုိင္ဖို႕ ၾကိဳးစားေနၾကပါတယ္။

Qualcomm ကလည္း Snapdragon မိုဘိုင္းလ္ platform ကို Windows-based laptop ေတြအတြက္ ထုတ္လုပ္မယ္လို႕ ေျပာၾကားခဲ့ျပီး Snapdragon 845 ကိုလည္း ျပသခဲ့ပါတယ္။

Myanmar Mobile App ကုိ iOS ႏွင့္ Android အတြက္ရရွိနုိင္ပါျပီ Google Play

ဒါ့အျပင္ Android Oreo Go edition အတြက္လည္း ျပင္ဆင္ေနပါတယ္။ မသိေသးဘူးဆိုရင္ ထပ္ေျပာျပခ်င္ပါတယ္။ သူကေတာ့ Android ရဲ႕ ေပါ့ပါးတဲ့ ဗားရွင္းတစ္ခု ျဖစ္ပါတယ္။ RAM ပမာဏနည္းတဲ့ဖုန္းေတြအတြက္ ရည္ရြယ္ျပီးထုတ္ထားတာ ျဖစ္ပါတယ္။ ယူအက္စ္လိုေစ်းကြက္မွာေတာ့ အဆင္မေျပႏုိင္ေပမယ့္လည္း ဖြံ႕ျဖိဳးဆဲႏုိင္ငံေတြအတြက္ကေတာ့ အေရးပါတယ္ဆိုတာ ျငင္းလို႕မရပါဘူး။

Qualcomm ကေတာ့ Google နဲ႕ပူးေပါင္းျပီး RAM 1GB ထက္နည္းတဲ့ စမတ္ဖုန္းေတြအတြက္ ေကာင္းမြန္တဲ့ခံစားမႈေတြ ေပးစြမ္းႏုိင္ဖို႕ လုပ္ေဆာင္ေနပါ္တယ္။ Android 8.1 Oreo ဟာ Open Source Project အတြက္ ထြက္ရွိျပီးတာနဲ႕ တန္ဖိုးနည္း၊ တန္ဖိုးသင့္ဖုန္းေတြအတြက္ Qualcomm Snapdragon mobile platform ကလည္း ထုတ္လုပ္သူေတြအတြက္ မဆိုင္းမတြ ထုတ္ေပးမယ္လို႕ သိရပါတယ္။

ကံေကာင္းတာက Qualcomm တစ္ဦးတည္းကပဲ Google ရဲ႕ တြဲလုပ္ေနတာ မဟုတ္ပါဘူး။ MediaTek ကလည္း Google နဲ႕ ပူးေပါင္းထားပါတယ္။ MT6739 ၊ MT 6737 ၊ MT6580 ပရိုဆက္ဆာေတြနဲ႕ အျခားေသာပရိုဆက္ဆာေတြလညး္ Android Oreo Go edition ကို တင္ႏုိင္ေတာ့မယ္လို႕ သိရပါတယ္။ Android Oreo Go edition ကို ျမန္ဆန္စြာအသံုးခ်ႏုိင္ေရး ၊ ျမန္ဆန္စြာ ေစ်းကြက္၀င္ေရးတို႕အတြက္ ပူးေပါင္းၾကိဳးစားေနၾကတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ RAM ပမာဏ 512MB ကေန 1GB ရွိရံုနဲ႕ လံုျခံဳစိတ္ခ်ရျပီး တတ္ႏုိင္တဲ့ေစ်းနဲ႕ ခံစားမႈအေကာင္းေတြကို ရရွိေတာ့မွာပါ။

MediaTek ရဲ႕ အေထြေထြမန္ေနဂ်ာကေတာ့ Google ရဲ႕ Android Oreo Go edition နဲ႕ MediaTek ရဲ႕ chipset ေတြကို ေပါင္းစပ္လိုက္ရင္ မမ္မိုရီနည္းတဲ့ဖုန္းေတြအတြက္ လုပ္ေဆာင္ရည္စိန္ေခၚမႈေတြကို ေျဖရွင္းေပးႏုိင္္လိမ့္မယ္၊ အိႏိၵယ၊ အေရွ႕အလယ္ပုိင္း၊ လက္တင္အေမရိက၊ အေရွ႕ေတာင္အာရွလို ေစ်းကြက္ၾကီးတဲ့ေနရာမွာလည္း သံုးစြဲသူေတြရဲ႕ အေတြ႕အၾကံဳကို ျမွင့္တင္ေပးႏုိင္္လိမ့္မယ္လို႕ ဆိုပါတယ္။

