Zawgyi Version



Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play





Unicode Version

Google Maps အဖွဲ့က မဆိုစလောက်လေးဆိုပေမယ့် အသုံးဝင်မယ့် update တစ်ခုကို ပြုလုပ်လိုက်ပါတယ်။ တကယ်လို့သင်က အများသုံးပို့ဆောင်ရေးတစ်ခုကို အသုံးပြုနေတယ်ဆိုရင်ပေါ့။ သင့်ကို သင်ဆင်းရမယ့် မှတ်တိုင်ရောက်ရင် ပြောပြပေးပါလိမ့်မယ်။
တစ်နည်းပြောရမယ်ဆိုရင်တော့ သင့်အနေန့ မောင်းနှင်ခြင်း ဒါမှမဟုတ် လမ်းလျှောက်ခြင်းအတွက် navigation mode ကို ဖွင့်ထားမယ်ဆိုရင်တော့ မှတ်တိုင်အကြောင်း တစ်ဆင့်ချင်း ပြောပြပေးမှာပါ။ ဒီတော့ Citymapper လိုမျိုးနဲ့ ဆင်နေပါတယ်။
လမ်းညွှန်ချက်လေးတွေဟာ lock screen မှာ ပေါ်နေမှာဖြစ်ပြီးတော့ သင်နဲ့ဆက်သွယ်မှုပြတ်သွားမှာ မစိုးရိမ်ရတော့ပါဘူး။ သင့်လမ်းခရီးတစ်လျှောက် ဘာလုပ်ရမလဲဆိုတာကို တစ်ဆင့်ချင်း ကြည့်သွားရုံပါပဲ။
Google ဟာ ဒီ update ကို တရားဝင်မကြေညာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းမယ်လို့တော့ သိရပါတယ်။ ဒါကြောင့် Android သုံးစွဲသူတွေကတော့ အရင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး iOS အတွက်လည်း ရလာနိုင်ပါတယ်။
သင့်ရဲ့ တည်နေရာကို အချိန်နဲ့အမျှ မျှဝေခြင်းအားဖြင့် သင့်ရဲ့ အကြိုက်ဆုံးနေရာစာရင်း တည်ဆောက်နိုင်မှာ ဖြစ်သလို Google ဟာ မိုဘိုင်းလ်အသုံးပြုမှု လွယ်ကူစေအောင် ပြုပြင်မှုလေးတွေလည်း စမ်းသပ်နေပါသေးတယ်။ နောက်ပြီး သူတို့ဘယ်နေရာမှာ ရပ်ခဲ့သလဲ၊ ကားထားခဲ့သလဲဆိုတာကို မှတ်မိနိုင်အောင်လုပ်ပေးဖို့ feature တွေလည်း စမ်းသပ်နေပါတယ်။
Feature အသစ်တွေကတော့ မြို့အသစ်ကို ရောက်သွားတဲ့အချိန် အများသုံးယာဉ်လိုင်းတွေကို အသုံးပြုတဲ့အချိန်မှာ အလွန်ကို အသုံးဝင်မှာ ဖြစ်ပါတယ်။ သွားရမယ့်လမ်းတွေများနေလို့ ဘယ်လိုသွားရမလဲမသိရင်၊ လမ်းပျောက်နေရင် အသုံးပြုနိုင်မှာပါ။

Aung Phyo Oo (Myanmar Mobile App)