ဂိမ်းထုတ်လုပ်သူများဟာ စိတ်လှုပ်ရှားစရာ platform အသစ်တွေကို CES မှာ ပြသခဲ့ပါတယ်။

  • Augmented reality နဲ့ virtual reality စနစ်တွေဟာ ပြပွဲမှာ အတော်လေး လူကြိုက်များခဲ့ပါတယ်။
  • 3D Rudder လို့ခေါ်တဲ့ VR လှုပ်ရှားမှုကို ခြေထောက်နဲ့ ထိန်းချုပ်နိုင်တဲ့ကိရိယာ
  • ပိုကောင်းမွန်တဲ့ အားကစားသမားဖြစ်စေမယ့် စနစ်များ ဒါမှမဟုတ် ဒရုန်းတွေဘာမြင်သလဲဆိုတာကို ကြည့်ခြင်း

စိတ်လှုပ်ရှားစရာကောင်းမွန်တဲ့ ဂိမ်းစနစ်အသစ်တွေဟာ ကစားသူရဲ့အတွေ့အကြုံကို နောက်ထပ်အဆင့်တစ်ခုထိရောက်အောင် မြှင့်တင်ပေးတာ ဖြစ်ပါတယ်။ virtual နဲ့ augmented reality ကအစပြုလို့ အိမ်တွင်းစက်ရုပ်တိုက်ခိုက်မှုတွေအထိ ဖြစ်ပါတယ်။

Myanmar Mobile App ကို iOS နှင့် Android အတွက်ရရှိနိုင်ပါပြီ Google Play

Square Off ကတော့ သူ့ရဲ့လူကြိုက်များတဲ့ AI chess board လေးကို ပြသခဲ့ပါတယ်။ ဖျောက်ထားတဲ့ စက်ရုပ်လက်နဲ့ သံလိုက်တွေက အရုပ်တွေကို ရွေ့လျားစေတဲ့အတွက်ကြောင့် ဟယ်ရီပေါ်တာထဲက chess board ကိုတောင် မြင်ယောင်စေနိုင်ပါတယ်။

Drone Interactive ကတော့ ဒရုန်းနဲ့ VR တို့ပေါင်းစပ်ပြီးတော့ ဒရုန်းပျံသွားရာလမ်းတစ်လျှောက်ကမြင်ကွင်းတွေကို သင့်ကိုပြသပေးမှာဖြစ်လို့ လေပေါ်မှာပျံနေရတဲ့ ခံစားချက်ကို ရရှိစေနိုင်ပါတယ်။

ဒီဂိမ်းအသစ်တွေကတော့ CES မှာ ပြသခဲ့တဲ့ ဆန်းသစ်တီထွင်မှုတွေ ဖြစ်ပါတယ်။

တချို့ကတော့ ဖျော်ဖြေရေးအတွက် သီးသန့်မဟုတ်ပါဘူး။ Sense Arena ဆိုရင် HTC Vive နဲ့ ချိတ်ဆက်ထားတဲ့ကျောပိုးအိတ်လေးဟာ သင့်ရဲ့ဟော်ကီစွမ်းရည်ကို ပိုမိုတိုးတက်စေပါတယ်။

သူတို့ရဲ့စမတ်ဟော်ကီချောင်းလေးနဲ့ သင့်ရဲ့လုပ်ဆောင်ချက်တွေကို ဂိမ်းထဲမှာ ဘယ်လိုအသုံးပြုရမလဲဆိုတာ ပြသပေးခဲ့ပါတယ်။ သူကတော့ အမျိုးမျိုးသောအခြေအနေတွေအတွက် ကစားသူတစ်ယောက်ဟာ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို သင်ပြပေးပါတယ်။ ဖန်တီးရတဲ့ ရည်ရွယ်ချက်ကတော့ ဂိမ်းကစားရင်းနဲ့ လက်တွေ့စွမ်းရည်တွေကို သင်ယူနိုင်စေဖို့ပါ။

နောက်ထပ်တစ်ခုကတော့ 3D Rudder လို့ခေါ်တဲ့ footpad-style joystick လေးနဲ့အတူ virtual reality ထဲက သင့်ရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်စေတဲ့ ကိရိယာလေး ဖြစ်ပါတယ်။

အဲဒီစနစ်ဟာ VR ဂိမ်းထဲက လုပ်ဆောင်ချက်အားလုံးအတွက် အသုံးပြုနိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လမ်းလျှောက်ခြင်း၊ ပြေးခြင်းကစလို့ ပျံသန်းခြင်းအထိ အသုံးပြုနိုင်ပါတယ်။