Google ရဲ႕ Android Oreo Go edition ဟာ တန္ဖိုးနည္းဖုန္းေတြအတြက္ လိုအပ္တဲ့အေျဖတစ္ခုလို႕ ထင္ပါသလား။ ဒါမွမဟုတ္ Android ရဲ႕ ကြဲျပားေနတဲ့ ျပႆနာကိုပဲ ပိုျပီးဆိုးလာေစမလား။

Unicode Version

သူတို့နှစ်ယောက်စလုံးဟာ Google နဲ့ အတူတူအလုပ်လုပ်နေကြပြီးတော့ Android Oreo Go edition အတွက် ပရိုဆက်ဆာတွေ ထုတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
Qualcomm ကလည်း Snapdragon မိုဘိုင်းလ် platform ကို Windows-based laptop တွေအတွက် ထုတ်လုပ်မယ်လို့ ပြောကြားခဲ့ပြီး Snapdragon 845 ကိုလည်း ပြသခဲ့ပါတယ်။
ဒါ့အပြင် Android Oreo Go edition အတွက်လည်း ပြင်ဆင်နေပါတယ်။ မသိသေးဘူးဆိုရင် ထပ်ပြောပြချင်ပါတယ်။ သူကတော့ Android ရဲ့ ပေါ့ပါးတဲ့ ဗားရှင်းတစ်ခု ဖြစ်ပါတယ်။ RAM ပမာဏနည်းတဲ့ဖုန်းတွေအတွက် ရည်ရွယ်ပြီးထုတ်ထားတာ ဖြစ်ပါတယ်။ ယူအက်စ်လိုဈေးကွက်မှာတော့ အဆင်မပြေနိုင်ပေမယ့်လည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ကတော့ အရေးပါတယ်ဆိုတာ ငြင်းလို့မရပါဘူး။
Qualcomm ကတော့ Google နဲ့ပူးပေါင်းပြီး RAM 1GB ထက်နည်းတဲ့ စမတ်ဖုန်းတွေအတွက် ကောင်းမွန်တဲ့ခံစားမှုတွေ ပေးစွမ်းနိုင်ဖို့ လုပ်ဆောင်နေပါ်တယ်။ Android 8.1 Oreo ဟာ Open Source Project အတွက် ထွက်ရှိပြီးတာနဲ့ တန်ဖိုးနည်း၊ တန်ဖိုးသင့်ဖုန်းတွေအတွက် Qualcomm Snapdragon mobile platform ကလည်း ထုတ်လုပ်သူတွေအတွက် မဆိုင်းမတွ ထုတ်ပေးမယ်လို့ သိရပါတယ်။
ကံကောင်းတာက Qualcomm တစ်ဦးတည်းကပဲ Google ရဲ့ တွဲလုပ်နေတာ မဟုတ်ပါဘူး။ MediaTek ကလည်း Google နဲ့ ပူးပေါင်းထားပါတယ်။ MT6739 ၊ MT 6737 ၊ MT6580 ပရိုဆက်ဆာတွေနဲ့ အခြားသောပရိုဆက်ဆာတွေလည်း Android Oreo Go edition ကို တင်နိုင်တော့မယ်လို့ သိရပါတယ်။ Android Oreo Go edition ကို မြန်ဆန်စွာအသုံးချနိုင်ရေး ၊ မြန်ဆန်စွာ ဈေးကွက်ဝင်ရေးတို့အတွက် ပူးပေါင်းကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် RAM ပမာဏ 512MB ကနေ 1GB ရှိရုံနဲ့ လုံခြုံစိတ်ချရပြီး တတ်နိုင်တဲ့ဈေးနဲ့ ခံစားမှုအကောင်းတွေကို ရရှိတော့မှာပါ။
MediaTek ရဲ့ အထွေထွေမန်နေဂျာကတော့ Google ရဲ့ Android Oreo Go edition နဲ့ MediaTek ရဲ့ chipset တွေကို ပေါင်းစပ်လိုက်ရင် မမ်မိုရီနည်းတဲ့ဖုန်းတွေအတွက် လုပ်ဆောင်ရည်စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်း၊ လက်တင်အမေရိက၊ အရှေ့တောင်အာရှလို ဈေးကွက်ကြီးတဲ့နေရာမှာလည်း သုံးစွဲသူတွေရဲ့ အတွေ့အကြုံကို မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
Google ရဲ့ Android Oreo Go edition ဟာ တန်ဖိုးနည်းဖုန်းတွေအတွက် လိုအပ်တဲ့အဖြေတစ်ခုလို့ ထင်ပါသလား။ ဒါမှမဟုတ် Android ရဲ့ ကွဲပြားနေတဲ့ ပြဿနာကိုပဲ ပိုပြီးဆိုးလာစေမလား။

Aung Phyo Oo (Myanmar Mobile App)

Share on Facebook