Drone Interactive စနစ်ကတော့ ဖျော်ဖြေရေးနယ်ပယ်အများစုအတွက် ဒီဇိုင်းထုတ်ထားတာပါ။သူ့မှာတော့ ဒရုန်းအသေးနှစ်ခုကို အသုံးပြုထားပြီးတော့ Xbox controller နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ VR headset နဲ့ဆိုရင် ဒရုန်းနေရာကနေ ခံစားတွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် သင်ပစ်ချရမယ့် virtual bugs တွေကိုလည်း မြင်ရမှာဖြစ်ပါတယ်။

ပျက်ကျမှာကိုတော့ စိတ်ပူစရာမလိုအပ်ပါဘူး။ စနစ်ဟာ virtual အမိုးနဲ့ virtual နံရံတွေကို အသုံးပြုထားတာမို့ ထိမိလည်း စိတ်မပူပါနဲ့။ virtual reality တင်မဟုတ်ဘဲ augmented reality ကိုလည်း လုပ်ဆောင်ပေးထားပါတယ်။

Mekamon ကတော့ ပင့်ကူစက်ရုပ်တွေနဲ့ တိုက်ခိုက်ခြင်းကို ပြသခဲ့ပါတယ်။ သူတို့ကို စမတ်ဖုန်းကတစ်ဆင့်ထိန်းချုပ်နိုင်ပါတယ်။ ပင့်ကူတွေကို အင်တာနာအသေးကနေပြီးတော့ မျက်နှာပြင်ကိုသူတို့ရဲ့လုပ်ဆောင်ချက်အသေးစိတ်ကို special effect တွေ ပြသပေးမှာ ဖြစ်ပါတယ်။ အဲဒီ ဒေါ်လာ ၃၀၀ တန်စက်ရုပ်တွေကတော့ Bristol အခြေစိုက်လုပ်ငန်းတစ်ခုဖြစ်တဲ့ Reach Robotics က ထုတ်လုပ်တာဖြစ်ပါတယ်။ သူတို့မှာ ခြေထောက်၊ ဒိုင်းတွေ၊ လက်နက်တွေလည်း ပါဝင်ပါတယ်။

Square Off ပြသထားတဲ့ AI ‘magic’ chessboard ကတော့ chess ဂိမ်းတွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။

ဒေါ်လာ၂၀၀တန် AI ‘magic’ chessboard ရဲ့ အလုပ်လုပ်ပုံ

Square Off ကတော့ စက်ရုပ်လက်၊ ဘုတ်ရဲ့အောက်က သံလိုက်ခေါင်းလေးနဲ့အတူ AI စနစ်ကို လုပ်ဆောင်တာဖြစ်ပြီးတော့ သံလိုက် chess အရုပ်လေးတွေကို ရွေ့လျားစေပါတယ်။ ကစားသူတွေဟာ သူတို့ရဲ့စမတ်ဖုန်းထဲက app ကနေတစ်ဆင့်ချိတ်ဆက်ပြီးတော့ အရုပ်တွေကို ရွှေ့တာ၊ တခြားကစားသမားက ရွှေ့တာကို ကြည့်တာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။ တကယ်လို့ ပြိုင်ဘက်အရုပ်ကို စားလိုက်နိုင်ပြီဆိုရင်တော့ သင့်ရဲ့အနိုင်ရတဲ့အရုပ်လေးက ဘုတ်ရဲ့ဘေးကို ရောက်သွားမှာပါ။ Bluetooth BLE နဲ့ AtMega 2560 chip တို့ကြောင့် စမတ်ဖုန်းနဲ့ ချို့ယွင်းချက်မဲ့ ချိတ်ဆက်မှုတွေကို လုပ်ဆောင်စေနိုင်ပါတယ်။ ပြီးတော့ ကုဒ်ဖွက်တာတွေလည်း လုပ်ဆောင်နိုင်ပါတယ်။

AI ဟာ လေ့ကျင့်စေနိုင်ဖို့အတွက် လယ်ဗယ်၂၀အထိ ထောက်ပံ့ပေးထားပါတယ်။ Chess အရုပ်တွေဟာ သူ့ဘာသာရွေ့လျားနေတာကို သရုပ်ပြသချိန်မှာ ရင်သပ်ရှုမောစွာနဲ့ တွေ့မြင်ခဲ့ရပါတယ်။

အဲဒီ app အခြေခံဂိမ်းလေးဟာ remote ကစားသူတွေနဲ့ ကစားနိုင်စေမှာဖြစ်သလို၊ stream professional game တွေကိုလည်း ကစားစေနိုင်ပါတယ်။ နောက်ပြီး လုပ်ဆောင်ချက်တွေကိုလည်း အနီးကပ်တွေ့မြင်ရစေမှာ ဖြစ်ပါတယ်။

သင်တစ်ယောက်တည်းလည်း ကစားနိုင်ပါတယ်။ ဒါပေမယ့် Grandmaster စွမ်းရည်အဆင့်အထိ စက်ရုပ်က ကစားနိုင်တယ်လို့ ပြောကြားထားတာမို့ အလုပ်ပျက်တော့ မခံနဲ့ဦးနော်။